စက်တင်ဘာ ၂၁၊ ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့ဝင်ဂိတ်တွင် တာဝန်ချတဲ့ ရဲများက ရိုဟင်ဂျာများမှ နေ့ညမဖြတ် အတင်း အဓမ္မ ပစ္စည်းလုယက်ခြင်းနဲ့ ငွေညှစ်ခြင်းများ ကျူးလွန်နေကြောင်း သိရပါသည်။
မောင်တောမြို့မြောက်ပိုင်း ဦးရှဉ့်ဂျားကျေးရွာမှ မူဟာမတ်ဂျာဟာန်ဂိရ် (၁၉နှစ်) သည်စက်တင်ဘာလ ၁၆ ရက်၊နံနက် ၁၀ နာရီခွဲ အချိန်တွင်မောင်တောမြို့သို့ မော်တော်ဆိုက်ကယ်ဖြင့်လာရောက်ရာ မောင် တောမြို့ ဝင်ဂိတ်(ရဲစစ်ဆေးရေးဂိတ်) ကိုရောက်တာနဲ့ ၎င်းကိုရပ်တန့်ခိုင်း၍ စစ်ဆေးခဲ့ပါသည်။
စစ်ဆေးနေစဉ် ၎င်းကတက္ကသိုလ်ဝင်တန်း ကျောင်းသာကဒ်ပြားကို ထုတ်ပြခဲ့ရာ ရဲများက ကဒ်ပြား သတမ်းကုန် သွားခဲ့သည်ဟု အကြောင်းပြကာ ၎င်းကိုခေတ္တာခဏာ ထိန်းသိမ်းခဲ့ပြီး ငွေကျပ် ၅ ထောင် ညှစ်ယူမှ ပြန်လွှတ် ပေးခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက Rvision သို့ သတင်းပို့ပါသည်။
အလားတူ မောင်တောမြောက်ပိုင်းမှ ခရီးသွားရိုဟင်ဂျာများကို အဆိုပါစစ်ဆေးရေးဂိတ်တွင် အမြဲလိုလို တားဆီး စစ်ဆေးပြီး မတော်မတရားငွေညှစ်လျှက်ရှိကြပါသည်။
ခရီးသွားရိုဟင်ဂျာများသည် ကား၊ ဆိုင်ကယ်ဖြင့် အဆိုပါစစ်ဆေးရေးဂိတ်ကို လာရောက်ဖြတ်ကျော် လျှင် ရဲများက “ဘယ်ကလာတာလဲ၊ ဘာဖြစ်လုပ်မြို့ထဲ သွားရတာလဲ” စသည့်ဖြင့် မေးမြန်းခြင်း၊ ခရီး သွားရိုဟင်ဂျာများ ပါလာ သောထမင်းဟင်းဂျိုင်းများမှ ဟင်းများ၊ အချိုရည်ဗူးများ အတင်းအဓမ္မ လုယက်လျှက်ရှိကြောင်း ၎င်းသက်သေက ပြောဆိုပါသည်။
အဆိုပါစစ်ဆေးရေးဂိတ်မှရဲများသည် မောင်တောမြို့မရဲစခန်းမှ ရဲများဖြစ်ကြာင်း၊ မြို့မရဲစခန်းရဲ့ စခန်းမှူး ဒု-ရဲမှူး မြင့်ကျော်ဦးလည်း လုယက်မှုနဲ့ ငွေညှစ်မှုတွင်ပါဝင်နေကြောင်း သိရပါသည်။
မြို့ခံတစ်ဦးက “ရဲတွေ ဒီတိုင်းလုပ်နေတာကြာပြီ၊၊ မြို့ကိုလာတဲ့လူတွေက နယ်ကဆိုတော့ ဘာမသိ၊ ညာ မသိ- အဲလိုမျိုးပေါ့နော်၊၊ သူတို့ ဘယ်ပစ္စည်းပဲ သယ်လာလာ၊ ရဲတွေ အတင်းယူတယ်” ဟု ပြစ်တင် ပြောခဲ့ပါသည်။
ထို့ကြောင့် မတရား လုယက်မှုနဲ့ ငွေညှစ်မှုများ ကျူးလွန်နေသည့် ရဲများကို အမြန်ဆုံး ထိရောက်စွာအရေးယူပေးပါရန် သက်ဆိုင်ရာ အထက်အရာရှိများအား ဒေသခံရိုဟင်များက တောင်းဆိုကြပါသည်။
Reported By: Maung Wunna
အယ်ဒီတာ– မူဟာမတ်ရှူးအိုက်(ဗ်)