Press "Enter" to skip to content

မောင်တောမှာ နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာ လူငယ်တစ်ဦး ကို ပြန်ပေးဆွဲပြီး ရွေးဖိုးရမှ လွှတ်ပေး

အောက်တိုဘာ ၁၈၊ ၂၀၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းဦးရှဉ့်ဂျားကျေးရွာမှ ရိုဟင်ဂျာ လူငယ်တစ်ဦးကို နယ်ခြားစောင့်ရဲ များက ပြန်ပေးဆွဲမှုပုံစံနှင့်  ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွေးဖိုးတောင်းယူပြီးမှ လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာလ ၁၆ ရက်၊ ည ၅ နာရီကျော်အချိန်တွင် ရေမျက်တောင်ကျေးရွာအခြေစိုက် နယ်ခြားစောင့် ကင်းစခန်းမှ ရဲများသည် လူကုန်ကူးမှုးနှင့်ဆက်နွယ်သူများကို လိုက်လံဖမ်းဆီးရန် ဘူးရားရှီးဒါဖာရာ (ခေါ်) ဦးရှဉ့်ဂျားကျေးရွာသို့ ရောက်ရှိလာခဲ့ပါတယ်။

အဆိုပါဆကျးရွာတွင် ပြစ်မှုကျူးလွန်သူ တစ်စုံတစ်ဦးမှ မတွေ့လိုက်တဲ့အတွက် နောက်ဆုံးမှာတော့ ၎င်းကျေး ရွာအုပ် စု၊ ရပ်ကွက် (၂)မှ ရှောမ်ရှုးလ်ဟောက်ခ်ရဲ့ (၁၇နှစ်) အရွယ်သား တစ်ဦးကို နယ်ခြားစောင့်ရဲများက လယ်ပြင်မှာ တွေ့ခဲ့ ရာ ၎င်းကို ပြန်ပေးဆွဲသလို လက်ထိပ်ခတ်ပြီး စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊၊ 

နယ်ခြားစောင့်ရဲများက ၎င်းသည်လူကုန်ကူးမှုးနှင့်ဆက်နွယ်မှု မရှိသည်ကို အရင်ကပင်သိတယ်အတွက် ရွေးဖို့ အနေနှင့် ငွေ ၆ သိန်းကျပ်တောင်းယူပြီး  ည ၈နာရီအချိန်လောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း မျက်မြင်သက် သေ တစ်ဦးက Rvision သို့ သတင်းပို့ပေးပါတယ်။

ဒေသခံတစ်ဦးက “ အာဏာပိုင်တွေက တရားခံမရရင် ရိုဟင်ဂျာ တစ်ဦးဦးကို တမင်တကာ ဖမ်းတယ်။ ဘာပြစ်မှုမှကျုး လွန်းခြင်းမရှိပေမဲ့ ငွေညှစ် တယ်။ ငွေပေးပြီးမှပြန်လွှတ်လာရတာတာဟာ တရားဝင် လက်နက်တွေနဲ့ ပြန် ပေးဆွဲသ လိုပုံစံပေါ့။ တကယ့် လူကုန်ကူးမှုးပွဲစားတွေကို အခုချိန်ထိ ဖမ်းဆီးတာမရှိဘူး” လို့ ပြောပါတယ်။

နယ်ခြားစောင့်ရဲများရဲ့ တမင်တကာ  ဖမ်းဆီးပြီး ငွေညှစ်မှုဟာ ရိုဟင်ဂျာများကို ဘာသာရေးနှင့် လူမျိုးရေးအရ သက် သက်ခွဲခြားဆက်ဆံပြီး ညှဉ်းပန်းနှိပ်စက်ခြင်းမဟုတ်ဘဲ ပြန်ပေးဆွဲပြီး ရွေးဖိုးတောင်းသလို  ဖြစ်ပါတယ်။

Reported By: Maung Htay

အယ်ဒီတာမူဟာမတ်ရှူးအိုက်(ဗ်)

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.