နိုဝင်ဘာ ၄၊ ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်း၊ ဒု-ညောင်ပင်ကြီးကျေးရွာတွင် ဆင်းရဲနွမ်းပါးတဲ့ ရိုဟင်ဂျာမိ သားစု ၄၀ အား NGO အဖွဲ့ AGE မှ လူသားချင်းစာနာမှုအကူအညီအားဖြင့် ငွေ ၁ သိန်း ၅ ထောင်ကျပ်စီ ထောက်ပံ့ခဲ့ရာ ကျေးရွာအုပ် ချုပ်ရေးမှူးက ၁ သောင်းကျပ်စီ ညှစ်ခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ လ ၃၁ ရက်တွင် AGE အဖွဲ့မှ ဝန်ထမ်းတစ်ချို့ဟာ ဒု-ညောင်ပင်ကြီးကျေးရွာကို လာရောက် ခဲ့ပြီး အစိုးရမူ/ လွန်ကျောင်းရဲ့ ဆင်းရဲတဲ့ကျောင်းသား ၄၀ ရဲ့မိသားစုကို လူသားချင်းစာနာမှု အကူအညီအနေနဲ့ ငွေ ၁ သိန်း ၅ ထောင်ကျပ်စီ ထောက်ပံ့ခဲ့ရန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း (ခေါ်) အာဇီဇူလ်ဟောခ်အား လက်လွှတ်ခဲ့ပါတယ်။
ထို့နောက် အုပ်ချုပ်ရေးမှူးက အဆိုပါ ့မိသားစု ၄၀ ကို AGE အဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ငွေခွဲဝေပေး နေစဉ် AGE မှ လာရောက်တဲ့ ဝန်ထမ်းများအား ဧည့်ခံကျွေးမွေးရမည်ဟုပြောဆိုပြီး မိသားစုတစ်စုမှ ငွေ ၁ သောင်းကျပ်ထိထိ အတင်း အဓမ္မ ဖြတ်ယူခဲ့ကြောင်း။
ဒါ့အပြင် AGE အဖွဲ့မှ ထောက်ပံ့ငွေရရှိတဲ့ ၎င်းကျောင်းသူ/သားများရဲ့ ကျူရှင်ပြဆရာတစ်ဦးမှ အဆိုပါ အုပ်ချုပ်ရေး မှူးက ငွေ ၄ သောင်းကျပ် ဖြစ်ယူထားခဲ့ကြောင်း ရွာသားတစ်ဦးက ပြောပါတယ်။
AGE အဖွဲ့မှ ထောက်ပံ့ငွေများကို မိုးစပါးစိုက်ပျိုးသူများအားအဓိကထားပြီး ထောက်ပံ့ခဲ့ကြောင်း သိရပါတယ်၊၊
ဒီလိုကပ်ဘေး အခက်ခဲနဲ့ရှင်သန်နေရတဲ့အချိန်မှာ ကျေးရွာအုပ်ချုပ်ရေးမှုက မတရားသဖြင့် ခေါင်းပုံဖြတ် နေတာကို သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများအနေဖြင့် အမြန်ဆုံး ထိရောက်စွာ အရေးယူပေးပါရန် ရွာသားများက တောင်းဆို ပါတယ်။
Reported By: Maung Htay
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်