ဒီဇင်ဘာလ ၀၈ ၊ ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်အောင်သူရ ဟာ မိမိကိုယ်တိုင် Yaba မူယစ်ဆေးဝါးရောင်းနေကြောင်းနဲ့ ယာဘားလုပ်ငန်းရှင်များမှ လစဉ် ပုံမှန်ဆက်ကြေးကောက် သူတစ်ဦးဖြစ်ပြီး အပြစ်မဲ့ရိုဟင်ဂျာတွေကိုလည်း မဟုတ် မမှန် လုပ်ကြံစွပ်စွဲကာ နေ့စဉ်နေ့တိုင်း ငွေညှစ်လျက်ရှိကြောင်း သိရပါ တယ်။
၎င်းက ယာဘားဆေးပြားလုပ်ငန်းရှင်တွေမှ လစဉ် ပုံမှန်ဆက်ကြေးကောက်ယူရရှိတဲ့ငွေကြေးများကို ပြည်နယ်ရဲ တပ်ဖွဲ့မှူးနှင့် မောင်တောခရိုင်ရဲမှူးကြီးအား ဝေစုခွဲဝေပေး အပ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့နဲ့ပူးပေါင်း ဆောင်ရွက် နေသူ တစ်ဦးက ပြောပါတယ်။
တဖန် ရဲအုပ်အောင်သူရဟာ Yaba လုပ်ငန်းရှင်အချို့နဲ့ပူပေါင်းပြီး အဲဒီတရားမဝင် လုပ်ငန်း လုပ်ကိုင်ကာ ဘီလျံပေါင်းများစွာချမ်းသာနေပြီဖြစ်ကြောင်းနဲ့ ရဲအရာရှိထဲမှာ ၎င်းကနာမည်းဆိုးဖြင့်ကျော်ကြားနေကြောင်း မြို့ပေါ်သားတွေက ပြောပါတယ်။
၂၀၁၉ ခုနစ်တွင် ရာဇဝတ်ကောင် ရဲအုပ်အောင်သူရကို မောင်တောမှ တခြားနေရာတွင် တာဝန် ပြောင်းရွှေခဲ့မေပဲ့ ၎င်းက အထက် အရာရှိများအားလာဘ်ထိုးပြီး၂၀၂၁ ခုနစ်၊ နိုဝင်ဘာလတွင် မူလတာဝန်ကျနေရာ မောင်တောတွင် ပြန်လည်ပြောင်းရွှေ့လာပြီး အခုလို တရားမဝင် လုပ်ငန်းတွေကို ၎င်းရဲ့တပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ထွန်းထွန်းကျော်နဲ့ ဒုတပ်ကြပ် စိုးဝင်းတို့နဲ့တကွ လုပ်နေပြီးရိုဟင်ဂျာတွေကိုလည်း ပြန်လည်နှိပ်စက်နေကြောင်း ဒေသခံတွေ ကပြော ပါတယ်။
ဒီဇင်ဘာလ ၆ ရက်၊ ည ၄ နာရီခွဲအချိန်တွင် မြို့မတောင်ရပ်ကွက်၊ကူးနားဖာရာမှ ဦးဇော်ဟိရ်အာမတ်(ဘ) ရော်ရှိတ် အာမတ် (၅၅) နှစ်ဟာ ကျေးရွာ ဗလီတွင် ဝတ်ပြုပြီး နေအိမ်သို့ပြန်လာရာလမ်းတဝက်မှာ ရာဇဝတ်ကောင် ရဲအဖွဲ့က ဖမ်းဆီး၍ခရိုင်ရဲတပ် ဖွဲ့မှူးရုံးသို့ခေါ်ဆောင်ခဲ့ပြီး ၎င်းကိုမဟုတ်မမှန်လုပ်ကြံစွပ်စွဲခဲ့ကာ ငွေကျပ်သိန်း ၅၀ ညှစ် ပြီးမှ ည ၈ နာရီခွဲအချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဆွေမျိုးတစ်ဦးက ပြောပါတယ်။
မြို့ခံတစ်ဦးက “ရဲအုပ်အောင်သူရဟာ ဘူးသီးတောင်ဇာတိလို့ သိရတယ်။ သူဟာငွေ ကြေးချမ်းသာတဲ့ ရိုဟင်ဂျာတွေ ကိုပစ်မှတ်ထားပြီးတော့ ငွေညှစ်တာပါ။ သူဟာအာဏာ ရှင်လို မောက်မောက်မာမာ ဆက်ဆံတယ်” လို့ ဆိုပါတယ်။
ဒါကြောင့် ရဲအုပ်အောင်သူရနဲ့ အဖွဲ့ဝင်ရဲသားတွေကို အမြန်ဆုံးထိထိရောက်ရောက်အ ရေးယူပေးဖို့ ဒေသခံတွေက သက်ဆိုင်ရာအထက်ကလူကြီးမင်းများအားတောင်းဆိုပါ တယ်။
Reported By: Kyaw Swa Min
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်