အောက်တိုဘာ ၀၂၊ ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီရဲ့ အစေခံ လက်နက်ကိုင်တပ်ဖွဲ့များ၊ ရက္ခိုင့်တပ်မတော် (AA) နှင့် ရခိုင်လူဆိုးလူမိုက်များရဲ့ အမျိုးမျိုးညှဉ်းပန်းနှိပ်စက်မှုကြောင့် ရိုဟင်ဂျာ မွတ်စလင် များ မျိုးသုဉ်းပျောက်နေကြောင်း သိရပါတယ်။
မောင်တောမြို့မြောက်ပိုင်း ဖားဝချောင်းနှင့် ရေမျက်တောင်ကျေးရွာများမှ ရခိုင်သားများနှင့် AA အဖွဲ့ဝင်များက သက် ဆိုင်ရာကျေးရွာအုပ် ချုပ်ရေးမှုးများကို အသိပေးခြင်းမရှိဘဲ ငန်းချောင်းကျေးရွာနှင့် ကြက်ရိုးပြင်ကျေးရွာများ တွင် ညအချိန်မတော် ဝင်ရောက်ခြင်း၊ ရိုဟင်ဂျာအိမ်ရှင်များမှ အခွင့်မယူဘဲ ဖားရှာခြင်းရဲ့ ဟန်ဆောင်မှုဖြင့်အတင်းအဓမ္မ ခြံစည်းရိုးဖြတ်ကျော်ဝင် ရောက်ပြီး ရိုဟင်ဂျာများကို သတ်ဖြတ်ရန် ကြိုးစားခြင်းနှင့် အဖိုးတန် ပစ္စည်းဥစ္စာ လုယက် ခြင်းများ ကျူးလွန်နေကြောင်း၊ ဒေသဆိုင်ရာအာဏာပိုင်များလည်း ရိုဟင်ဂျာများအား အဖက်ဖက်မှနှိပ် စက်နိုင်ရန် ရခိုင်သား များကိုလွတ်ထားကြောင်း ဒေသခံရိုဟင်ဂျာတစ်ဦးက Rvision သို့ သတင်းပို့ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ၂၈ ရက်၊ ည ၁၀နာရီကျော် အချိန်တွင် ငန်းချောင်းကျေးရွာအုပ်ချပ်ရေးမှုး ဦးဝင်ဌေးရဲ့ နေအိမ် ခြံစည်းရိုးကိုကျော်၍ ရခိုင်လူဆိုးလူမိုက် ၈ ဦးခန့်ဝင်ရောက်ကာ ၎င်းနေအိမ်ရဲ့ တံခါးကို ချိုးဖောက်နေစဉ် အိမ်သူအိမ် သားများကအော်ဟစ်အကူအညီတောင်းခံသောကြောင့် ၎င်းတို့ထွက်ပြေးသွားကြခဲ့ပါတယ်။
အလားတူ ရယကစာရေးဟောင်း ဦး နော်ဇူမူလ်ဟောက်ခ်ရဲ့ နေအိမ်ကိုလည်း ချိုးဖောက်ရန်ကြိုးစားခဲ့ကြောင်း၊ ထို့သို့ လုပ်ဆောင်ခြင်းကြောင့် ရွာသူရွာသားများက အထိတ်တလန့်နှင့် စိုးရိမ်ကြောင်းကြားစိတ်ဖြင့် နေကြရ ကြောင်း အဆို ပါဒေသခံက ပြောပါတယ်။
စစ်ကောင်စီရဲ့အစေခံ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ ရက္ခိုင့်တပ်မတော် (AA)လို အကြမ်းဖက် သမား ရဲ့ ရက်စက်မှုနှင့် အဒူလ်ဟာကိမ်းရဲ့ ဓါးမြတိုက်မှုများကြောင့် ရိုဟင်ဂျာများက စားဝတ်နေရေး ကျပ်တည်း ပြီး အသက်ရှင်နေထိုင်ရန် နည်းလမ်းတစ်ခုခု ရှာမတွေ့ရတဲ့အတွက် ရိုဟင်ဂျာ မွတ်စလင်များ မျိုးသုဉ်းပျောက် နေကြောင်း ရွားသားများကပြောပါတယ်။
ရိုဟင်ဂျာများက နေစဉ်ခံစားနေရတဲ့ အကြဖက်မှုများကို ရက္ခိုင့်တပ်မတော် (AA)အား တိုင်ကြားရင် စစ်ကောင် စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့များက ရက်စက်မည်ကို စိုးရိမ်ရကြောင်း၊ တဖန် လက်နက်ကိုင်တပ်ဖွဲ့များအား တိုင်ကြားမည်ဆိုပါက ရက္ခိုင့်တပ်မတော် မှ ညှဉ်းပန်းသတ်ဖြတ်မည်ဖြစ်လို့ ရိုဟင်ဂျာများက အကျပ်ရိုက်နေ ကြောင်း သိရပါတယ်။
Reported By: Maung Wunna
အယ်ဒီတာ– မူဟာမတ်ရှူးအိုက်(ဗ်)