ဒီဇင်ဘာလ ၀၁ ၊ ၂၀၂၁
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ရခိုင်အကြမ်းဖက်သမား AA က ရိုဟင်ဂျာ လူငယ် တချို့ကို ဖြားယောင်း စည်းရုံးပြီး ၎င်းရဲ့အဖွဲ့ဝင်အဖြစ် ခန့်ထားသူများမှ ရိုဟင် ဂျာတစ်ဦးထွက် ပြေးခဲ့တယ်လို့ မဟုတ်မမှန်အကြောင်း ပြပြီး မိသားစုနှင့် အခြားလူငယ် တွေကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်နေကြောင်း သိရပါတယ်။
ဘူးသီးတောင်မြို့နယ် ကွမ်းကီးကျေးရွာရှိ AA တပ်စခန်းမှ တပ်ဖွဲ့ဝင်များဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်၊ မနက် ၈ နာရီအချိန်ခန့်မှာ ကင်းတောင်ရွာသို့ရောက်ရှိလာပြီး AA အဖွဲ့ဝင် ရှောမ်ရှူဒိန်းရဲ့ မိသားစုဝင်များရဲ့ နေအိမ် များတွင် စီနင်းဝင်ရောက်ခဲ့ပါတယ်။
ထို့နောက် AA တပ်ဖွဲ့ဝင်များက ရှောမ်ရှူဒိန်းဟာ AA မှ ထွက်ပြေးခဲ့တယ်လို့ မဟုတ်မမှန် အကြောင်းပြပြီး ဖခင် အဒူဆူးဘီး(၈၅)နှစ်နှင့် အစ်ကိုဖြစ်သူ အာဇီမူဒိန်း(၄၅)နှစ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်သက် သေတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အဒီနေ့ မွန်းတည့် ၁၂ နာရီခန့်အချိန်တွင် သရက်ပြင်ကျေးရွာအုပ်စု ရေချမ်း ပြင်ရွာသစ်နေ ရှောမ်ရှူဒိန်းရဲ့ ညီမနှစ်ဦးဖြစ်တဲ့ ဇာဟီဒါ (၂၈) နှစ်၊ ဇူဟားရာ(၂၅) နှစ်တို့ နှင့် ၎င်းတို့ရဲ့ ခင်ပွန်းနှစ်ဦးအပါအဝင် အခြားဆွေမျိုး တစ် ဦးပါ စုစုပေါင်း ၅ ဦးကို AA အဖွဲ့ ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဆွေမျိုးတစ်ဦးက ပြောပါတယ်။
အလားတူ နိုဝင်ဘာလ ၂၉ ရက်၊ ညနေ ၄ နာရီခွဲအချိန် လောက်တွင် AA အဖွဲ့ဝင် ၁၀ ဦးထက်မနည်း သရက်ပြင် အုပ်စု ရေချမ်းပြင်ရွာသစ်သို့ရောက်ရှိလာပြီး ရိုဟင်ဂျာ လူငယ် လေးဦး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်း ရရှိပါသည်။
ဖမ်းဆီးခံထားရသူ ၄ ဦးမှာ- ဂျော်နော်တာလီ(ဘ)ဆေးရာမတ် (၂၂)နှစ်၊ ဂျာဟာန်ဂိရ် (ဘ) တာဟဲရ် (၂၃)နှစ်၊ အာဘူ ဆီဒိက်(ဘ)ဟူဆောင်နာလီ (၂၇)နှစ် နှင့် ဇီယာအိုရော် မာန်(ဘ) အာမတ်ဟူဆောင်(၂၄) တို့ဖြစ်ကြပါတယ်။
အဲဒီ ဖမ်းဆီးခံထားရသူ ၄ ဦးဟာ AA အဖွဲ့မှ ထွက်ပြေးခဲ့တဲ့ ရှောမ်ရှူဒိန်းရဲ့ ဆွေမျိုး၊ အိမ်နီးချင်း၊ သူငယ်ချင်းတို့ မဟုတ်သလို အသိအကျွမ်းသူများလည်း မဟုတ်ကြောင်း၊ ရခိုင်အကြမ်းဖက်သမားအဖွဲ့ AA က လက်နက်ကို အား ကိုးပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲ ချက်နဲ့ ရိုဟင်ဂျာလူငယ်များကို ပစ်မှတ်ထား၍ဖမ်းဆီးကာ နှိပ်စက်သတ်ဖြတ်ရန် အကွက်ဆင်လုပ်ဆောင်နေကြောင်း ရွာသားများက ပြောပါတယ်။
ဒါ့အပြင် ၎င်းကိစ္စနှင့်ဆက်နွယ်ပြီး AA က နှစ်ရက်အတွင်းမှာ ရိုဟင်ဂျာ ၁၁ ဦးထိ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် နေကြောင်း သတင်းရရှိပါတယ်။
AA အဖွဲ့က ရိုဟင်ဂျာကျေးရွာများကိုပါ စိုးမိုးထားတဲ့ အတွက်ကြောင့် ရှောမ်ရှူဒိန်းက ထွက်ပြေးသွားတာ မဖြစ် နိုင်ကြောင်း၊ AA က ရှောမ်ရှူဒိန်းကိုသတ်ဖြတ်ခဲ့လို့ ပြဿနာ တက်လာမှာကိုရှောင်ရှားကာကွယ်နိုင်ရန် ဒါမှမဟုတ် ပြည်တွင်းရှိရိုဟင်ဂျာများကို လူ မျိုးတုံးသတ်ဖြတ်မှု ပြန်လည်စတင်နိုင်ရန် အစိုးရနှင့်ဆွေးနွေးကြံစည်လုပ်ဆောင်နေ ကြောင်း ရွာသားများက သုံးသပ်ပြောဆိုခဲ့ပါတယ်။
Reported By: ArakanGo
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်