စက်တင်ဘာ ၁၂၊ ၂၀၂၁
မြန်မာစစ်ကောင်စီဟာ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် တွင် ရိုဟင်ဂျာမွတ်ဆလင်များကို အိမ်နီးချင်းနိုင်ငံ ဘင်္ဂ လားဒေ့ရှ် သို့ နှင်ထုတ်ပြီး ၎င်းတို့ပိုင် လယ်ယာမြေအချို့မှာ ရခိုင်ကျေးရွာများကိုအခြေချခဲ့ကြောင်း သိရပါတယ်။
မြန်မာအစိုးဟာ ရခိုင်ပြည်နယ် မှရိုဟင်ဂျာမွတ်ဆလင်များ ရဲ့ ဥစ္စာဓနများကို လွယ်လွယ်နဲ့ဝါးမျိုနိုင်ရန် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှနိုဝင်ဘာလအတွင်းနှင့် ၂၀၁၇ ခုနှစ်သြဂုတ် ၂၅ ရက်မှယခုအချိန်ထိ နယ်မြေရှင်းလင်းရေး စစ်ဆင် ရေးအမည်ဖြင့် မွတ်ဆလင် တစ်သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်သို့ မောင်း ထုတ်ခဲ့ကြောင်း။
လူမျိုးတုံးသတ်ဖြတ်မှုအစီအစဉ်ကိုအကောင်ထည်ဖော်ရန် စစ်ကောင်စီဟာ ရခိုင်ပြည်နယ်၊ မောင်တော တောင်ပိုင်း နှင့်မြောက်ပိုင်းမှမောင်းထုတ်ခံရသော မွတ်ဆလင်များပိုင် လယ်မြေများပေါ်တွင် ရခိုင်ကျေး ရွာများကို စတင်အခြေ ချနေကြောင်း ဒေသခံရိုဟင်ဂျာ လယ်သမားတစ်ဦးက ပြောပါတယ်။
မောင်တောမြောက်ပိုင်းမှဒေသခံရိုဟင်ဂျာတစ် ဦး က“ မြန်မာစစ်တပ် အကြမ်းဖက်သမားတွေက နိုင်ငံ ရေးအကျိုးရဖို့ ငါတို့ရဲ့ အိမ်နီးချင်း၊ ညီအစ်ကိုမောင်နှမတွေကိုနှင်ထုတ်တယ်၊ ရိုင်းစိုင်းတဲ့ ရခိုင် မိသားစု တွေကို တခြားမြို့တွေကနေ ခေါ်လာပြီး ငါတို့ရဲ့လယ်ယာမြေတွေမှာ သူတို့ကိုထားခဲ့တယ်” လို့ ဝေဖန်ခဲ့တယ်။
စစ်ကောင်စီကကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်များမှ ရခိုင်ဓါးပြများနှင့် မွတ်စလင်သတ်သမားများ မောင်တော သို့ ခေါ်လာခဲ့ကြောင်း၊ စစ်တပ်အကြမ်းဖက်သမားများရဲ့ အဓမ္မပြုကျင့်သတ်ဖြတ်မှုနှင့် မီးရှို့ ဖျက်ဆီးမှုကြောင့် ဘင်္ဂ လားဒေ့ရှ်သို့ ထွက်ပြေးရတဲ့ ရိုဟင်ဂျာများရဲ့ လယ်ယာမြေမှာ ၎င်းတို့အား အခြချခဲ့ကြောင်း။
ဓါးပြလို့ခေါ်ရတဲ့ ရခိုင် လူ့အဖွဲ့အစည်း တစ်ခုကို မကြာသေးမီ ကမောင်တောမြောက်ပိုင်း ရိုဟင်ဂျာပိုင်လယ်ယာ မြေပေါ်တွင် အခြေ ချစေပြီး၎င်းကို “နွားညိုတောင်” လို့ အမည်ပေးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်ဧပြီလ ၂၂ ရက်နေ့တွင် မောင်တော မြို့ ၃ မိုင်မ ဆရာတော်တစ်ပါးရဲ့ ကြီးကြပ်မှုဖြင့် ၎င်းကျေးရွာတည်ဆောက် ရေးလုပ်ငန်းကို စတင်ခဲ့ ကြောင်း အဲဒီဒေသခံကဆက်ပြောပါတယ်။
မောင်တောတောင်ပိုင်းရှိမွတ်ဆလင် လယ်ယာမြေများပေါ်တွင်လည်းရခိုင်ကျေးရွာများဟာ အခြေချနေ ပြီဖြစ် ကြောင်း သိရပါတယ်။
စစ်အာဏာရှင်ဟာ အနာဂတ်ကာလမှာလည်း မွတ်ဆလင်တို့ရဲ့ လယ်မြေပေါ်မှာ စံပြရခိုင်ရွာများ တည် ဆောက်ရန် လျှို့ဝှက်အစီအစဉ်ရှိကြောင်း မောင်တောတောင်ပိုင်းမှ အမည်မသိရိုဟင်ဂျာအမျိုးသားတစ် ဦးက Rvision သို့ သတင်း ပို့ပေးပါတယ်။
မြန်မာ အစိုးရဆက်ဆက်ဟာ ရိုဟင်ဂျာမွတ်ဆလင်များရဲ့ ဘိုးဘွားပိုင်ဇာတိမြေဖြစ်တဲ့ Arakan ပြည်မှ ၎င်းတို့အား အမြစ်ပြုတ် မောင်းထုတ်ရန် ဆက်လက်ပြီး ပူးပေါင်းလုပ်ကြံနေတာကို ကမ္ဘာကမသိတာ မဟုတ်ပါ၊၊
Reported By: Rvision Source
အယ်ဒီတာ– မူဟာမတ်ရှူးအိုက်(ဗ်)