Press "Enter" to skip to content

AA က မီးရှို့တဲ့ပြစ်မှုကို ဖုံးကွယ်နိုင်ဖို့ ရိုဟင်ဂျာတွေကို ပြန်ပေးဆွဲနှိပ်စက်ပြီး ရွေးနုတ်ဖိုးတောင်း

ဒီဇင်ဘာလ ၃၀ ၊ ၂၀၂၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ကင်းဒါးကျေးရွာရဲ့ ရိုဟင်ဂျာပိုင် စပါးစည်းလှိုင်းတွေကို AA မှ မီးရှို့ဖျက်ဆီးတဲ့ ပြစ်မှုကို ဖုံးကွယ်နိုင်ဖို့ အပြစ်မဲ့ရိုဟင်ဂျာတွေအား ဖမ်းဆီးခေါ် ဆောင်သွားကာ လူမဆန်နှိပ်စက်ပြီး ရွေးနုတ်ဖိုး တောင်းယူပြီးမှ တချို့ကို လွတ်ပေးခဲ့ ကြောင်း သိရပါတယ်။

ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ကင်းဒါးကျေးရွာရဲ့ ရိုဟင်ဂျာပိုင် စပါးစည်းလှိုင်းတွေ မီးရှို့မှုနဲ့ပတ်သက်ပြီး ဦးကျော်သာစည်ကျေးရွာရှိ AA အဖွဲ့က ဒီဇင်္ဘာလ ၂၄ ရက်နေ့ (သောကြာနေ့)တွင်  ဖိုးခေါင်ချောင်းကျေးရွာအုပ်စု ကင်းဒါးကျေးရွာမှ အီလီယာစ်(ဘ)ဦး အာစ်လာမ်(၁၅)နှစ်၊ ဘာရှားယာ(ဘ)ဦးမော်နိရ်အာမတ် (၂၀)နှစ်၊ မာမတ် အာမိန်(ဘ)ဦး ယာဆိန်း (၁၅)နှစ်၊ ဇော်ကော်ရီယာ(ဘ)ဦးအိုလာမျှာ (၄၅)နှစ် တို့လေးဦးကို ပြန်ပေးဆွဲ ခဲ့ကြောင်း ရွာသားတစ်ဦးက ပြောပါတယ်။

တဖန် စနေနေ့တွင် မာမတ်တူဆောင်း (ဘ) ဦးဇောမိလ်ဟူးဆောင်း (၂၉)နှစ်၊ တနင်္ဂ နွေနေ့တွင် ဟိုက်ရိုလ် အာမိန်(ဘ)ဦး ဘော်ရှောတ်အာလီ( ၃၉)နှစ်တို့ကိုလည်း ပြန်ပေးဆွဲ ခဲ့ပြီး ၎င်းရိုဟင်ဂျာ ၆ ဦးကို AA အကြမ်းဖက် သမားတွေက အလွန်အမင်း ရိုက်နှက်နှိပ် စက်ခဲ့ကြောင်း၊  နောက်နေ့ တနင်္လာနေ့တွင် မာမတ်အာမိန်၊ ဇော်ကော်ရီ ယာ၊ ဘာရှားယားတို့ သုံးဦးကို ရွေးနုတ်ဖို့တောင်းယူပြီးမှ လွှတ်ပေးလိုက် ကြောင်း။

အကျန်သုံးဦးကို ငွေကျပ် ၂၅ သိန်းပေးလျှင်လွှတ်ပေးမည်ဟုပြောဆိုတဲ့အတွက် မိသား စုများက ရရာနည်းဖြင့်ငွေရှာ ယူပြီး AA အဖွဲ့ဝင်များတံ သွားရောက်ပေမဲ့ ၎င်းတိုအား လွှတ်မပေးဘဲ ဒီဇင်ဘာလ ၂၉ ရက်မှာ ကျေးရွာတာဝန်ခံ ဦးဟူဆောင်းကိုလည်း ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း အဆိုပါရွာသားက ဆိုပါတယ်။

အခုဖမ်းဆီးထိန်းသိမ်းထားသူ ၃ ဦးကိုလည်း ဆိုးဆိုးရွားရွား ညှဉ်းပမ်းနှိပ်စက်နေတဲ့ အပြင် မုတ်ဆိတ်တွင်ပင် မီးတိုက်ဖျက်ဆီးနေကြောင်း သိရပါတယ်။

အရင်က ကင်းဒါးရွာတွင်ဖြစ်ပွားခဲ့တဲ့စပါးစည်းလှိုင်း မီးတိုက်မှူကိုရည်ရွယ်ချက်ရှိရှိ AA ကလုပ်ဆောင်ခဲ့ပြီး ရိုဟင်ဂျာတွေကို အပြစ်တင်ပေးကာ ရိုဟင်ဂျာ ပညာ တတ်၊ ချမ်းသာ ကြွယ်ဝသူတွေကိုပစ်မှတ်ထား၍ ပြန်ပေးဆွဲမှု၊ နှိပ်စက်မှုနဲ့ ရွေးနုတ်ဖိုးတောင်းဆိုမှုတွေ ဆက်လုပ်ဆောင်နေကြောင်း ဒေသခံတွေက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဘူးသီးတောင်မြို့နယ်တွင် AA အဖွဲ့က ညကင်းစောင့်ရန်နှင့် သူစိမ်း၊ စစ်ခွေး တို့ဝင်လာရင် AA ထံသို့ သတင်းပို့ရန် ဖိအားပေးခြိမ်းခြောက်နေကြောင်း သတင်းရရှိပါ တယ်။

Reported By: ArakanGo

အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.