ဒီဇင်ဘာလ ၁၁ ၊ ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်း ကြက်ရိုးပြင်(ကီးယားရိန်းဖာရာ) ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စရဖ က မဟုတ်မမှန် ပြစ်တင်စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်နေကြောင်းသိရပါတယ်။
ကြက်ရိုးပြင် ကျေးရွာအုပ်ချုပ်ရေးမှူး မောင်မြင့်နိုင်ဟာ ဒီဇင်ဘာလ ၂ ရက်နေ့တွင် မောင် တောမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌါနရဲ့ လစဉ်ပုံမှန်အစည်းအဝေးသို့ တက်ရောက် ပြီး နေအိမ်သို့မပြန်ဘဲ မြို့ပေါ် တွင်တစ်ည အိပ်ခဲ့ ကြောင်း၊ နောက်နေ့ ဒီဇင်ဘာလ ၃ ရက် နေ့တွင်နေအိမ်သို့ပြန်လာနေစဉ် စရဖရုံးမှတပ်ကြပ်ကြီး ကြည်ဟန်က ဆင့် ခေါ်ခဲ့လို့ အဲဒီ ရုံးသို့သွားရောက်ခဲ့ရာမှာ ဖမ်းဆီးချုပ်နှောင်းခံခဲ့ကြောင်း ဆွေမျိုးတစ်ဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး မောင်မြင့်နိုင်ဟာ ဒီဇင်ဘာလ ၃ ရက်မှာ အဖမ်းခံရပေမဲ့ ၎င်းရဲ့ မိသားစု က အခုထိ တွေ့ခွင့်မရလို့ ၎င်းရဲ့ကျန်းမာရေးအတွက် စိုးရိမ်လျက်ရှိကြောင်း၊ ၎င်းက ဆီး ချိုနှင့်သွေးတိုးရောဂါရှင်တစ်ဦးဖြစ်လို့ ပုံမှန်သောက် နေကျဆေးဝါးတွေတောင် သောက် သုံးခွင့်မရကြောင်း အဆိုပါဆွေမျိုးက ဆိုပါတယ်။
စရဖက မောင်မြင့်နိုင်ကို အာရ်ဆာနှင့် အဆက်အသွယ်ရှိတယ်လို့ လုပ်ကြံစွပ်စွဲပြီး ဖမ်းဆီးခဲ့တာဖြစ်ကြောင်း သိရပါ တယ်။
ဒေသခံတစ်ဦးက “သူက၂၀၁၆ ကပင်အုပ်ချုပ်ရေးမှူးလုပ်နေတာပါ။သူကအုပ်ချုပ်ရေး မှူး တစ်ဦးအနေနဲ့ ရွာသား တွေနဲ့ တွေ့ဆုံပွဲလုပ်တယ်။ အဲဒီပွဲကိုအာရ်ဆာအဖွဲ့ဝင်တွေ့နဲ့ တွေ့ဆုံတယ် လို့စွပ်စွဲလို့ရမှာလား၊၊ အခုလို မဟုတ်မ မှန်စွပ်စွဲပြီး ဖမ်းဆီးတာဟာ မတ ရားတဲ့လုပ်ရပ်ဖြစ်တယ်၊၊ မဟုတ်မမှန်ဓါတ်ပုံတွေပြပြီး လိမ်လည်တိုင်ကြားတဲ့ကိစ္စ ဖြစ် တယ်၊၊ သူဟာတည်ဆဲဥပဒေတွေကို လေးစားလိုက်နာ သူတစ်ဦးဖြစ်တယ်၊၊ သူဟာဘာ အပြစ်မှကျုးလွန်တာ မရှိတဲ့အတွက်သူကို အမြန် ဆုံးလွှတ်ပေးဖို့တောင်းဆိုပါတယ်”လို့ ပြောဆိုပါတယ်။
တဖန် ဒီဇင်ဘာလ ၇ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်တွင်ငါးခူရအခြေစိုက်နယ့်မြေ (၅) နယ့်ခြားစောင့်ရဲစခန်းမှ ရဲတွေ နှင့် နခခတွေပူးပေါင်းပြီး အင်းအားလေးဆယ် ကျော်ခန့် ဟာ အုပ်ချုပ်ရေးမှူး မောင်မြင့်နိုင် နေထိုင်ရာ ရွာမရွာကို ဝန်းရံခဲ့ကြောင်း၊ ၎င်း အဖြစ်အ ပျက်နှင့်ပတ်သက်ပြီးတော့ ရွာမကေးရွာသားတွေကိုလည်း စစ်ဆေးခဲ့ကြောင်း၊ အာ ဏာ ပိုင်တွေက ညှဉ်းပန်းနှိပ်စက်မှာကိုကြောက်ပြီး ကြက်ရိုးပြင်ကျေးရွာသားတွေ တိမ်းရှောင် နေကြောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။
Reported By: Maung Htay
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်