ဒီဇင်ဘာလ ၀၂ ၊ ၂၀၂၁
နိုဝင်ဘာလ ၉ ရက်၊နံနက် ၆နာရီ အချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို၊ မေယုကျွန်းရဲ့ အနောက်မြောက်ဘက် ၁၇ မိုင် အကွာအဝေးမှ လူကုန်ကူးသူတွေက ခုတ်မောင်းနေတဲ့ ရို ဟင်ဂျာ ဒုက္ခသည် ၂၂၈ ဦးပါ စက်လှေတစ်စင်းကို မြန်မာရေတပ်မှ လိုက်လံဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး အဲဒီ လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို စစ် ကောင်စီက ထောင်ဒဏ်ချက်မှတ်ခဲ့ကြောင်း သိရပါတယ်။
ဖမ်းဆီးခံစက်လှေ ဝဒီထွန်း-၅ ကို မြန်မာလူမျိုး၅ ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘာဇာ ခရိုင်၊ မူးစ်ခါလီ ကမ်းခြေ တစ်နေရာမှအမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၁၂၅ ဦး၊ ယောကျ်ား လေး ၁၉ ဦးနှင့် မိန်းကလေး ၁၄ ဦး၊ စုစုပေါင်း ၂၂၈ ဦးတို့ကို တင်ဆောင်၍ မလေးရှား နိုင်ငံသို့ ပို့ဆောင်ရန် ဦးတည်ခုတ်မောင်းခဲ့ရာတွင် မြန်မာရေတပ်မှ ဖမ်းဆီးနိုင် ခဲ့ကြောင်း မောင်တောဒေသခံတချို့က ဆိုပါတယ်။
အဲဒီစက်လှေမှဖမ်းဆီးထိန်းသိမ်းခဲ့သူတွေကို ညတွင်းချင်း မောင်တောမြို့၊ ရွှေဇားကျေး ရွာအုပ်စု၊ ကညင်ချောင်း ဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ကြပါတယ်။
နိုဝင်ဘာလ ၃၀ ရက်၊ နံနက် ၆ နာရီမှ စတင်ကာ အမှတ်(၁)နယ်ခြားစောင့်ရဲများက အသက်ပြည့်သူတွေကို တရား မဝင်နယ်စပ်ဖြတ်ကျော်မှုပုဒ်မ(၁၃/၁)နဲ့ အမှုဖွင့်တရား စွဲဆိုပြီး အကျဉ်းထောင်ကားများဖြင့် ဘူးသီးတောင် အကျဉ်းထောင်သို့ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
အသက်မပြည့်တဲ့ကလေးတွေကိုတော့ ရွှေဇား မြောက်ရွာနယ့်ခြားစောင့်ရဲကင်းစခန်း တွင်ထိန်းသိမ်းထားနေ ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းလူကုန်ကူးမှုကိုလေ့လာစောင့်ကြည်နေသူတစ်ဦးက “ဒီတစ်ကြိမ်မှာတော့ ဖမ်း ဆီးခံရတာ လူဦးရေ များတယ်၊၊ ဒီစက်လှေကသောင်တင်နေတာ၊ စက်ပျက်တာမဟုတ် ဘူး၊၊ အာဏာပိုင်တွေက လူကုန်ကူးသူတွေထံမှ ဝေစုမရလို့ ဒီစက်လှေကို လိုက်လံဖမ်း ဆီးတာ ဖြစ်နိုင်တယ်၊၊ ဒီလိုမျိုး ခါတိုင်းလိုက်လံဖမ်းဆီးမယ်ဆိုရင် မြန်မာ ရေပိုင်နက်ကို လူ ကုန်ကူးသမားတွေက အသုံးချနိုင်မှာမဟုတ်ဘူး၊၊ အခု လူကုန်ကူးသမားတွေကိုစိစစ် ဖော်ထုတ် ပြီးတော့အရေးမယူဘဲ လူကုန်ကူးခံရတဲ့ လူတွေကို အမှုဖွင့်အရေးယူနေတာ ဟာ တော်တော်ရယ် စရာ ဖြစ် တယ်၊၊ ဖြားယောင်းသွေးဆောင်နေသူတွေ၊ လူကုန်ကူးသ မားတွေအား အရေးယူမှုကို ဥပက္ခာပြုနေလို့ မြန်မာအာဏာပိုင် တွေလည်း လူကုန်ကူးမှု မှာ ပါကောင်းပါနိုင်တယ်” လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
မြန်မာအာဏာပိုင်တချို့ကလည်း လူကုန်ကူးသမားဖြစ်လို့ ပြည်ပရောက်ချင်တဲ့ ရိုဟင်ဂျာ တွေ မှ ငွေတောင်းယူပြီး ၎င်းတို့ကို တစ်နေရာရာမှာ စုစည်းကာ စက်လှေတင်ပေးခဲ့တာ ရှိကြောင်း တချို့ဒေသခံတွေပြောပါတယ်။
Reported By: Maung Wunna
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်