Press "Enter" to skip to content

မောင်တောမြို့တွင် ဗြောက်အိုးများဖောက်တာ တမင်ဆူပူမှုများပြုလုပ်ပြီး ရခိုင်နဲ့ရိုဟင်ဂျာ သင့်မြတ်မှုအား နှောင့်ယှက်လျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊မြို့မတောင်ရပ်ကွက်၊ မြို့မရဲစခန်းရဲ့အရှေ့ဘက်၊ မင်းဘာကြီးလမ်းရဲ့ အနောက်ဘက်၊ ဒေါက်တာထွန်း‌ရဲ့မြောက်ဘက်တွင်တည်ရှိသော ကြားလမ်း၌ ဇန်နဝါရီလ-၂၀ရက်၊ ညတွင် ဆိုက်ကယ်တစ်စီးဖြင့် အမည်မသိ(ရခိုင်စကား‌ပြော) လူနှစ်ဦးရောက်ရှိလာပြီး ဗြောက်အိုးများကိုပစ်ချ၍ ထွက်ပြေးခဲ့ကြရာ၊ အဆိုပါဗြောက်အိုးများ ပေါက်၍အသံကျယ်ကျယ်လောင်လောင်မြည်ခဲ့တဲ့အတွက်ကြောင့် မြိုမရဲစခန်းမှခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး အောင်မြင့်ဌေး၊ မြို့နယ်မှူး-ရဲမှူးတင်ကိုကိုနှင့် စခန်းမှုး-ရဲနိုင်ထွန်းတို့ ရောက်ရှိလာကာ အနီးအနားရှိ ရိုဟင်ဂျာများအား ဘာလို့ ဗြောက်အိုးပေါက်သလဲလို့ မေးမြန်ရာ၊ ၎င်းလမ်း၏အနီးတွင် နေထိုင်သူ ဦးရှော်ဘူး၏သမက် ဦးအမိရ်ဟူ

ဆောင်း(ခေါ်)ချော်ဂွက်(ကညင်ချောင်းဇာတိ)-၃၀နှစ်က အထက်ပါအတိုင်းရှင်းပြခဲ့ပေမဲ့ အဆိုပါအရာရှိများက လက်မခံဘဲ ခရိုင်ရဲမှုး- ဒုရဲမှူးကြီး အောင်မြင့်ဌေးက ၎င်းကိုလူအများရှေ့မှောက်တွင် လူမဆန်စွာ ပါးရိုက်ခဲ့တယ်လို့ သိရှိရပါတယ်။ အောင်မြင့်ဌေးသည် ရက်စက်ကြမ်းကြုတ်သော အရာရှိတစ်ဦးဖြစ်သလို၊ ရိုဟင်ဂျာများကိုအမြဲတစေ ခွဲခြားသော အသုံးအနှုန်း(ကုလား)ဖြင့်ပြောဆိုသူတစ်ဦးဖြစ်တယ်လို့ သိရှိရပါတယ်။ အဆိုပါလမ်းရဲ့ အနီးအနားမှရိုဟင်ဂျာများကို ဇန်နဝါရီလ-၂၁ရက်၊ နံနက်-၁၀နာရီအချိန်တွင် မြို့မရဲစခန်းသို့လာရောက်ရန် ဆင့်ခေါ်ခဲ့ကြောင်း သိရှိရပါတယ်။ ၎င်းတို့ကို အဆိုပါလမ်းထိပ်၌ တံခါးတစ်ခုထားရှိရန်၊ အဆိုပါတံခါးရဲ့ ကုန်ကျစရိတ်ကို ၎င်းတို့စုပေါင်းပေးကြရန် မှာကြားထား

ကြောင်း သိရပါတယ်။ အလားတူ မြို့မကညင်တန်ကျေးရွာအုပ်စု၊ ဆီးသလ္လာရွာတွင်လည်း တချိန်တည်း အထက်ပါအတိုင်း ပေါက်ကွဲသံကြားခဲ့ရသဖြင့် မြို့ခံရိုဟင်ဂျာများက စိုးရိမ်ထိပ်လန့်လျက်ရှိတယ်လို့ သိရှိရပါတယ်။ ယခုတလော ရခိုင်နှင့်ရိုဟင်ဂျာများ အပြန်အလှန်နားလည်မှု၊ သင့်မြတ်မှုတို့ဖြင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နေသည်ကို မလိုလားသူ အုပ်စုတစ်စုက ပျက်စီးရာပျက်စီးကြောင်း ကြံစည်အားထုတ်နေတာ ဖြစ်တယ်လို့ မြို့ခံများက ပြောဆို‌ဝေဖန်လျက် ရှိကြောင်း မောင်ဝဏ္ဏမှ အာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.