အောက်တိုဘာ ၁၄၊ ၂၀၂၁
ဘိုးဘေးဘီဘင်ပိုင် အာရ်ကာန်ဒေသမှရိုဟင်ဂျာများ တစ်ဖက်နိုင်ငံထွက်ပြေးရန် ရခိုင် ပြည်နယ် တစ်ပြည်လုံး တွင် လွတ်လွတ်လပ်လပ် လှုပ်ရှားနေတဲ့ ရက္ခိုင့်တပ်မတော် (AA) အခေါ်အဝေါ်နဲ့ ကျော်ကြားတဲ့ ရခိုင်လက် နက်ကိုင် အ ကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရိုက်နှက်ခြင်း၊ အခွန်ကောက်ခြင်းနှင့် ဥစ္စာပစ္စည်း သိမ်းပိုက်ခြင်းများ စတင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်းကျေးရွာအုပ်စု ဒိုးတန်းကျေးရွာမှ ရိုဟင်ဂျာ ၉ ဦးသည် အောက်တိုဘာလ ၁၁ ရက်နေ့ တွင် ရွာရဲ့ အနောက်ဖက်တွင်ရှိ မေယုတောင်တန်းတွင် ထင်းခုတ်နေစဉ် AA အဖွဲဝင်တချို့က ၎င်းတို့အား ဖမ်းဆီး ကာ လူမဆန်စွာရိုက်နှက်၍ တစ်ရက်တိုင်တိုင် ဖမ်းဆီးထားပြီး နောက်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၀၃: ၀၀ နာရီခန့်အချိန်တွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိပါတယ်။
၎င်းရိုဟင်ဂျာများသည် အလွန်းအလွန်ဆင်းရဲသားများဖြစ်၍ တောတောင်မှ ထင်းခုတ်ပြီး ရောင်းစားနေသူများဖြစ် ကြောင်းသိရပါတယ်။
AA သည် ရိုဟင်ဂျာကျေးရွာများနှင့်ထိစပ်လျက်ရှိ တောင်တန်းများတွင် ခြေကုတ်စခန်းချနေပြီး ရိုဟင်ဂျာများရဲ့ အ သွားအလာနှင့်အလုပ်အကိုင်များကို ပိတ်ပင်ခြင်း၊ လယ်ယာစိုက်ခင်းများကိုဖျက်ဆီးခြင်းနှင့် ပိုဆိုင်မှုများကို အတင်း အဓမ္မ ပိုင်ဆိုင်လာ၍ ရိုဟင်ဂျာများအာရ်ကာန်ပြည်မှ ထွက်ပြေးသွားအောင်နှိပ်စက်နေကြောင်း အမည်မဖေါ်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
AA အဖွဲ့ဝင်များထံ ဖမ်းဆီးရိုက်နှက်ခံရသူများမှာ-(၁)အဒူဂေါ်နီ(ဘ)အဒူလ္လာ (၂) မာမတ်ရော်ဖိက်(ဘ) မာမတ်ဆီး ဒီက်(၃) ဆော်လိမ်(ဘ)ဖူတီယား (၄) ရှူက္ကူရ်(ဘ)ဖူတီယား (၅) အဒူဆော်လာမ်(ဘ) အဒူဂေါ်ဖောရ် (၆) နုရ်အာ မိန် (ဘ) အဒူ လာ (၇) တော်ယုပ်(ဘ)ဆော်ကိရ်အာမတ် (၈) အုစ်မာန်(ဘ)မူဆာအာလီ (၉) ရှော်ဖိက်အူလာ(ဘ) အဒူရှူ က္ကူရ် တို့ဖြစ်ကြပါတယ်။
၂၀၂၁ခုနှစ်အောက်တိုဘာလ ၇ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် စေတီတောင်အုပ်စုမှာ AA မှအဖွဲ့တစ်ဖွဲ့ လာ ရောက် ပြီး ရိုဟင်ဂျာများရဲ့ ရပ်မိရပ်ဖများကို အစည်းအဝေးခေါ်ခဲ့ကြောင်း၊ ၎င်းင်းအစည်းအဝေးတွင် AA အဖွဲ့သည် ၈၀ ရာခိုင် နှုန်း အာရ်ကာန်ပြည်ကို အုပ်ချုပ်နိုင်ပြီဖြစ်ကြောင်း၊ AAအဖွဲ့သည် မကြာခင် အာရ်ကာန်ဒေသကို သိမ်းယူ လိုက်မည် ဖြစ်ကြောင်း၊ အာရ်ကာန်ပြည်တွင်နေထိုင်လိုလျှင် ရိုဟင်ဂျာအနေဖြင့် အဆင့်အတန်းအလိုက်နှင့် အိမ်ခြေ အလိုက် လစဉ် အခွန် ၅၀၀၀၊ ၃၀၀၀၊ ၂၀၀၀ ကျပ်စီ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြောဆိုပါတယ်။
၎င်းအခွန်ကို စက်တင်ဘာလမှစ၍ပေးသွင်းရမည်ဖြစ်ကြောင်း၊ ငါးဖမ်းပိုက်၊ ပုဇွန်ကန်၊ ငါးမွေးမြူရေးကန်များ စသည့် လုပ်ငန်းများတွင်လည်း အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း၊ အခွန်မပေးဆောင်ပါက ဖမ်းဆီး ထောင်ချမည့် အပြင် အာရ်ကာန်ပြည်မှ နှင်ထုတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ရွာသားတစ်ဦးက ပြောပါတယ်။
ထို့နောက် အောက်တိုဘာလ ၆ ရက်နေ့တွင် ၎င်းမြို့နယ် သေကံခွဆုံအုပ်စု၊ ဝက်မကျကျေးရွာတွင်လည်း AA အဖွဲ့ ရောက်ရှိလာ၍ အလားတူ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အဆိုပါရွာသားက ပြောပါတယ်။
ထို့အပြင် ရိုဟင်ဂျာ မိသားစုတစ်စုမှ အမျိုးသား တစ်ဦးဦးက AA အဖွဲ့ရဲ့ အုပ်ချုပ်ရေးနှင့် ရဲလုပ်ငန်းတွင် ပါဝင်လာလျှင် ၎င်းမိသားစုမှ အခွန်ပေးဆောင်ရမည် မဟုတ်ကြောင်းကိုလည်းထည့်သွင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။
AA အဖွဲ့တွင် ်ရိုဟင်ဂျာတစ်စုံတစ်ဦး ပါဝင်မယ်ဆိုရင် သူနှင့်သူရဲ့ မိသားစုသည် မြန်မာ့စစ်တပ်၏သားကောင်ဖြစ်လိမ့် မယ်။ မပါဝင်မယ်ဆိုရင် AA က ရက်စက်မယ်။ ဒါက ရိုဟင်ဂျာများကို သတ်ဖြတ်ရန် နှင့်မောင်းထုတ်ရန် အတွက် စစ်ကောင်စီနှင့် AA ရဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှု တစ်ခုဖြစ်တာကို ပေါ်လွင်နေပါတယ်။
Reported By: ArakanGo
အယ်ဒီတာ– မူဟာမတ်ရှူးအိုက်(ဗ်)