စက်တင်ဘာ ၀၉၊ ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်း ရိုဟင်ဂျာကျေးရွာတွေမှာ စစ်တပ်အကြမ်းဖက်သမားတွေ ဟာ အစ္စလာမ် ဘာသာရေးကို စော်ကားခြင်း၊ အိမ်တွေကို ဝင်ရောက်စီးနင်းခြင်း၊ ငါးလုယက်ခြင်းတွေ ဆက်လက် ကျူးလွန်နေ ကြောင်း သိရပါတယ်၊၊
မောင်တောမြို့မြောက်ပိုင်း ရမည်သင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲကင်း စခန်းမှရဲ (၇) ဦးတို့ ဟာ စက်တင် ဘာလ (၇) ရက်၊နံနက် (၉) နာရီအချိန်လောက်မှာ ဦးရှဉ့်ကျားကျေးရွာ၊ ရပ်ကွက်(၅) နေအုပ်ချုပ် ရေးမှူးဟောင်း ဦးအာဘူ (၄၂)နှစ်ရဲ့ နေအိမ် ခြံဝင်းကိုဝိုင်းဝန်းပိတ်ဆို့ပြီး အိမ်ကိုရှာဖွေ မှုလုပ်ခဲ့ ကာနံနက် (၁၁)နာရီအချိန်တွင် အဲဒီ ရဲသားတွေ ရွာမှ ထွက်ခွာသွားခဲ့ကြောင်း၊ ၎င်းရဲ့ နေအိမ်ကို ဘာဖြစ်လို့ ရှာဖွေခဲ့တာကို မသိ ရသေးကြောင်း၊၊ ရဲတွေ ကျေးရွာအတွင်း ဝင်လာတိုင်း ရွာသူ/သားတွေကို အကြောင်းမဲ့ စော်ကားပြီး ခြိမ်းခြောက်လေ့ရှိကြောင်း ရွာသားတွေ ကပြောပါတယ်၊၊
ယခင်အုပ်ချုပ်ရေးမှူးဟောင်း ဒလန်ဆီးရာဇ်(ခေါ်)ဆီးရာဇ်ဆော်လာမ်(ဘ)နုရ်ခေါ်ရိမ် (၄၅) နှစ်ရဲ့ မမှန် မကန်သတင်း ပေးမူနဲ့ ရှာဖွေမှုလုပ်ခဲ့တာဖြစ်နိုင်ကြောင်း ရွာသားတွေက ဆက်ပြောပါတယ်၊၊
စက်တင်ဘာလ (၄) ရက်နေ့မှစတင်ကာ ရေမျက်တောင်ကျေးရွာတွင် မောင်တော မြောက်ပိုင်း လှုပ်ရှား စစ်တပ် တပ် ရင်းတစ်ခု ရောက်ရှိလာခဲ့တယ်။ အဲဒီ စစ်တပ်အကြမ်း ဖက်သမားတွေက ဦးရှဉ်ကျားကျေး ရွာရဲ့ ဗလီခြံဝင်းအတွင်းရှိ ငါးရေကန်တွေမှ ငါးတွေ အတင်းအဓမ္မ ဖမ်းယူလျှက်ရှိနေတယ်။
အဲဒီ စစ်တပ်အကြမ်း ဖက်သမားတွေဟာ ဗလီဂေါပကရော ရွာသားတွေကို ဘာမှ အကြောင်းကြားခြင်း မရှိဘဲ ၎င်းတို့ က အတင်းအဓမ္မ ငါးလုယက်နေခြင်းဖြစ်ကြောင်း၊ ဗလီပိုင် ရေကန်တွေကနေ တပ်ခါတ လဲလဲ အဓမ္မ ငါးဖမ်းနေခြင်းဟာ ဘာသာတရားကိုမလေးစားရာရောက်နေကြောင်း ရွာသားများက ပြစ်တင်ရှုံ့ ချနေကြတယ်လို့ သိရပါတယ်။
စစ်တပ်အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ရွာသားတစ်ဦးက “သူတို့ကရွာကိုရောက် လာယင် သူတို့ဖမ်း ချင်တဲ့နေရာမှငါးဖမ်းနေတာပေါ့။ သူတို့ကို ဘယ်သူမှသွားပြောမယ့် လူမရှိဘူးလဲ၊၊ တစ်ဦးဦးက သွာပြောယင်လည်း အ သတ်ခံရမှာပေါ့နော်။ အုပ်ချုပ်ရေးမှူ ရော်ဂျီအာလာမ်(ခေါ်) ရော်ဘီအာလာမ် အသတ်ခံရလို့ သူတို့ကိုတားမြစ် ပြောဆို မယ့် လူမရှိဘူး” လို့ ဝမ်းနည်းမှုနဲ့ ပြောပါတယ်။
အခုလို စစ်တပ်အကြမ်းဖက်သမားတွေက အစ္စလာမ်ဘာသာရေးကို စော်ကားခြင်း၊ ရိုဟင်ဂျာတွေရဲ့ အိမ်တွေကို မတ ရားဝင်ရောက်စီးနင်းခြင်း၊ ဗလီအသုံးစရိတ်အတွက် မွှေးမြူနေတဲ့ ငါးတွေကို လုယက် ခြင်းတွေ ကျူးလွန်ခြင်းဟာ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို သုတ်သင် ခြင်းပဲ ပြစ်တယ်။
Reported By: Maung Htay
အယ်ဒီတာ– မူဟာမတ်ရှူးအိုက်(ဗ်)