Press "Enter" to skip to content

မောင်တောတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးနဲ့ ရိုဟင်ဂျာ အချို့ စစ်ကောင်စီမှ ဖမ်းဆီးနှိပ်စက်လို့ တစ်ဦးသေ

 စက်တင်ဘာ ၀၁၊ ၂၀၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြောက်ပိုင်းမှ ရိုဟင်ဂျာ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးနဲ့ ရွာသား(၅) ဦးကို စစ်ကောင် စီမှ ဖမ်းဆီးနှိပ်စက်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးခဲ့ကြောင့် သိရပါတယ်၊၊

 မောင်တောမြို့မြောင်ပိုင်း ဦးရှည့်ကျ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဂျီအာလောမ် (ဘ) ဦးကူလ္လာမီယာ အသက် (၃၁) နှစ်ကို မောင်တော စရဖ ရုံးမှ ဆင့်ခေါ်လို့ သြဂုတ်လ ၂၉ ရက်နေ့က ရုံးသို့သွားခဲ့ရာ ဖမ်းဆီးခံခဲ့ရပြီး အချုပ်ထဲတွင် ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့တွင် စရဖ မှ တာဝန်ခံ တပ်ကြပ်ကြီး ဦး ကြည်ဟန်က အဲ့ဒီ အုပ်ချုပ်ရေးမှူး ကို ဆင့်ခေါ် တဲ့အတွက် ရုံးသို့သွားရောက်တွေ့ဆုံရာတွင် ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ညှင်းပန်း နှိပ်စက်တယ်အတွက်  သြဂုတ် ၃၁ ရက်နေ့တွင် သေဆုံးသွားကြောင်း သိရပါတယ်။

အလောင်းအား မောင်တော ဆေးရုံသို့ ပို့ဆောင်ထားပြီး ကိုဗစ်ရောဂါဖြင့် သေဆုံးခဲ့တယ်လို့ လိမ်လည်ပြီး ဆေးစာထုတ် ပေးခဲ့ကြောင်း၊ အလောင်းကို ရွာသူရွာသားများအား အပ်နှံခဲ့ခြင်းမရှိကြောင်း သိရပါတယ်၊၊

အလားတူ ပြီးခဲ့တဲ့ သီတင်းပတ်က မောင်တောမြို့မြောင်ပိုင်း ကြက်ရိုးပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဖိခ် အား မောင်တော စရဖ ရုံးမှ စစ်ဆေးဖို့ ဆင့်ခေါ်ပြီး ဖမ်းဆီးချုပ်နှောင်ကာ ညှဉ်းပန်း နှိပ်စက်နေကြောင်း၊ ၎င်းနဲ့ ပတ်သက်ပြီး အခြားရွာသား (၅) ဦးကိုလည်း  ဖမ်းဆီးချုပ်နှောင် ထားကြောင်း မျက်မြင်ရွာသား တစ်ဦး က Rvision ကိုပြောပါတယ်၊၊

ပြီးခဲ့တဲ့ ဩဂုတ်လ (၁၅) ရက်နဲ့(၂၇) ရက်နေ့က ခ.လ.ရ-၃၇၅ စစ်တပ်တပ်ရင်းမှ တပ်ဖွဲ့ဝင် များနှင့်နယ်မြေ(၅) နယ် ခြားစောင့်ရဲရုံးမှ ရဲများပူပေါင်းကာ ကြက်ရိုးပြင်ကျေးရွာ၊ ဦးရှည့်ကျကျေးရွာ ၊ငါသကြူးကျေး ရွာနဲ့ငန်းချောင်း ကျေးရွာ များကို ပိတ်ဆိုဝန်းရံပြီး စစ်ဆေးရာတွင် အဲ့ဒီ အခြားရွာသား (၅) ဦးအား မတရား ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့နဲ့ မိသားစု များက တွေ့ခွင့်မရသလို ပစ္စည်းတခုခု ပေးပို့ခွင့် လည်း မရကြောင်း သိရပါတယ်၊၊

မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေကတော့-

၁။ ဦးဆော်လီမူလ္လာ (ဘ) ဦးဘော်ရှော်ရ် (၄၅နှစ်)၊

၂။ ဦးဇာဖော်ရ် (ဘ) ဦးကာမာလ်ဟူဆိန်း (၄၂နှစ်)၊

၃။ ဦးဖော်ဇူအာနိုဝါရ် (၃၈နှစ်)

၎။ ဦးအာနိုဝါရ် (ဘ) ဦးကော်မာလ် (၄၂နှစ်) နဲ့

၅။ ဦးဂျာမာလ်ဟူဆိန်း (ဘ) ဇာဖော်ရ်(၅၅နှစ်) တို့ ဖြစ်ကြပါတယ်၊၊

အဖမ်းခံရသူများအနက် တချို့ဟာ လူမဆန် ညှဉ်းပန်းနှိပ်စက်ခံနေရလို့  အသက်အန္တာရယ်ရှိနေကြောင်း သိရာပါတယ်။

မြန်မာစစ်ကောင်စီက တစ်ဖက်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လာဖို့ သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက နေတဆင့် တိုက်တွန်းနေပေမယ့် နိုင်ငံတွင်းမှာ မတရား ဖမ်းဆီး သတ်ဖြတ်မှူ တွေဆက်လက် ကျူးလွန်နေပါတယ်။

Reported By: Maung Htay

အယ်ဒီတာ– မူဟာမတ်ရှူးအိုက်(ဗ်)

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.