နိုဝင်ဘာ ၂၁ ၊ ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းပေါင်းဇား (အာချီးခ်ခါးဖာရာ)ကျေးရွာတွင် ဆင်းရဲတဲ့ ရွာသူ/သား အချို့ အား INGO မှ လူသားချင်းစာနာထောက်ထားမှုအဖြစ် ထောက်ပံ့တဲ့ ငွေ များကို အုပ်ချုပ်ရေးမှူးက အပြည့် အဝ မခွဲဝေဘဲ ဝေစုတချို့ကို အလွဲ သုံးစားခဲ့ကြောင်း သိရပါတယ်။
လွန်ခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် INGO အဖွဲ့ဖြစ်တဲ့ NRC အဖွဲ့မှ ဝန်ထမ်းတချို့ဟာ အာချီးခ်ခါးဖာရာတွင် လာရောက်ပြီး အစားအသောက်နှင့် ဒုက္ခအဖြာဖြာရင်ဆိုင်နေရတဲ့ အိမ်ခြေပေါင်း၂၁၆ လုံးအား ၁၆၂၀၀၀ (တစ်သိန်း ခြောက်သောင်းနှစ်ထောင်) ကျပ်စီ မျှဝေ ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူး နော်ဂျုမူလ်ဟားဆောင်းထံ ငွေပေါင်း ၃၄၉၉၂၀၀၀ ကျပ် အပ်နှံခဲ့ကြောင်း ဒေသခံများက ပြောပါတယ်၊၊
ဒါပေမဲ့ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင် ၄ ဦးက လူသားချင်းစာနာမှုရရန် စာရင်းသွင်းခံထား တဲ့ မိသားစု ၂၁၆ စုမှ ၁၇၈ စုအား NRC အဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ထောက်ပံ့ငွေကို မျှဝေ ပေးပေမဲ့ ကျန်မိသားစု ၃၈ စုရဲ့ဝေစုကို ကာယကံ ရှင်များအား ခွဲဝေမပေးဘဲ ၎င်းတို့ က အလွဲသုံးစားခဲ့ကြောင်း ရွာသားတစ်ဦးက ပြောပါတယ်။
NRC အဖွဲ့ရဲ့ လူသားချင်းစာနာထောက်ထားမှုစာရင်းမှ တမင်ဖယ်ထုတ်ခံရတဲ့ မိသားစု များရဲ့ ဦးစီးတချို့မှာ-
၁။ ရော်ဖိခ်(ဘ) ဇာဟိသ်ဟူဆောင်း
၂။ လီယာခေါ်သ်အာလီ(ဘ) မုစ်တာခ်အာမတ်
၃။ နူရ်ဟာဆောင်း(ဘ) အာဘူအာလောမ်
၄။ နူရ်ဟာဘာ(ဘ) ဒိလ်မူဟာမတ်
၅။ အဒူမော်ဂျီးသ်(ဘ) မာမတ်အူလ္လာ
၆။ အာယာစ်(ဘ) နူရူလာမိန့်
၇။ ဟာရုန်(ဘ) အီဆာခ်
၈။ အာဘူဇာဖော်ရ်(ဘ) အူလ္လာမျှ
၉။ ဇာဘဲရ်(ဘ) အာဘူလ်ကာဆိမ်း
၁၀။ ဆော်ဒူလာမိန့်(ဘ) အဒူရော်မာန်
၁၁။ ဖူရ်ခါန်အာမတ်(ဘ) ဖော်ယာစ်
၁၂။ အာဘူးလ်ဟူဆောင်း(ဘ) ဟူဆောင်း
၁၃။ အာယာစ်(ဘ) ခိုက်ရုလ်ဘော်ရှော်ရ်
၁၄။ မူရ်တာဇာဟားဆောင်း(ဘ) ဟူးဆောင်း
၁၅။ ဒေါ်ဆာရာခါတူ(ဘ) ဒိလ်မာမောက်သ်
၁၆။ ဒိလ်မာမတ်(ဘ) တော်ယုဖ်
၁၇။ မာမတ်အာလီ(ဘ) တူဖိုက်လ်အာမတ်
၁၈။ အေနာတူလ္လာ(ဘ)မာမတ်အာလောမ်
၁၉။ ဒေါ်ဟာမိဒါ
၂၀။ မာမတ်အာလီ(ဘ) ဖော်ယာစ် တို့ဖြစ်ကြပါတယ်။
NRC အဖွဲ့ရဲ့ ထောက်ပံ့ငွေများ မရတဲ့သူများဟာ ကျဘမ်းအလုပ် အလုပ်ကိုင် သူများဖြစ်ပြီး မကြာခဏ အစာငတ် ခံနေရတဲ့ အလွနဆင်းရဲချို့တဲ့သူများလည်း ဖြစ်ကြောင်း သိရပါ တယ်။
ဒါကြောင့် ဆင်းရဲတဲ့ ရွာသူ/သားများအတွက်ရရှိတဲ့ ထောက်ပံ့ငွေများကို အလွဲ သုံးစားခဲ့ တဲ့ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များအား သက်ဆိုင်ရာ တာဝန်ရှိ လူကြီးများမှ အမြန်ဆုံး ထိထိရောက်အရေးယူပေးပါရန် ဒေသခံများက တောင်းဆိုလိုက်ပါတယ်။
Reported By: Maung Wunna
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်