အောက်တိုဘာ ၀၆၊ ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)မှ အပြစ်မဲ့ ရိုဟင်ဂျာတစ်ဦးအား ရက်ရက် စက်စက် သတ်ဖြတ်ခြင်းကို သဘာဝသေခြင်းအဖြစ် ၀န်ခံရန် မိသားစုအား ခြိမ်းခြောက်ဖိအားပေးလျက်ရှိကြောင်း သိရပါတယ်။
မောင်တောမြို့ စစ်ဘက်ရေးရာလုံခြုံရေးရုံးတာဝန်ခံ တပ်ကြပ်ကြီး ကြည်ဟန်က၂၀၂၁ခုနစ်၊ ဩဂုတ်လ၂၉ ရက် တွင် မောင်တောမြောက်ပိုင်း ဦးရှဉ့်ဂျားကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဘီအာလာမ်ကို ဖမ်းဆီးချုပ်နှောင်ပြီး လူမ ဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့မှုကြောင့် ၎င်းရဲ့လည်ပင်းအရိုးကျိုးသွားပြီး ဦးခေါင်းခွံလည်း ပျက်စီးခဲ့တယ် အတွက် ဩဂုတ် လ ၃၁ ရက်နေ့တွင် သေးဆုံးခဲ့ကြောင်း ရွာသားတစ်ဦးက ပြောပါတယ်။
တပ်ကြပ်ကြီး ဦးကြည်ဟန်သည် ၎င်းကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးအသစ်ဖြစ်သူ ဦးရှောမ်ရှုးလ်ဟာကိမ်းမှတဆင့် သေ ဆုံးခဲ့သူ ရော်ဘီအာလာမ်သည် နဂိုကပင် ရောဂါဝေဒနာရှင်တစ်ဦးဖြစ်တဲ့အတွက် သေဆုံးသည်ဟု လိမ်လည် ပြောဆို သည်ကို မိသားစုများအား ဝန်ခံစေပြီး လက်မှတ်ရယူရန် ခြိမ်းခြောက် ဖိအားပေးလျက်ရှိရင်လည်း ၎င်းတို့ ကလက် မခံဘဲ ငြင်းဆန်လျက်ရှိကြောင်း ပြောပါတယ်။
စက်တင်ဘာလ ၂၇ ရက်တွင် တပ်ကြပ်ကြီးက ဦးရော်ဘီအာလာမ်ရဲ့ ဆွေးမျိုးတော်စပ်သူ ဦးရှုနာမျှ(ဘ)နော်ဘီဟူး ဆောင်း (၆၇) နှစ် ကို စရဖရုံးသို့ ဆင့်ခေါ်ပြီး သေဆုံးသူ ဦးရော်ဘီအာလာမ်ဟာ စရဖရဲ့ ညှဉ်းပန်းမှုကြောင့် သေးဆုံး ခြင်းမဟုတ်ဘဲ သေစေနိုင်တဲ့ရောဂါတစ်ခုခုနဲ့ သေဆုံးခဲ့တယ်လို့ အတင်းအဓမ္မ ဝန်ခံစေပြီး လက်မှတ် ရယူခဲ့ကြောင်း ပြောဆိုပါတယ်။
စက်တင်ဘာလ ပထမအပတ်တွင် ရေမျက်တောင်ကျေးရွာအခြေစိုက် နယ့်ခြားစောင့်ရဲကင်းစခန်းမှူးသည် ရော်ဘီအာ လာမ်ရဲ့ နေအိမ်သို့သွားရောက်၍ ဇနီးနှင့်အမေအားတွေ့ဆုံခဲ့ပြီး သေဆုံးသူမှာ နဂိုကပင် ရောဂါအမျိုး မျိုးခံစားနေရလို့ သေဆုံးသည်ဟု ဝန်ခံချက်တစ်စောင်ရေးပြီး လက်မှတ်ရယူရန် ဖြားယောင်းခဲ့ရင်လည်း ၎င်းတို့က လက်မခံကြောင်း အဆိုပါရွာသားက ထပ်ပြောပါတယ်။
အဆိုပါ စရဖတာဝန်ခံ တပ်ကြပ်ကြီးကြည်ဟန်သည် ၂၀၁၉ ခုနစ်တွင်လည်း ရွှေဇားကျေးရွာမှ ဦးကော်ဘိရ်ကို သတ် ဖြတ်ခဲ့ပြီး အလောင်းကို မိသားစုထံ မအပ်နှံဘဲ ပျောက်ကွယ်ထားတဲ့ လူသတ်သမားတစ်ဦးဖြစ်ကြောင်း ဒေသခံများက Rvision သို့သတင်းပို့ပါတယ်။
ဒေသခံတစ်ဦးက “သူက စစ်ဘုရင်လိုဖြစ်နေပြီ၊၊ သူက သတ်ချင်ရင်သတ်လို့ရတယ်။ အလောင်းလည်း ပျောက်လို့ရ တယ်။ သူ့အတွက်ဘာဥပဒေမှမရှိဘူး၊၊ ပြီးတော့- သူကပြောင်းတာလဲမတွေ့ရဘူးလေ။ သူအထက်က အရာရှိ တွေကို ဆက်ကြေးပေးလို့ ပြောင်းရွေ့ခြင်းမရှိတာပေါ့။ သူက တော်တော်ု ရက်စက်ယုတ်မာတဲ့လူ တစ်ဦးပဲနော့်။ သူက ငွေ ကြေးတွေကို ကိုယ်တိုင်ကိုယ်ကျမယူဘူး၊ သူရဲ့လက်ရုံးနှစ်ယောက်ရှိတယ်။ အဲဒီလူတွေကနေတဆင့်ယူ တာပါ၊သူဟာ တော်တော့်ကိုလိမ္မာပါးနပ်တဲ့ လူယုတ်လူရိုင်းတစ်ဦးဖြစ်တယ်”ဟုပြောပါတယ်။
စစ်ကောင်စီမှ လူသတ်လိုင်စင်ရ တပ်ကြပ်ကြီး ကြည်ဟန်သည် ကြွယ်ဝတဲ့ ရိုဟင်ဂျာများကို ပစ်မှတ်ထားပြီး အမြဲတစေ ငွေညှစ်သူတစ်ဦးဖြစ်တဲ့အပြင် ရာဘားဆေးပြားရောင်းဝယ်သူများမှ လစဉ်ပုံမှန် ဆက်ကြေး ကောက်ခံနေသူတစ်ဦး ဖြစ်ပါတယ်။
Reported By: Maung Htay
အယ်ဒီတာ– မူဟာမတ်ရှူးအိုက်(ဗ်)