Press "Enter" to skip to content

ဘူးသီးတောင် စိုင်းဒင်ချောင်းတွင် အခွန်ကောက် ရန် AA အဖွဲ့မှ ကိုယ်စားလှယ်ခန့်အပ်

အောက်တိုဘာ ၃၁၊၂၀၂၁

ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်း တစ်လျှောက်ရှိ တောတောင်များမှ သစ် နှင့် ဝါးများခုတ်ပြီး အသက်မွေးဝမ်းကျောင်းရှာနေတဲ့ ရိုဟင်ဂျာများမှ စစ်တပ်မှ အခွန်ကောက်နေပယ်မဲ့ AA အဖွဲ့ လည်း အခွန်ကောက်ရန် ကိုယ်စားလှယ်ခန့်အပ်ပြီဖြစ်ကြောင်း သိရပါတယ်။

၂၀၂၁ ခုနှစ်အောက်တိုဘာလ ၂၅ ရက်တွင် AA အဖွဲ့မှ ခန့်အပ်ထားတဲ့ ကိုယ်စားလှယ်များမှာ ဘူးသီး တောင်မြို့မှ ဦးဘခင်(ဘ)  ဦးဖြိုသားဦး ၊ လေးမြို့အုပ်စု၊ ကြာညိုပြင်ရွာမှ ဦးကျော် သောင်းအောင်(ဘ) ဦးမောင်ထွန်းနှင့် ဇော်ဇော်ဦး(ဘ) ဦးမောင်ထွန်း၊ ကင်းတောင်ရွာမှ ကျေးရွာ တာဝန်ခံ ဖိုရ်ခါန်း နှင့် သ ရက်ကင်းမနုရွာမှ ကျေးရွာတာဝန်ခံ အဘူဆီးဒိက် တို့ဖြစ်ကြပါတယ်။

အဆိုပါကိုယ်စားလှယ် ၅ ဦးတို့က တစ်ဦးတည်းကိုယ်စာလှယ်ဆွဲထားပြီး အခြားသစ်ဝါးလုပ်ငန်း ရှင်များကို လုပ်ငန်းလုပ်ပိုင်ခွင့် မပေးရန်ကြိုးစားနေကြောင်း ဒေသခံများက ပြောပါတယ်။

စိုင်းဒင်ချောင်းတွင် သစ်ဝါးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ၇၀ ကျော်ရှိပြီး ၎င်းတို့က တတ် နိုင်သလောက် အလုပ်သမားငါးရမ်းကာ သစ်ဝါးခုတ်ပြီး ရောင်းချ၍ မိသားစုများအား ထောက်ပံ့နေသူ များ ဖြစ်ကြပါတယ်။

ဒီနှစ် ရာသီအစတွင် အဆိုပါ AA ရဲ့ ရန်ပုံငွေရှာပေးနေသူ ၅ ဦးတို့က တစ်ဦးတည်းကိုယ်စားလှယ် ဆွဲထားပြီး သာမန်လုပ်ငန်းရှင်များမှ တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ စီတောင်းနေတဲ့အတွက် လုပ် ငန်းရှင် ၁၀ ယောက်ခန့် မှာ လုပ်ငန်းပိတ်နေရကြောင်း ၎င်းလုပ်ငန်းရှင်များအနက် တစ်ဦးက ပြောပါတယ်။

သာမန်လုပ်ငန်းရှင်များမှ အဆမတန် အခွန်ကောက်နေခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လုပ်ငန်းရှင် အ များစုက လုပ်ငန်းစမလုပ်နိုင်ရန်နှင့် ဆင်းရဲသားရိုဟင်ဂျာအလုပ်သမားများမှ သစ်ဝါးများကို ဈေးနိမ့် ပေးပြီး ဝယ်ယူကာ ဈေးတင်ရောင်းချပြီး အမြတ်များများရနိုင်အောင် ကြံရွယ်ခြင်းဖြစ် ကြောင်း အဆိုပါ လုပ်ငန်းရှင်က ဆိုပါတယ်။

AA နှင့် ၎င်းရဲ့ကိုယ်စားလှယ်အဖွဲ့မှ ဒုက္ခပေးခြင်း ရပ်တန့်မှုမရှိလို့ ဒေသခံဆင်းရဲတဲ့အလုပ်သမား များနှင့် ရွာသူရွာသားများက အစာငတ်ပြီးသေရမည်ကို အင်မတန် စိုးရိမ်းနေကြောင်း သိရပါ တယ်။

Reported By: ArakanGo

အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.