စက်တင်ဘာ ၂၇၊ ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြို့မရဲစခန်းမှနယ့်ထိန်းရဲများက ရိုဟင်ဂျာများအား အများပြည်သူနေရာတွင် တမင် တကာ ဖမ်းဆီးထိုးနှက်နေကြောင်း သိရပါတယ်။
စက်တင်ဘာလ၂၁ ရက်၊ ည ၈ နာရီအချိန်တွင် မောင်တောမြို့ မြို့မရဲစခန်းမှ နယ်ထိန်းရဲတစ်ချို့သည် နာရီစင်ရဲ့ မြောက်ဘက် ပန်အိုးရှိရာနေရာသို့ မော်တော်ဆိုက်ကယ်ဖြင့်ရောက်ရှိလာပြီး၊ ၎င်းနေရာအနီးတဝိုက်တွင် အပန်း ဖြေစရာအဖြစ် ထိုင်နေတဲ့ ရိုဟင်ဂျာလူငယ်များရဲ့ လက်ကိုင်ဖုန်းများကို တမင်တကာ စစ်ဆေးခဲ့ကြပါတယ်။
အဲ့ဒီလို စစ်ဆေးခဲ့ကြရာတွင် မြို့မအရှေ့ ရပ်ကွက်နေ မူဟာမတ်ဖာရုခ် (၃၈) နှစ်ရဲ့ လက်ကိုင်ဖုန်းထဲတွင် ဇနီးသေးရဲ့ ဓါတ်ပုံတွေ့ရတယ်အတွက် ၎င်းကို လက်ထိပ်ခတ်ကာ ပလက်ဖောင်းပေါ်တွင် မှောက်ထိုင်ခိုင်းပြီး ဒုရဲအုပ်အဆင့်ရှိသူက ၎င်းကိုလူအများရှေ့မှောက်တွင် ခြေထောက်ဖြင့်ကန်ကျောက်ပြီးနောက် မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ပြီး ည(၉) နာရီ ကျော်အချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း မြို့ခံတစ် ဦးက ပြောပါတယ်။
အလားတူ မြို့မတောင်ရပ်ကွက်မှ ဦးမူဂျီးဖ်နဲ့ ၎င်းရဲ့ မှန်လုံးကားကိုလည်း ရဲစခန်းသို့ ခေါ်ဆောင်၍ စစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေး ခဲ့ပါတယ်။
အဆိုပါ နာရီစင်ကို ဖြတ်ကျော်နေရတဲ့ ရိုဟင်ဂျာများရဲ့ လက်ကိုင်ဖုန်းများကို တမင်တကာ စစ်ဆေးကာ ဘာညာ မေးမြန်းနေပြီး ၎င်းရဲအဖွဲ့မှ တပ်ကြပ်ကြီး အေးမြင့်က ဆူပူ ကြိမ်းမောင်းနေကြောင်း အဆိုပါ မြို့ခံက ပြောပါတယ်။
လူအခွင့်အရေးစောင့်ကြည်လေ့လာနေသူတစ်ဦးက “လူတစ်ယောက်ရဲ့ဖုန်းကို စစ်ဆေးတာဟာ သူ့ ရဲ့လွတ်လပ်မှု နဲ့လုံခြုံမှုကိုထိပါးတာပဲ။ လူအများအပန်းဖြေရာ၊ ဆုံဆည်းရာ နာရီစင်လို နေရာမျိုးမှာ ရန်ဖြစ်နေ တာ မဟုတ် ဘူး၊၊ ဆူပူနေတာလည်း မဟုတ်ဘူး။ ဒါပယ်မဲ့ ရဲတွေလာပြီးတော့ သောင်းကျန်းနေတာ ဟာ အင်မတန် ရှက်စရာပဲနော့်။ အဲဒီနေရာမှာတခုခုဖြစ်မဲဆိုယင် ရဲတွေလာပြီးတော့ ထိန်သိမ်းရမဲ့အစား ရဲတွေကိုယ်တိုင် သောင်းကျန်းနေ တာဟာ သူတို့ လုပ်ချင်သလို လုပ်လိုရတယ်၊ ဘယ်သူမှ လာတားလိုရမှာမဟုတ်ဘူး ဆိုတဲ့ သဘောဆောင် နေတယ်လဲ။ ဒါဟာ တရားဥပဒေစိုးမိုးရေး ညံ့ဖျင်းနေတာ၊၊ မင်းမဲ့တိုင်းပြည်လိုဖြစ်နေ တာပေါ့” ဟုသုံးသပ်ပြောဆိုပါတယ်။
မတရားအာဏာသိမ်း စစ်ကောင်စီရဲ့ ရုပ်သေးရုပ်များဖြစ်ကြတဲ့ ရဲများသည် တမင်သက်သက် ရိုဟင်ဂျာများအား ဖမ်းဆီးရိုက်နှက်ခြင်းသည် လူမျိုးနဲ့ယာသာရေးအရ ခွဲခြားဆက်ဆံပြီး ၎င်းလူမျိုးစုရဲ့ အမြစ်ပြတ်ရေး နည်းလမ်း တစ်ခုဖြစ်ကြောင်း သိသာထင်းရှားပါတယ်။
Reported By: Kyaw Swa Min
အယ်ဒီတာ– မူဟာမတ်ရှူးအိုက်(ဗ်)