အောက်တိုဘာ ၁၁၊ ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်ရပ်ကွက်များတွင် ဧည့်စာရင်းတိုင်ကြမှုနဲ့ ကျေးရွာတာဝန်ခံများက မတော် မတရား အကြောင်းအမျိုးမျိုး ပြပြီး ရိုဟင်ဂျာများမှ ငွေညှစ်နေကြောင်း သိရပါတယ်။
မောင်တောမြို့ပေါ်ရပ်ကွက်များကိုအောက်တိုဘာလမှစတင်ပြီး ရဲများနှင့်လဝကများပူပေါင်း၍ ဧည့်စာရင်းများ စစ် ဆေးလျက်ရှိနေတဲ့အတွက် မိမိတို့ရဲ့ ကျေးရွာများမှ တခြားကျေးရွာများတွင် အကြောင်းအမျိုးမျိုးနှင့် သွား ရောက် နေရတဲ့ ရိုဟင်ဂျာများမှာ ဧည့်စာရင်းတိုင်နေရကြောင်း ဒေသခံများက ပြောပါတယ်။
မြို့မတောင်ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူ ဦးလှသိန်း(ခေါ်)မော်ဂျီအူလ္လာရဲ့ လက်အောက်ငယ်သား ဦးမာမတ်ခါန်း သည် ၎င်းရပ်ကွက်ရဲ့ ဧည်းစာရင်းများကို လက်ခံသူတစ်ဦးဖြစ်ကြောင်း၊ အမျိုးသားမှတ်ပုံတင်ကဒ်ပြားနှင့် NVC ကဒ်ပြား တို့ဖြင့် ဧည့်စာရင်းတိုင်ရန် သူ့ဆီ သွားရောက်သူများကို လက်မခံဘဲ သက်ဆိုင်ရာ မူလကျေးရွာ အုပ်ချုပ် ရေးမှုရဲ့ ထောက်ခံစာပါမှာသာ ဧည့်စာရင်း လက်ခံနေကြောင်း။
အဆိုပါကဒ်ပြားများဖြင့် မောင်တောမြို့နှင့်ဘူးသီးတောင်မြို့နယ် တစ်ခွင်လုံးကို လွတ်လပ်စွာသွားရောက် နိုင်သော် လည်း မြို့ မတောင်ရပ်ကွက်တွင် ညအိပ်မယ်ဆိုရင် မိမိတို့နေတိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ရွာထွက် လက်မှတ် သို့မဟုတ် ထောက်ခံစာကို မရှိမဖြစ် ယူလာရမယ်ဟု ပြောဆိုခြင်းသည် ၎င်း ကျေးရွာတာဝန်ခံများ ကိုယ်တိုင် တည်ဆဲ ဥပဒေကို ပွင့်ပွင့်လင်းလင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း ရွာသားများက ပြောပါတယ်။
ထို့အပြင်၂၀၁၇ ခုနစ်တွင် အကြမ်းဖက်မီးရှုံ့မှုဖြစ်ပွား၍ အိုးအိမ်နှင့် ရပ်ရွာများကိုစွန့်ခွာပြီး မြို့မတောင်ရပ်ကွက်သို့ ခိုလှုံ နေထိုင်လျက်ရှိသော အိမ်ထောင်စုများသည် နှစ်စဉ့်နှစ်တိုင်း နိုင်ငံတော်အစိုးရမှ လူဦးရေစာရင်းစိစစ်မှု (ဆွဲတင်စစ်)ကို ၎င်းရပ်ကွက်တွင် အစစ်ဆေးခံယူလျက်ရှိကြောင်း။
အဆိုပါအိမ်ထောင်စုများသည် ဦးမာမတ်ခါန်းဆီ ဧည့်စာရင်းတိုင်ကြားရန်သွားရောက်ပါက မူလကျေးရွာအုပ် ချုပ်ရေး မှုးရဲ့ ထောက်ခံစာ တောင်းခံလျက်ရှိတဲ့အတွက် ၎င်းတို့က “မိမိတို့မှကျေးရွာမရှိ၊ အုပ်ချုပ်ရေးမှူးလည်း မရှိတဲ့အတွက် ထောက်ခံစာ ဘယ်ကယူလာမယ်လဲ” ဟု တင်ပြရင်လည်း သူက “ခင်ဗျာတို့ ဒီရွာကမဟုတ်ဘူး၊ အဲဒါငါတို့နဲ့မဆိုင်ဘူး၊ ငါတို့ကထောက်ခံစာပါမှသာ လက်ခံလို့ရမယ်” စသဖြင့် အလွန်ရိုင်းစိုင်း ကြမ်းတမ်းစွာ ပြော ဆိုဆက်ဆံနေကြောင်း ၎င်းတို့မှ အမည်မဖော်လိုသူတစ်ဦးကပြောဆိုပါတယ်။
ဦးမာမတ်ခါန်းသည်ယခင်က မြို့နယ်လဝကရုံးရဲ့ ပွဲစားတစ်ဦးဖြစ်ကြောင့် ငွေညှစ်မှု နည်းလမ်းရှာပြီး ရိုဟင်ဂျာ များကို ခေါင်းပုံဖြတ် နေသူတစ်ဦးဖြစ်ကြောင်း၊ ၎င်းသည်လူအချင်းချင်းရိုင်းပင်းကူညီမှု၊ သနားညှာတာမှုနှင့် စာနာ မှုကင်းမဲ့သူ တစ်ဦး ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများက ပြောပါတယ်။
ဒေသခံတစ်ဦက “သူ့ကို ရပ်ကွက်သားတွေကခန့်တာမဟုတ်၊ အစိုးရလည်းခန့်တာမဟုတ်။ သူကသူ့ထက် အသက် ကြီးတဲ့လူတွေနဲ့ မရိုမသေဆက်ဆံတယ်။ သူကရပ်ကွက်သားတွေကို သူ့ရဲ့ ကျေးကျွန်လို သဘောထားတယ်” လို့ ပြောပါတယ်။
ဧည့်စာရင်းတင်ကြရာတွင်မြို့မတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူရုံးတွင် စေတနာအလျောက်လက်ဘရည်ဖိုး တောင်း ခံနေသလို မြို့မအရှေ့ရပ်ကွက်မှ ရာအိမ်မှူး ဦးဂျုးဟာရ်ဟူဆိန်း ကသူ့ရပ်ကွက်မှာ ပြောင်းရွေ့နေထိုင် လျက်ရှိတဲ့ အိမ်ထောင်စုတစ်စုလျှင်ငွေကျပ် ငါးထောင်ကျပ်စီ ကောက်ခံနေကြောင်း၊ မြို့မကညင်တန်းရပ်ကွက်နှင့် မြို့မအနောက် ရပ်ကွက်များတွင်လည်း လက်ဘရည်ဖိုးအဖြစ်ငွေတောင်းခံလျက်ရှိကြောင်း ဒေသခံများက ပြောပါ တယ်။
တက်ကြွလှုပ်ရှားသူတစ်ဦးက “ဧည့်စာရင်းတိုင်ကြားရမယ်လို့ အစိုးရကပြောတာနဲ့ ပြည်သူတွေက အမိန့်လိုက် နာတဲ့ အနေနဲ့ သွားတိုင်တယ် ။ NRC ကဒ်နဲ့ NVC ကဒ်ဖြင့် တခြားကျေးရွာတွေမှာ ဧည့်စာရင်းတိုင်လို့ရတယ်။ ဒါပေမဲ့ မောင် တောမြို့ပေါ်ရပ်ကွက်တွေမှာ မရဘူး၊၊ ဒါကဘာသဘောလဲ။ သူတို့ လုပ်ချင်သလို လုပ်နေလို့လား။ ဒါက အခွင့် အာဏာ ကို အလွှဲသုံးစားနေတာ၊ မလျော်မကန်အာဏာပြနေတာဖြစ်တာပေါ့။ ဧည့်စာရင်းတိုင်ကြားမှုဟာ နေရာတိုင်းမှာ တသ မတ်တည်းရှိဖို့လိုတယ်” ဟု ပြောပါတယ်။
မောင်တောမြို့ပေါ်ရပ်ကွက်များတွင် ဧည့်စာရင်းတိုင်ကြမှုနဲ့ မတော်မတရားအကြာင်းအမျိုးမျိုးပြပြီးပြည်သူ တွေကို နှိပ်စက်နေတဲ့ ယုတ်မာတဲ့လူတွေကို တာဝန်ရှိလူကြီးမင်းများအနေဖြင့် အမြန်ဆုံးထိရောက်စွာ အရေးယူ ပေးပါရန် ဒေသခံများက တောင်းဆိုပါတယ်။
Reported By: Maung Wunna
အယ်ဒီတာ– မူဟာမတ်ရှူးအိုက်(ဗ်)