Press "Enter" to skip to content

မောင်တော Diamond ဓါတ်ဆီဆိုင်မှ ရခိုင်တွေက အလောင်း သယ်လာနေတဲ့ ရိုဟင်ဂျာ ဒရိုင်ဘာတစ်ဦးကိုဝိုင်းဝန်းထိုးနှက် ပြီးငွေတစ်သိန်းလုယက်

ဒီဇင်ဘာလ ၂၂ ၊ ၂၀၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြို့မအရှေ့ရပ်ကွက်ရှိ မြို့မဘုန်းကြီးကျောင်းရဲ့ အနောက် ဘက်တွင်တည်ရှိတဲ့ Diamond ဓါတ်ဆီအရောင်းဆိုင်မှ ရခိုင်လုပ်သားတွေက လူသေအ လောင်းပါကားတစ်စီးနဲ့ ဓါတ်ဆီ ဝယ်ဖို့လာခဲ့တဲ့ ရိုဟင်ဂျာ ဒရိုင်ဘာတစ်ဦးကို ဝိုင်းဝန်း ထိုးနှက်ပြီး ငွေတစ်သိန်းလည်း လုယက်ခဲ့ကြောင်း သိရပါတယ်။

မောင်တောမြို့မြောက်ပိုင်း ဇင်ပိုင်ညှာကျေးရွာအုပ်စု၊ဒုတန်း(ဘလူးခါလီ)ရွာမှ မဟူးဆိန်း တာရာ(ဘ) ဦးဇော်လိလ် (၁၂နှစ်)ဟာ အဆုတ်ရောဂါဖြင့် မောင်တောခရိုင်ပြည်သူဆေးရုံ တွင် အတွင်းလူနာအဖြစ်တက်ရောက်ဆေးကုသမူခံ ယူနေစဉ် ဒီဇင်ဘလ၂၁ရက်၊ အရုဏ် ဦးအချိန်တွင် သေးဆုံးခဲ့ပါတယ်။

နံနက် ၆ နာရီခွဲအချိန်မှာ အဲဒီအလောင်းကို ဆေးရုံမှ ကျောက်လှေကားကျေးရွာအုပ်စု၊ သဲချောင်းရွာမှ မိရ်အာဇောမ် (ဘ) ဇာဟိတ်အာလောမ်(၁၉နှစ်)က အဖြူရောင် Probox မှန်လုံကားဖြင့် ဒုတန်း ရွာကို သယ်ယူလာနေစဉ်  ဓာတ်ဆီ အလိုရှိလို့ ၎င်းက အဲဒီ ကားကို Diamond ဓါတ်ဆီအရောင်းဆိုင်ရှေ့ရှိ  မဟာဗန္ဓူလလမ်း တဘက်တွင်ရပ်နားပြီး ဓာတ်ဆီဖြည့်ခဲ့ရာတွင် ဆိုင်လုပ်သားရခိုင်တွေက အလောင်းကို မြင်တွေ့ခဲ့ကြပါတယ်။

ရခိုင်တွေက အဲဒီအလောင်းနဲ့ပတ်သက်ပြီး ဘာတစ်ခမှမသိပေမဲ့ ကားဒရိုင်ဘာကို ဝိုင်း ဝန်းထိုးနှက်နေလို့ ၎င်းက မခံနိုင်သဖြင့် ကားမယူဘဲ ထွက်ပြေးလွှတ်မြှောက်သွားခဲ့ ကြောင်း မြို့ပေါ်သားတစ်ဦးက ပြောပါတယ်။

မိုးလင်းတဲ့အချိန်မှာ လမ်းသွားလမ်းလာနေတဲ့ ရိုဟင်ဂျာများက ကားနဲ့အလောင်းကို မြင် တွေ့ခဲ့ကြရာ သက်ဆိုင် ရာအုပ်ချုပ်ရေးမှူးအား အကြောင်းကြားညှိနှိုင်းပေးပြီး ဓာတ်ဆီ ဆိုင်ပိုင်ရှင် ဦးသန်းမောင်ကို ငွေ(၁သိန်း) ကျပ်ပေး ၍ ကားနှင့်အလောင်းကိုပြန်ယူခဲ့ရ ကြောင်း အဆိုပါမြို့ပေါ်သားက ဆိုပါတယ်။

ဒေသခံတစ်ဦးက “ကားဒရိုင်ဘာကို ရိုက်နှက်တာဟာ ဘာအပြစ်ရှိလို့လဲ။ သူက အဲဒီဆိုင် ကို အားပေးဖို့သွားတာနဲ့ သူ့ကိုလူမဆန်ရိုက်နှက်တာဟာ အရိုင်းဆိုင်းဆုံး လုပ်ရပ်တစ်ခုဖြစ် တယ်၊၊ သူကိုဆေးကုသဖို့ အတွက်လျော်ကြေး ပေးမဲ့အစား သေးဆုံးသူရဲ့မိသားစုမှ ရခိုင်ဆိုင်သည်က ငွေယူခဲ့တာဟာ လူစိတ်မရှိတဲ့လူရိုင်းတွေရဲ့လုပ်ရပ်ဘဲ” လို့ပြောဆိုပါတယ်။

Diamond ဓါတ်ဆီဆိုင်ပိုင်ရှင်ဟာ မောင်တောမြို့ ဥက္ကဌဟောင်း ဦးကျော်အေးရဲ့ သမက် ကံပြင်ဇာတိဖြစ်တဲ့ ဦးသန်း မောင်ဖြစ်ပြီး ၎င်းက WY စိတ်ကြွဆေးပြားလုပ်ငန်းရှင်တစ် ဦးလည်းဖြစ်ကြောင်း သိရပါတယ်။

အခုချိန်အတောအတွင်းမှာ AA နဲ့ မြန်မာအာဏာပိုင်တွေရဲ့ အားပေးအားမြှောက်မှုကြောင့် ရခိုင်ရွာသူ/သား တွေက ရိုဟင်ဂျာတွေကို အမျိုးမျိုးညှဉ်းပန်းနှိပ်စက်နေတယ်လို့ သိရပါတယ်။

Reported By: Maung Wunna

အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.