Press "Enter" to skip to content

မောင်တောခရိုင်တွင် ရိုဟင်ဂျာများ တစ်နေရာမှတစ်နေရာသို့ အသွားအလာလုပ်ရာတွင် အဆမတန် ငွေညှစ်ခံရ

အောက်တိုဘာ ၂၄၊၂၀၂၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် နေတိုင်နေတဲ့ ရိုဟင်ဂျာများသည်  မောင်တောမြို့နှင့်  ဘူးသီးတောင်မြို့ နှစ်မြို့အ တွင်း အသွားအလာလုပ်ရာတွင် အာဏာပိုင်များက အထောက်အထားအမျိုးမျိုး ကိုင်ဆောင်စေပြီး ၎င်းတို့ထံမှ  အဆမ တန် ငွေညှစ်နေကြောင်းသိရပါတယ်။

ယခင်စစ်အာဏာရှင်လက်ထက်မှာ မောင်တောမြို့မှဘူးသီးတောင်မြို့သို့သွားလာရာတွင် ရိုဟင်ဂျာများတွင် ခရိုင် လဝကရုံးမှ ပုံစံ(၄) ကိုင်ဆောင်ရခဲ့ကြောင်း၊  ဒီမိုကရေစီအစိုးရတက်လာပြီး အမျိုးသားမှတ်ပုံတင် ကဒ်ပြား (NRC) ကိုင်ဆောင်သူများအား ၎င်းကဒ်ပြားဖြင့်သွားလာခွင့်ပြုခဲ့ပါတယ်။

၂၀၁၆ခုနစ်တွင် မောင်တောမြို့နယ်မှ လုံခြုံရေးတပ်ဖွဲ့အချို့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း လဝကပုံစံ(၄)ကို ထုတ်ပေး ခဲ့ခြင်းမရှိဘဲ NVC ကဒ်ပြားနှင့် NRC ကိုင်ဆောင်သူများကို သွားလာခွင့်ပြုခဲ့ကြောင်း မောင်တောမြို့ ပေါ်သား တစ်ဦး က Rvision ကို သတင်းပို့ပါတယ်။

ဒါပေမဲ့ အခုစစ်ကောင်စီလက်ထက်မှာတော့  အောက်တိုဘာလမှစပြီး NRC ကဒ်ပြားဖြင့်သွားလာနေသူများကို သက် ဆိုင် ရာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ၊ အိမ်ထောင်စုစာရင်းနှင့် လဝကမှပုံစံ(၄) ပြနိုင်မှာသာ သွားလာ ခွင့်ပြုမယ်လို့ ပြောဆိုပြီး မောင်တောနှင့် ဘူးသီးတောင် နယ်ခြားစောင့်ရဲစစ်ဆေးရေးဂိတ်များမှ ခရီးသည်များကို ပြန်ပို့နေ ကြောင်း အဆိုပါမြို့ ပေါ်သားက ပြောပါတယ်။

ခရီးသည်တစ်ဦးက “ဒါဟာ လူမျိုးနဲ့ဘာသာရေးအရ နှိပ်စက်မှုတစ်ခုပါ။ အာဏာပိုင်တွေက ရိုဟင်ဂျာတွေကနေ ငွေ ညှစ်ဖို့ ထောင်ချောက်ဆင်ထားတာပေါ့။ မောင်တောမှ ရိုဟင်ဂျာတွေ ဘူးသီးတောင်ထောင်ထဲရှိ အကျဉ်းသား တွေအ တွက် အစာရေစာ ပေးသွင်းမရနိုင်အောင်၊ ပြီးတော့ ဘူးသီးတောင်မှ ရိုဟင်ဂျာလူနာတွေ မောင်တောကို လာရောက်ပြီး ဆေးကုသမှုမခံနိုင်အောင် ရည်ရွယ်ပြီးလုပ်နေတာပါ” လို့ ပြောဆိုပါတယ်။

အခုကျတော့ လဝကမှပုံစံ(၄)တစ်စောင်ထုတ်ပေးခ အနေနဲ့ ၈ ထောင်ကျပ်၊ ပတ်စ်ပို့ဓါတ်ပုံနှစ်ပုံနှင့် အုပ်ချုပ်ရေးမှူး ထောက်ခံစာ တစ်စောင်ရဖို့ ၂ သောင်းကျပ်ထိထိ ကုန်ကျနေရကြောင်း၊ အာဏာပိုင်တွေရဲ့ စာနာမှုနှင့် အသိတရား ကင်းကင်းမဲ့မဲ့ ကန့်သတ်မှုခံနေရလို့ ထောင်ဝင်စာပို့သူများ၊ ထောင်ကျနေသူများနှင့်သွားတွေ့လိုသူ များ၊ ဆေးကုသ ရန်သွားရောက်လိုသူများရဲ့ ဆင်းရဲဒုက္ခဟာ တစ်နေ့ထက်တစ်နေ့  တိုးလာနေကြောင်း ဒေသခံ များက ပြောပါတယ်။

ဒေသခံအာဏာပိုင်များက NVC ကဒ်ပြား ကိုင်ဆောင်သူများကို စစ်ဆေးရေးဂိတ်များတွင် မည်သူမည်ဝါဖြစ် ကြောင်း ခွဲခြားရွေးထုတ်ခြင်း မလုပ်နိုင်ပေမဲ့ အခြားတစ်ဖက်က ရိုဟင်ဂျာများအား NVC ကဒ်ပြား ကိုင်ဆောင်ရန် ဖိအားပေး ခြင်းသည် လုံးဝ ယုတ္တိမရှိပါဘူး။  

Reported By: Kyaw Swa Min

အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.