Press "Enter" to skip to content

ဘူးသီးတောင်မြို့ပေါ် ယာဉ်ထိန်းရဲတွေက ရိုဟင်ဂျာ မော်တော်ယာဉ်ပိုင်ရှင်များမှ အဆမတန် ငွေညှစ်နေ

နိုဝင်ဘာ ၁၇၊ ၂၀၂၁

ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ ဇော်ဘော်ရွာခွဆုံစျေးတန်းတွင် မြို့ပေါ် ယာဉ်ထိန်းရဲ များက မထင်မှတ်ဘဲ ထွက်လာပြီး ရိုဟင်ဂျာ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်သမားများကို မတရားသဖြင့်ဖမ်းဆီး၍ အဆမတန် ငွေညှစ်လျက်ရှိကြောင်း သိရပါတယ်။

ဘူးသီးတောင်မြို့ပေါ် အခြေစိုက် ယာဉ်ထိန်းရဲတပ်ဖွဲ့က ရိုဟင်ဂျာ ဆိုင်ကယ်ပိုင်ရှင်များမှ လစဉ် ငွေ တစ်သောင်း ကျပ်စီ ၊ သုံးဘီးဆိုင်ကယ်သမားများမှ ငွေ နှစ်သောင်းကျပ်စီ နှင့် မှန်လုံကားသမားများမှ ငွေသုံးသောင်းကျပ်စီ အခွန်ကောက်နေကြောင်း ရိုဟင်ဂျာ ယာဉ်ပိုင်ရှင်များက ပြောပါတယ်၊၊

မြို့နယ်စည်ပင်သာယာအဖွဲ့မှ မွတ်ဆလင်နှိပ်စက်ရေး လိုင်စင်ယူထားတဲ့ ရခိုင်တစ်ဉီးကလည်း ရပ်နား ခွန် နှင့် ဘီးခွန်အဖြစ် အဲဒီ ယာဉ်များမှ လစဉ်  ငါးထောင်ကျပ်စီ ကောက်နေလေ့ရှိကြောင်း၊ အဲဒီအခွန်များ ကို ရိုဟင်ဂျာ များအား တမင်တကာ လူမျိုးခွဲခြားပြီး ပစ်မှထားကာ အတင်းအဓမ္မကောက်နေကြောင်း ယာဉ်မောင်း ရိုဟင်ဂျာ တစ်ဉီးက ပြောပါတယ်။

မနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၀၉ : ၀၀နာရီအချိန်မှာလည်း ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး ဦးသန်း ရွှေနှင့် တပ်ကြပ် ဦးစံရွှေလှတို့က ဇော်ဘောရွာ ရှိ ခွဆုံးစျေးတန်းကို ဆတ်ခနဲ ရှောက်ရှိလာပြီး ရိုဟင်ဂျာ ဒရိုင်ဘာများကို မဟုတ်မတရားဖမ်းဆီးကာ ငွေတစ်သောင်းကျပ်ကနေ နှစ်သောင်းကျပ်စီ ညှစ်၍ ပြန် လည်လွှတ်ပေးခဲ့ကြောင်း၊ ငွေရေးအခက်အခက်ကြောင့် တောင်းသလောက် ငွေမပေးနိုင်ခဲ့တဲ့ ဒရိုင် ဘာများကို လူမဆန်စွာ ရိုက်နှက်နှိပ်စက် ခဲ့ကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။

ရိုဟင်ဂျာများဟာ မွတ်ဆလင်လူမျိုးဖြစ်တဲ့အတွက် လူများစု ဗုဒ္ဓဘာသာနိုင်ငံတွင်းမှာ အလွှာပေါင်းစုံတွင် ညှဉ်းပန်း နှပ်စက်ခံနေရတာပါ။

Reported By: ArakanGo

အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.