နိုဝင်ဘာ ၁၁၊၂၀၂၁
ရခိုင်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ နေတိုင်နေတဲ့ ရိုဟင်ဂျာမွတ်ဆလင်များအား ရခိုင်အ ကြမ်းဖက်အဖွဲ့ AA က လူမ ဆန်ညှဉ်းပန်းနှိပ်စက်နေမှုကြောင့် ရခိုင်နှင့်ရိုဟင်ဂျာအကြားမှာ ပြဿနာ ပြန်ဖြစ်လာနိုင်လို့ ရိုဟင်ဂျာ လူကြီးများက စိုးရိမ်နေကြောင်း သိရပါတယ်။
ဘူးသီးတောင်မြို့နယ် ကျောက်ဖြူသားသေကံအုပ်စုတွင် AA အဖွဲ့ရဲ့ကော်မတီဥက္ကဌ မောင်ဇော်ဝင်း(ဘ) မောင်ကေ ထွန်း (၂၇) နှစ်က ဒီကနေ့နံနက် ၀၇ : ၀၀နာရီခန့်အချိန် တွင် ရိုဟင်ဂျာကျေးရွာရဲ့ အနီးအနားရှိ ချောင်းငယ်တွင် ချည် နှောင်ထားတဲ့ အီဆာလာမ် (ဘ) မာဆီဒိက်( ၅၃) နှစ်ရဲ့ လှေတစ်စီးကို အကြောင်းမဲ့ ဓားဖြင့်ခုတ်ထစ်ဖျက်ဆီး လိုက် ကြောင်း ရွာသားတစ်ဉီးက ပြောပါတယ်။
ရခိုင်လူကြီး မောင်ကေထွန်းဟာ AA မှတင်မြောက်သော သေကံအုပ်စုရဲ့ တာဝန်ခံဖြစ်၍ AA အဖွဲ့ရဲ့ ဒုဗိုလ်အာကာနှင့် ပူးပေါင်းကာ သေကံအုပ်စုမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စအပြာပြာ တွင်ပါဝင်၍ ရိုဟင်ဂျာများကို လူမျိုးနှင့်ဘာသာရေးအရ ခွဲခြားပြီး နှိပ်စက်လျက်ရှိကြောင်း၊ ယခင်ကလည်း နွားခိုးခဲ့သည်ဟုမဟုတ်မတရားပြောဆိုကာ ရှူနာများ(ဘ) အဒူမူ နာဖ် နှင့် ရှူးနီယား(ဘ) ကူလ္လာမျာတို့နှစ်ဦးကို အဆိုပါမောင်ကေထွန်းက ရခိုင်ရွာကိုခေါ်ဆောင်၍ AAအဖွဲ့ရဲ့ ဒုဗိုလ် အာကာကို အပ်နှံခဲ့ကြောင်း သတင်းရရှိပါသည်။
သေကံအုပ်စုတွင် ရခိုင်အိမ်ခြေ ၆ လုံးသာရှိ၍ ရိုဟင်ဂျာအိမ်ခြေ ၃၀၀ကျော်ရှိကြောင်း၊ အယောက် ၂ဝ ခန့်ရှိတဲ့ရခိုင် များကAA အကြမ်းဖက်သမားများရဲ့ အားပေးမှုကြောင့် ရို ဟင်ဂျာများကိုအနိုင်ကျင့်နှိပ်စက်လာနေလို့ ရိုဟင်ဂျာ များမခံမရပ်နိုင်၍ တနေ့နေ့ တစ်ချိန်ချိန်မှာ ရခိုင်နှင့်ရိုဟင်ဂျာ ပြသာနာပေါ်ပေါက်လာနိုင်ကြောင်း။
ကျေးရွာတာဝန်ခံဦးအဒူရော်ကိမ်း(ဘ)အဒူဆူဘီး ကလည်း သေကံရွာတွင် မနေထိုင်ဘဲ ဘူးသီးတောင်မြို့ တွင်နေထိုင် ပြီး AA နှင့် အဆက်အသွယ်ပြုလုပ်၍ အမှူဆင်ပေးကာ ဝေစုစားနေလို့ ရွာသားများက စိတ်မကောင်းစွာဖြင့် ပြောဆို ခဲ့ပါတယ်။
AA အဖွဲ့က ရခိုင်ပြည်နယ်ရဲ့ မြို့နယ်တချို့ရှိ ရိုဟင်ဂျာမွတ်ဆလင်များကို တစ်နေ့ထက် တစ်နေ့ ပိုပြီး ညှဉ်းပန်းနှိပ် စက်နေတာကို ဒေသခံ တချို့က မကြာခဏ Rvision မှာ သတင်းပေးပို့တာတွေ ရှိပါတယ်။
တကယ်တော့ ရခိုင်ပြည်နယ် နေရာတစ်ခုခုမှာ ရခိုင်နှင့်ရိုဟင်ဂျာအကြားမှာ ပြသာနာပေါ် ပေါက် လာ မယ်ဆိုရင် ရိုဟင်ဂျာများနေထိုင်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အသီးသီး မှာလည်း လွှမ်းမိုးနိုင်မယ်လို့ ဒေသခံရိုဟင် ဂျာလူ ကြီးများက အလွန်အမင်းစိုးရိမ်နေကြောင်း ဆိုပါတယ်။
Reported By: ArakanGo
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်