Press "Enter" to skip to content

ရသေ့တောင်မြို့နယ်တွင် AA က ရိုဟင်ဂျာတွေကို ဖိနှိပ်ပြီး အခွန်ကောက်နေ

အောက်တိုဘာ ၂၀၊ ၂၀၂၁

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ရခိုင်လက် နက်ကိုင် အကြမ်းဖက်အဖွဲ့ AA က ရိုဟင်ဂျာတွေကို ဖိနှိပ်ပြီး အခွန်ကောက်နေကြောင်း သိရပါတယ်။

၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသာမှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးခေါင်းစဉ်နှင့် ရိုဟင် ဂျာ လူမျိုးတုံ့သတ်ဖြတ်ပြီး ရသေ့တောင်မြို့နယ်တွင် ရိုဟင်ဂျာကျေးရွာ ၅ ရွာသာကျန်နေပါတယ်။

အဆိုပါ ကျေးရွာများရှိ ရိုဟင်ဂျာများရဲ့ အသွားအလာ နှင့် အလုပ်အကိုင် မပြုလုပ်နိုင်အောင် အဖက်ဖက်မှ ပိတ် ပင်ထားတဲ့အတွက် ၎င်းတို့ရဲ့ ဆင်းရဲဒုက္ခဟာ အကန့်အသတ်မရှိ ဖြစ်နေတဲ့အချိန်မှာ AA ကလည်း ကော်မတီများ ဖွဲ့စည်း၍ အခွန် ကောက်နေကြောင့် အစာငတ်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရသေ့တောင်မြို့နယ်၊ အနောက်ပြင်အုပ်စုတွင် အိမ်ခြေ ၅၈၅ ရှိပြီး ၎င်းင်းတို့ထံမှ  ခြောက်လအရင်ကပင် မိသားစု တစ်စုမှ လစဉ် ငွေကျပ် ၅၀၀၀ နှင့် ဆန် ၅ သိုက်ထိထိ ကောက်ယူနေကြောင်း၊ ရွာသားတစ်ဦးက ပြောဆိုပါ တယ်။

AA မှ သတ်မှက်ထားတယ်အတိုင်း လစဉ်အခွန်များ ကောက်ယူရန် အနောက်ပြင်အုပ်စုတွင် ရိုဟင်ဂျာ ရွာသားများနှင့် အတင်းအကျပ် ဖွဲ့ စည်းပေးတဲ့ ကော်မတီရဲ့ အဖွဲ့ဝင် ၁၂ ဦးမှာ-

၁။ တော်ဘာရဲခ်(ဘ) အာဘူတာဟဲရ်

၂။ ဆော်လိမ်(ဘ) နိုရ်အီဆာလာမ်

၃။ မာမတ်တော်ယုပ်(ဘ )ရှူနာများ

၄။ ဟူဘာယာ(ဘ) နိုရ်ဘောက်ရှူ

၅။ နုရ်ကာမာလ်(ဘ) ဂူရာမျာ

၆။ ကာယာစ်(ဘ) ရှော်ရိဟူဆောင်း

၇။ ဂျုနိုက်(ဘ) ရော်ရှိတ်အာမတ်

၈။ မိုဟာမတ်ရော်ဖိက်(ဘ) နိုရ်ဘောက်ရှူ

၉။ မာမတ်ရော်ဟိမ်(ဘ) အာလီအာခ်ဘောရ်

၁၀။ အေးမောင်(ဘ) ကာဆိမ်း

၁၁။ အာဘာစ်(ဘ) လာလူချေ နှင့်

၁၂။ ဂျာဘဲရ်(ဘ) အာဘူ တို့ဖြစ်ကြပါတယ်၊၊

၂၀၁၇ ခုနှစ်အရင်က ရိုဟင်ဂျာတွေကို နှိပ်စက်သတ်ဖြတ်ရန် မြန်မာအာဏာပိုင်များသာရှိရင်လည်း အခုကတော့ ရက္ခိုင့်တပ်မတော်(AA) လည်း ပူးပေါင်း နှိပ်စက်သတ်ဖြတ်နေတဲ့အတွက် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်သူ ၂ ဆတိုးပွားလာပြီ ဖြစ်တယ်။

Reported By: ArakanGo

အယ်ဒီတာမူဟာမတ်ရှူးအိုက်(ဗ်)

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.