Press "Enter" to skip to content

အာဏာပိုင်များက ဓားပြဂိုဏ်းကို မနှိမ်နင်းဘဲ ရိုဟင်ဂျာရွာ သားများအား ဖိအားပေးနေ

စက်တင်ဘာ ၁၆၊ ၂၀၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့တောင်ပိုင်းနဲ့ မြို့ပေါ် ရပ်ကွက်အချို့ မှာ အာဏာပိုင်များက နာမည်ဆိုး အဒူလ်ဟာကိမ်း ဓားပြဂိုဏ်းကို မနှိမ်နင်းဘဲ အားကိုးရာမဲ့ ရိုဟင်ဂျာများအား ဖိအားပေးနေလို့ ၎င်းတို့ ရဲ့ ဆင်းရဲဒုက္ခဟာ ကန့်သတ်ချက် မရှိဘူးလို့ သိရပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလ(၉) ရက်၊ ည(၈)နာရီခွဲဝန်းကျင်တွင် မြို့ဦးကျေးရွာမှ  ရိုဟင်ဂျာတစ်ဦးဟာ သီးနှံစိုက်ခင်းသို့ သွားနေစဉ် လူသတ်သမားခေါ် အဒူလ်ဟာကိမ်းဓားပြအဖွဲ့ကို မမျှော်လင့်ဘဲ မြင်တွေ့ရ လိုက်တာနဲ့ ဓားပြတွေက ၎င်းကို ခြိမ့်ခြောက်မှူပုံစံနဲ့ ဝိုင်းဝန်းရိုက်နှက်နေခဲ့ကြောင်း၊ ရိုက်နှက်မှုကို ရပ်တန့်မှုမရှိလို့ ၎င်းက အသက်ကယ်နိုင်ရန် ကိုယ့်နေအိမ်ကို တစ်ဟုန်ထိုးပြေးလာနိုင်ခဲ့ကြောင်း၊ ရောက် လာတာနဲ့ မီနစ် ၂၀ ကြာကြာ သတိလစ်ခဲ့ပြီး ပြန်လည် သတိရလာ တာနဲ့ ၎င်းက  ရွာသားများအား  အကြောင်းစုံကိုပြောပြခဲ့လို့  ၎င်းတို့က လိုက်လံရှာဖွေခဲ့ရင်လည်း ဓားပြ ဂိုဏ်းကို မတွေ့ခဲ့ရကြောင်း။

 အဒူလ်ဟာကိမ်း ဓားပြဂိုဏ်းဟာ ရိုဟင်မွတ်ဆလင်ကျေးရွာများမှာ မတရားမှု ကျူးလွန်ဖို့ ဆင်းလာတဲ့ သတင်း နေရာ တိုင်းမှာပျံ့နေလို့  ကညင်တန်းရပ်ကွက်၊ မောင်နီရပ်ကွက်၊ ညောင်းချောင်းကျေးရွာ၊ ပန်းတောပြင်ကျေးရွာ အစရှိတဲ့ ကျေးရွာများမှ ရိုဟင်ဂျာများဟာ  ညအိပ်ခြင်းမရှိဘဲ တစ်ညလုံးစိုးရိမ် ထိတ်လန့် နေကြရကြောင်း ဒေသခံတစ်ဦးက Rvision ကို ပြောပါတယ်။

အဲဒီ နေ့မှစပြီး နေအိမ်ခြံဝင်းအသီးသီးမှာ  ညအချိန်ကျရင် မီးများထွန်းပေးရန် မြို့မရဲစခန်းမှ မြို့ပေါ် ရပ်ကွက်အုပ် ချုပ်ရေးမှူးများမှတဆင့် ညွှန်ကြားလျှက်ရှိနေသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးများဟာ သုံးရက်အတွင်း ရွာသားများ အားညွှန်ကြားချက်ကိုမလိုက်နာနိုင်ပါက   ဒဏ်ငွေဆောင်ရမယ်လို့  ခြိမ်း ခြောက်ဖိအားပေးလျှက်ရှိနေကြောင်း ဒေသခံက ဆက်ပြောပါတယ်။

လူသတ်သမား၊ လုယက်သူ၊ လူဆိုးလူမိုက် အဒူလ်ဟာကိမ်း  လာရာလမ်းကြောင်းဖြစ်တဲ့ တောင်တန်း လမ်းနဲ့ ရေလမ်း များတွင် လုံခြုံရေးတပ်ဖွဲ့များဟာ ညကင်းလှည့်ခြင်း၊ ကင်းစောင့်ခြင်းမရှိဘဲ မြို့မလမ်း မကြီးတလျှောက်တွင် ကင်း လှည့်နေကြောင်း၊ မြို့ပေါ်တွင်မြို့မရဲစခန်းမှ နယ်ထိန်းရဲများနဲ့ ခရိုင်ဒုစရိုက် နှိမ်နင်းရေးရဲအဖွဲ့များ၊ မြို့သူကြီးကျေးရွာ တွင်န.ခ.ခ တပ်ရင်းနှစ်ခုနဲ့ ဝေသာလီရွာတွင်စစ်တပ် တပ်ရင်း တခုရှိပေမဲ့ အဒူလ်ဟာကိမ်း ဓားပြဂိုဏ်းအား ဖမ်းဆီး အရေးယူဖို့ ဘာတစ်ခုမှ လုပ်တာ မရှိကြောင်း။

ရိုဟင်ဂျာများ ပြန်ပေးဆွဲခံရတဲ့ ကျေးရွာများနဲ့ မနီးမဝေးတွင် နယ်ခြားစောင့်ရဲကင်းစခန်းများရှိတယ်။ ဒါပေမဲ့ စစ် ကောင်စီမှ လုံခြုံ‌ရေးတပ်ဖွဲ့များဟာ ရိုဟင်ဂျာဒေသခံများရဲ့ ဘဝနှင့်ပိုင်ဆိုင်မှုများ အတွက် လုံခြုံရေးပေးတာ မရှိဘဲ နည်းစနစ်အမျိုးမျိုးနဲ့ ငွေညှစ်ရန်အတွက်သာ ကင်းလှည့်နေတယ်လို့ မြို့ခံများ ကဝေဖန်ပြောဆိုကြပါတယ်။  

မြို့ခံတစ်ဦးက “လုံခြုံရေးတပ်တွေကညပိုင်းမှာ ကား၊ဆိုက်ကယ်နဲ့ကင်းလှည့်နေသလို ဟန်ဆောင် မှုနဲ့ တစ်နေရာ မှာရပ်ပြီးတော့တန်းစီးပြီးဓါတ်ပုံတွေရိုက်တယ်။  အထက်အရာရှိတွေ ကိုလုံခြုံရေးပေး နေ တယ်ဆိုပြီးတော့ ဓါတ်ပုံ တွေပြတယ်။ ဒါကဟန်ပြသက်သက်သာဖြစ်တာ ပေါ့နော့်။ တကယ်ပြောရင် တော့ လုံခြုံရေး ယူနေတာ မဟုတ်ဘူးလဲ။ အဲဒါကြောင့်လူသတ်မှု၊လုယက်မှု၊ ပြန်ပေးဆွဲမှုတွေဖြစ် ပွားနေတာ” လို့ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်များတွင်ချမ်းသာတဲ့ ရိုဟင်ဂျာများနဲ့ အုပ်ချုပ်ရေးမှုများကိုလည်း အဒူလ်ဟာကိမ်းကဖုန်း ဆက်ပြီး ဆက်ကြေးသိန်းရာနှင့်ချီတောင်းနေကြောင်းသိရပါတယ်။

Reported By: Kyaw Swa Min

အယ်ဒီတာ– မူဟာမတ်ရှူးအိုက်(ဗ်)

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.