ဒီဇင်ဘာလ ၁၆ ၊ ၂၀၂၁
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းဒေသတွင် ရခိုင်အကြမ်းဖက်သမားအဖွဲ့ AA က ရိုဟင်ဂျာတွေကို အလုပ်မထွက်နိုင်အောင် ရိုက်နှက်ပြီး အသွားအလာ ပိတ်ပင် တားဆီးနေကြောင်း သိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဒီဇင်္ဘာလ ၁၂ ရက် ညနေ ၀၉ : ၀၀နာရီခန့်အချိန်တွင် ဖိုးခေါင်ချောင်းအုပ်စု ကင်ဒါးကျေးရွာမှ စပါးရှိ တလင်းပြင်သို့သွားနေတဲ့ ရိုဟင်ဂျာ လယ်သမားတစ်ဦးကို မေယုမြစ်သို့ ထွက်လာတဲ့ချောင်းငယ်တစ်ခုကြားတွင် ကင်းစောင့်နေတဲ့ AA အဖွဲ့ဝင်သုံးဦးက ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ရွာသားတစ်ဦးက ပြောပါတယ်။
ရိုက်နှက်ခံ ရိုဟင်ဂျာဟာ ကင်းဒါးကျေးရွာမှ ဟာဘီအူလ္လာ(ဘ) ဦးဆော်ယောဒ် (၂၈) နှစ်ဖြစ်ကြောင်း သိရပါတယ်၊၊
AA အကြမ်းဖက်သမားတွေရဲ့ နေညမပြတ် ရက်စက်ကြမ်းကြုတ်မှုနဲ့ အနှောက်အယှက်ပေးနေမှုကြောင့် ဖိုးခေါင် ချောင်းရွာ၊ ကင်ဒါးရွာ၊ ကြာညိုပြင်ရွာ၊ ဂူတာပြင်ရွာ၊စိမ့်ညှင်းပြားရွာ နှင့်ဆေးအိုးကျရွာများတွင် နေတိုင်နေတဲ့ ရိုဟင် ဂျာတွေဟာ အသွားအလာလုပ် ရန်နှင့် အလုပ်အကိုင်တွေ လုပ်ကိုင်စားသောက်ရန် အခက်အခဲ ကြုံတွေ့နေရ ကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။
AA အဖွဲ့ဝင်တွေက အစိုးရတပ်မတော် တပ်စခန်းတွေရဲ့ အနီးတဝိုက်မှာ တပ်စွဲထားလျက် ရှိပြီး အခုလို ရာဇဝတ်မှု တွေ ကျူးလွန်တာကို စစ်တပ်မှ လုံးဝ တားမြစ်ခြင်းမရှိတာကြောင့် နှစ်ဖွဲ့စလုံးက ရိုဟင်ဂျာတွေကိုသာ လုယက်ပြီး နှိပ်စက်သတ်ဖြတ်ရန် ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းလာကြောင်းကို ပေါ်လွင်ထင်ရှားနေပါတယ်။
Reported By: ArakanGo
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်