Press "Enter" to skip to content

ပြည်တွင်းရှိ ရိုဟင်ဂျာများကို နှင်ထုတ်ဖို့ စစ်တပ်နဲ့ အစွန်း ရောက်ရခိုင်များက ဘာသာရေးကျောင်းနဲ့ အိမ်များ စတင် မီးရှို့နေ

နိုဝင်ဘာ ၂၃ ၊ ၂၀၂၁

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာသတ်ဖြတ် ရေးပွဲအပြီး ပြည်တွင်းကျန်ရစ် နေတဲ့ အားကိုးရာမဲ့ ရိုဟင်ဂျာများကို နှင်ထုတ်ဖို့ စစ်တပ်နဲ့ အစွန်းရောက်ရခိုင်များ ပူးပေါင်းပြီး အိစ္စလာမ်ဘာသာရေး ကျောင်းနဲ့ အိမ်များကို ဒီလက နေ စတင် မီးရှို့နေကြောင်း ဒေသခံများက Rvision ကိုပြောပါတယ်။

ရခိုင်အစွန်းရောက်ဝါဒီများက နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၀၅: ၂၀ နာရီလောက်မှာ ဘူးသီးတောင်းမြို့နယ် တောင် ပိုင်း သပြေးတောင်( ဟားရာန်ခါလီး) မှ လူနည်းစု ရိုဟင်ဂျာ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွာသားတစ် ဦးက ပြောပါ တယ်။

နိုဝင်ဘာ ၁၃ ရက် မနက်အစောပိုင်း ၄ နာရီကျော်လောက်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ဆယ်လောက်က ဘူးသီး တောင်မြို့နယ်ထဲက မီးကျောင်းခေါင်းဆွဲကျေးရွာအုပ်စု မှာရှိတဲ့ မဒါရာဆာ ရီယာဇုလ်အိုလိုမ် အာရ်ဗီတက္ကသိုလ် ကျောင်းကို ဓာတ်ဆီတွေလောင်း ပြီး  မီးရှို့ခဲ့ကြောင်း မျက်မြင် ဒေသခံတချို့က ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ အပတ်တွင် တောင်ဘာဇာ ယင်းမကျေးရွာမှ အစိုးရဆေးရုံဝန်ထမ်း တစ်ဦးဖြစ်တဲ့ ကျန်းမာရေး မှူး ဦးယာကုပ်ရဲ့ နေအိမ်ကိုလည်း ရခိုင်နဲ့ စစ်တပ်ပေါင်းပြီး မီးရှို့ဖျက်စီးခဲ့ ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

မောင်တောမြို့ မြို့မအရှေ့ရပ်ကွက်၊ ပြန်ကြားရေးရုံးရဲ့  အနောက်ဘက်နဲ့ နာရီစင်ရဲ့ တောင်ဘက်တွင် နေထိုင်နေတဲ့ တောင်ပြိုလက်ယာကျေးရွာ အုပ်ချုပ် ရေးမှူးဟောင်းရဲ့ အငှားအိမ်တွင် နိုဝင်ဘာလ ၁၉ ရက်၊ နံနက် ၁ နာရီခွဲ လောက်အချိန်မှာ အမည်မသိ ရခိုင် လူငယ်နှစ်ဦးက လေးခွဖြင့် ပိုက်ခဲ့လို့ ပြတင်းပေါက်မှန် များ ဖြိုခွဲခဲ့ ကြောင်း။

အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ငှားရမ်းသူက  သက်ဆိုင်ရာသို့ အချိန်မီအကြောင်းကြား ခဲ့ပေမဲ့ ဘာတစ်ခုမှ အရေး ယူခြင်းမရှိကြောင်း မြို့ပေါ်သားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရခိုင်အစွန်းရာက်ဝါဒီများက နိုဝင်ဘာလ ၁၈ ရက်၊ ညသန့်ခေါင်းကျော်အချိန်မှာ မောင်တောမြို့ မဟာ ဗန္ဓူလလမ်းရှိ  ရိုဟင်ဂျာပိုင် ဆိုင်ရှေ့မီးသီးတချို့ကို လည်းပျက်စီးခဲ့ တာကို တွေ့ခဲ့ရကြောင်း သိရပါတယ်။

အမည်မပေါ်လိုတဲ့ မြို့ပေါ်သားတစ်ဦးက “မောင်တောမြို့တွင်ညမထွက်ရအမိန့်ကို ည ၁၀နာရီမှ နံနက် ၅ နာရီထိ ကြေငြာတယ်။ အဲဒီအမိန့်ကို မလိုက်နာတဲ့သူများအတွက် ပုဒ်မ ၁၄၄ လည်း ထုတ်ပြန်ထားပါတယ်။ တကယ်လို့  ည ၁၀ နာရီကျော်မှ ရိုဟင်ဂျာ တစ်စုံ တစ်ဦးကို အာဏာပိုင်တွေက အိမ်အပြင်တွေ့ရင် အရေးယူတာရှိတယ်၊ ငွေညှစ် တာရှိတယ်။ ဒါပေမဲ့ ‌ရခိုင်အစွန်း ရာက်ဝါဒီတွေကို တွေ့ရင်တော့ ခရိုင်ဒုစရိုက်နှိမ်နင်း ရေးရဲအဖွဲ့က  ဘာမှ အရေး ယူတာ  မရှိပါဘူး” လို့ ပြောဆိုပါတယ်။

ဒေသခံအာဏာပိုင်တွေက ရခိုင်တွေကို အားပေးပြီး ၎င်းတို့နဲ့အတူ ရိုဟင်ဂျာတွေရဲ့ ဘာသာရေး အဆောက်အဦတွေ၊ နေအိမ်တွေနဲ့ ဥစ္စာပစ္စည်းတွေကို ဖျက်ဆီးမီးရှို့ပြီး နိုင်ငံတွင်းကျန်ရှိတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို မောင်းထုတ်ရန် အခွင့်ကောင်း ဖန်တီးနေကြောင်း ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

Reported By: Maung Htay

အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.