Press "Enter" to skip to content

ဘူးသီးတောင်မြို့တွင် အိစ္စလာမ်ဘာသာရေးဆရာတစ်ဦး စစ်ကားဖြင့် တမင်တကာ သတ်ဖြတ်ခံရ

ဒီဇင်ဘာလ ၁၆ ၊ ၂၀၂၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် အိစ္စလာမ်ဘာသာရေးဆရာ ရိုဟင်ဂျာတစ်ဦးဟာ စစ်ကားဖြင့် တမင်တကာ သတ်ဖြတ်ခံရကြောင်း သိရပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်၊ ကြာသပတေးနေ့ နံနက် ၁၀ နာရီလောက်တွင် ရိုဟင်ဂျာ ဆိုင် သည် တစ်ဦးဟာ ဘူးသီး တောင်မြို့မဈေးမှ ဈေးပြုပြီး စက်ဘီးဖြင့် အိမ်အပြန်ခရီး တွင် နောက်မှ စစ်ဗင်ကား တစ်စီး လိုက်လာပြီး တရားရုံး ရှေ့မှာ မထင်မှတ်ဘဲ တိုက်ခိုက်လို့် ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး မြေပြင်ပေါ် လဲကျခဲ့ကြောင်း။

စစ်ဗင်ကားမှ စစ်သားတွေ ဆင်းလာပြီး ၎င်းကို မေးခွန်း တချို့မေးကာ အဲဒီဗင်ကားဖြင့် စစ်တပ်ရင်းသို့ သယ်ဆောင် ခဲ့ကြောင်း၊ ညနေပိုင်းတွင် စစ်တပ်ရင်းမှ  ထိခိုက်ခံ ဆိုင်သည် ရဲ့ အလောင်းကို ၎င်းရဲ့ မိသားစုထံ အပ်နှံခဲ့ကြောင်း ရွာသားတစ်ဦးက ပြောပါတယ်။

မျက်မြင်သက်သေတစ်ဦးက “မြို့ပေါ်လမ်းမှာ ရိုဟင်ဂျာတစ်ဦး စက်ဘီးစီးနေလို့ စစ်ဗင် ကားက သူ့နောက် က လိုက်လာပြီးတော့ တမင်တကာ တိုက်တာဘဲ။ သူက ပြင်းပြင်း ထန်ထန် ဒဏ်ရာရပေမဲ့ ပွဲချင်းမသေဘူး။ သူ့ကို လွတ်ပေးခဲ့ရင်တော့ စစ်တပ်မှ ဆေးကုသ ရမှာ ဖြစ်လို့ စစ်တပ်ရင်းမှာ သယ်ယူပြီးတော့ ဆေးထိုးပြီး သတ်လိုက်တာ ပေါ့” လို့ ဆိုပါ တယ်။

စဈဗငကြားနဲ့ သတဖြှတခြံရသူဟာ ဘူးသီးတောငမြှို့နယြ၊ ရှာမကွေးရှာ (အီမိုဒိဒနပြါရာ) မှ အိဈစလာမဘြာသာရေး ဆရာ မောလြောဝြီ ဦးကောဘြိရြ၊ အသကြ (၄၀) နှဈဖှဈကှောငြး သိရပါတယြ။

ရိုဟင်ဂျာမွတ်ဆလင်တွေကို ဘဝလုံခြုံရေးအပြည့်အဝပေးဖို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ မြန်မာအကြမ်းဖက် စစ်ကောင် စီအား အကြိမ်ကြိမ်တိုက်တွန်းပေမဲ့ မြန်မာအာဏာပိုင် တွေက အခုချိန်ထိ နည်းအမျိုးစုံနဲ့  ရိုဟင်ဂျာလူမျိုးတုံးသတ် ဖြတ်မှုကို ဆက်လက် ကျူးလွန်နေပါတယ်။

Reported By: Staff Correspondent

အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.