နိုဝင်ဘာ ၀၆ ၊၂၀၂၁
ရခိုင်ပြည်နယ်မြို့နယ်တချို့မှာ ရိုဟင်ဂျာ အမျိုးသမီးများနှင့် အမျိုးသာများက အခြိမ်ခြိမ် လူကုန်ကူး ခံနေရပေမဲ့ အစိုးရက လူကုန်ကူးသူများကို ဖေါ်ထုတ်အရေးမယူလို့ အမျိုးသမီးများဟာ တောတောင် ထဲတွင် မဒိမ်းကျင့်ခံ နေရကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရ အောက်တိုဘာလ ၈ ရက်မှ ၂၆ ရက်အတွင်း လူကုန်ကူးခံရသူ ရိုဟင်ဂျာ ၁၈၆ ဦးကို ရခိုင်ပြည်နယ် နေရာအသီးသီးမှ ဖမ်းဆီးခဲ့ကြောင်း သိရ ပါတယ်။
ဒါ့အပြင်မောင်တောမြို့နယ်၊ ကြက်ရိုးပြင်မှရိုဟင်ဂျာအမျိုးသမီး ၃ ဦး၊ ဦးရှဉ့်ဂျားကျေးရွာမှ ရိုဟင်ဂျာ အမျိုးသမီး ၃ ဦးနှင့် မြို့မကညင်တန်းရပ်ကွက်မှ ရိုဟင်ဂျာအမျိုးသမီး ၁ ဦးအပါအဝင် အမျိုးသားနှင့် အမျိုးသမီးများ စုစုပေါင်း ၁၉၃ ဦး ဟာ မြန်မာအစိုးရရဲ့ လက်နက်ကိုင်တပ်ဖွဲ့များတွင် ဖမ်းဆီးခံခဲ့ ရ ကြောင်း ဒေသခံများက ဆိုပါတယ်။
ရခိုင်ပြည်နယ် မြို့နယ်များမှ အလုပ်အကိုင်မဲ့ဖြစ်၍ ထွက် ပြေးနေတဲ့ ဆယ်ကျော်သက်အရွယ် ရိုဟင်ဂျာ အမျိုးသားများ၊ မလေးရှားရောက် အမျိုးသားများနှင့် အိမ်ထောင်ပြုရန် နေရပ်စွန့်ခွာနေတဲ့ အမျိုးသမီး များဟာ မိမိတို့ရဲ့ ဂုဏ်သိက္ခာ၊ လုံခြုံရေးနှင့် အသက်ကို ပဓာနမထားဘဲ ရရာ နည်းလမ်းဖြင့် မလေးရှား နိုင်ငံသို့သွား ရောက်နေကြောင့် လူကုန်ကူး သူ ပွဲစားများဟာ အဆိုပါ အခွင့်အရေးကိုအမြတ်ထုတ်၍ အလွဲသုံးစားနေကြောင်း ပြောဆိုပါတယ်။
မကြာသေးမီက ရခိုင်ပြည်နယ်အထက်ပိုင်းတွင်အစိုးရကဖမ်းမိခဲ့သူများမှာ မောင်တော၊ ဘူးသီးတောင် နှင့်ရသေ့တောင် မြို့နယ်များမှဖြစ်ပြီး ၎င်းတို့အနက် ကိုးဆယ့်ခြောက်ရာခိုင်နှုန်းခန့်ဟာ အမျိုးသမီးပျို များဖြစ်၍ လေးရာခိုင်နှုန်းခန့်သာ အမျိုးသားများဖြစ်ကြပါတယ်။
၎င်းတို့ဟာ တဘက်ဘဂ်လားဒေရှ့်နိုင်ငံ ဒုက္ခသည်စခန်းတွင်နေထိုင်သူများဖြစ် ၍ မြန်မာပိုက်နက်အ တွင်း ကုန်း ကြောင်းနှင့် ရေကြောင်းဖြင့် မလေးရှားသို့သွားရောက်ရန်လူကုန်ကူးသူ ပွဲစားများကို တစ်ဦး လျှင်ငွေကျပ်သိန်း ၆၀ ပေခဲ့ရကြောင်း လူကုန်ကူးခံရသူ တစ်ဦးကပြောပါတယ်၊၊
လူကုန်ကူးခံရသူများဟာ လူကုန်ကူးပွဲစားများရဲ့ ဖြားယောင်သွေးဆောင်မူဖြင့် မောင်တောမြို့ မြောက် ပိုင်းနယ်စပ်မှ နေ့လည်အချိန်တွင် နယ်ခြားစောင့်ရဲများကို အခွန်ပေး၍ တရားဝင်သဖွယ် ဝင်လာလျက် ပြီး၊ ဘူးသီးတောင်သို့ ရခိုင် လူမျိုးများက မော်တော်ဆိုင်ကယ်ဖြင့်သော်လည်းကောင်း၊ မြန်မာစစ်တပ်က ကားဖြင့်သော်လည်းကောင်း ပိုဆောင်နေကြောင်းသိရပါတယ်။
တဖန် ၎င်းတို့ကို ဘူးသီးတောင်မြို့နယ်ဖုံညှိလိပ်(ဖြူမာလီ) ကျေးရွာသို့ ခေါ်လာပြီး ဘူးသီးတောင်-ပုဏ္ဏား ကျွန်းမြို့ ကားလမ်းအတိုင်း ဆက်လက်မောင်းနှင်းပို့ဆောင်၍ ရသေ့တောင်မြို့နယ် အာကာ တောင်ကျေးတွင် ရောက်သော် ညလူသူကင်းမဲ့အချိန်တွင် စက်လှေသို့တင်ဆောင်ကာ စစ်တွေမြို့သို့ ပို့ပေးကြောင်း အဆိုပါ လူကုန်ကူးခံရသူက ဆိုပါတယ်။
စစ်တွေမြို့၊ သဲချောင်းကျေးရွာမှတဆင့် ဧရာဝတီတိုင်းမြို့ တစ်မြို့သို့ ရခိုင်သားပိုင် စက်လှေဖြင့်ပို့ပေးကြောင်း၊ စက်လှေဖြင့်သွားရောက်ရာတွင် ပင်လယ်ပြင်တလျှောက်မှာ မြန်မာရေတပ်သင်္ဘော အများ အပြားရှိပေမဲ့ ၎င်းတို့က လည်း လူကုန်ကူးမှုတွင်ပါဝင်နေလို့ ဖမ်းဆီးအရေးယူခြင်းမရှိကြောင်း။
ဧရာဝတီတိုင်းမှတဆင့် လူကုန်ကူးခံရသူများကို ဆယ်ယောက်၊ တစ်ဆယ့်ငါး ယောက် ဖြင့် အဖွဲ့ခွဲကာ အဖွဲ့တစ်ဖွဲ့လျှင် လူကုန့်ကူးသူဂိုဏ်းမှ ငါးဦးစီကြီးကြပ်ကာ ခြေလျင်ဖြင့်တောတွင်း လမ်းလျောက်ပြီး ငါးရက်၊ ခြောက်ရက်ကြာမှ ထိုင်း နိုင်ငံသို့ ရောက်ရှိကြောင်း လူကုန်ကူးခံရသူက ထပ်ပြောပါတယ်။
အဆိုပါဂိုဏ်းသားများသည် ဗမာစကားပြောသူများဖြစ်ပြီး တောတောင်များတွင် ည အိပ်နေရစဉ် ရိုဟင်ဂျာ အမျိုးသမီး များကို အတင်းအဓမ္မသန္ဓေးတားဆေး ထိုးပေးကာ မဒိမ်းကျင့်ကြောင်း လွှတ် မြောက်လာတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့တွင် အမျိုးသမီး ၆ ဦး ဖမ်းမိခဲ့သူများကို ဖြားယောင်းခေါ်ဆောင်ခဲ့သူများမှာ ကူးတိုးသမား များဖြစ်ကြပြီး ၎င်းတိုံမှာ မောင်တောမြောက်ပိုင်း ဒါးကြီးဇားကျေးရွာမှ အီဒီရီစ်(ဘ) ဟာ လာယာ (၃၀နှစ်)၊ သရက်အိုး ကျေးရွာမှ ဟူးဘိုင်ဖ်(ဘ) နော်ဇိရ်ဟူဆောင်း(၂၀နှစ်) တို့ဖြစ်ပြီး၊ ဦးရှဉ့်ဂျား ကျေးရွာမှ (၁) ဖော်ရိတ်အာလောမ်(ဘ) အေရှာတ်ဟူဆောင် (၂) အီဆုပ်( ဘ) ဆာဘဲရ်အာမတ် (၃) ဖာ ရုခ် (ဘ) ရှောမ်ရှူ (၄) နုရ်ဟာရှိမ် (ဘ) ကာလာများ (၅) အဘုလ်ဟိုက်ရ်(ဘ) ရှောမူလုခ် (၆) ဆော်ကိရ် အာမတ်(ဘ)ဆော်ယောတ်ကောရိမ် (၇) မာမတ်ဆော်လိမ်(ဘ) အမတ် ဟူဆောင် (၈) ရော်ဖိက် (ဘ)ဇာ ဟိတ်ဟူဆောင်းနှင့် မြောတောင်ကျေးရွာ မှ ရှားကဲရ် (ဘ) ဟာရှိမ်း (၂၂နှစ်) တို့ဖြစ်ကြောင်း မျက်မြင် သက်သေများက ပြောပါတယ်။
မောင်တောမြို့ထဲ့တွင်ငွေလက်ခံသူမှာ မြို့မတောင်ရပ်ကွက်၊ အာလီရွာမှ မြောတောင်ဇာတိြဖစ်သူ မော်လဝီရော် ဟိမုလ္လာ ဖြစ်ကြောင်း အဆိုပါမျက်မြင် သက်သေများက ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်တွင်ငွေလက်ခံသူမှာ အာလီချောင်းကျေးရွာအုပ်စု၊ ခဲဇားဖြူရွာနေဆန်စက်ပိုင်ရှင် ဇာဖော်ရ် (၄၂နှစ်)ဟာ အဓိကဖြစ်ပြီး၊ ၎င်းရဲ့ လက်အောက်ငယ်သားများမှာ ဂူတာပြင်ကျေးရွာမှ မာမတ် တာဟဲရ်(ဘ) နူရ်မာမတ်(၂၈နှစ်)၊ ဖုံညှိလိပ်ကျေးရွာမှ ကာမာလ်ဟူဆောင်း (ဘ) မာတာဆောင်းန် (၅၀ နှစ်) တို့ ဖြစ်ကြပါတယ်။
ရသေ့တောင်မြို့နယ်တွင် လူစုဆောင်ထားရှိသူနှင့် စက်လှေပေါ်တင်ပေးသူမှာ-အာကာတောင်ကျေးရွာမှ နော်ဇီရ်အာ မတ်(ဘ)ဖဲရာန်(၆၅နှစ်)၊ အဒူဇော်လိလ် (ဘ)အဒူရော်ဟိမ်း(၄၅နှစ်)၊ ဂျော်မိလ် (ဘ) အာလီ ဟူးဆောင်း(၃၅ နှစ်)၊ ဒီလူ(၄၂ နှစ်)တို့ဖြစ်ကြပါတယ်။
စစ်တွေမြို့နယ်တွင်လူလက်ခံသူမှာ သဲချောင်းကျေးရွာမှ ဦးချော်ဖိခ် ဖြစ်ကြောင်း သိရပါတယ်။
တဖက် ဘဂ်လားဒေရှ့်နိုင်ငံ ဒုက္ခသည်စခန်းအသီးသီးမှ လူစုဆောင်းနေသူမှာ အာဆာအဖွဲ့ဝင်များဖြစ်ပြီး၊ ကားနှင့် စက်လှေဖြင့် ပို့နေသူမှာ-အေအေအဖွဲ့ဝင်များဖြစ်ပါတယ်။ ခြေလျင်ဖြင့်တောတွင်း လမ်းလျှောက်ပို့နေသူများမှာ တပ်သားများဖြစ်ကြောင်းသိရပါတယ်။
Reported By: Maung Wunna
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်