ရခိုင်ပြည်နယ်၊မောင်တောမြို့၊အမှတ်(၅)ရပ်ကွက် ဦးကာဆိမ်း(NGO ဝန်းထမ်းဟောင်း)၏ နေအိမ်များကို ၂၀၁၇-ခုနစ်၊ မြန်မာစစ်တပ်မှမီးရှို့ခဲ့တဲ့အတွက် ၎င်း၏မိသားစုဟာ မြို့မကညင်တန်းကျေးရွာ BAJရုံးရဲ့ မြောက်ဘက်ရှိ ရွာရဲ့အိမ်တစ်အိမ်တွင်ယာယီခိုလှုံနေထိုင်လျက်ရှိတယ်လို့ သိရှိရပါတယ်။ ၎င်းတို့ကိုအစိုးရက သတ်မှတ်ထားသော မြေကွက်
ပေ၃၀×၄၀တွင် ပြောင်းရွေ့နေထိုင်ရန်စီစဉ်နေပေမဲ့ ၎င်းတို့ကလက်မခံကြောင်း သက်ဆိုင်ရာအစိုးရဌာနများသို့ စာတင်ခဲ့ရာ ၎င်းကိုဒေသခံအာဏာပိုင်များက မကျေနပ်၍ ဇန်နဝါရီလ-၁၉ရက်၊ ည-၂နာရီအချိန်တွင ်မြို့မရဲစခန်းမှ ရဲများနှင့်အခြားဌာနဆိုင်ရာများ ပူပေါင်းကာ ၎င်းနေထိုင်ရာနေအိမ်တွင် ၎င်းကိုဖမ်းဆီး၍ မြို့မရဲစခန်းတွင်ချုပ်နှောင်းထားခဲ့
ကြောင်း သတင်းရရှိပါတယ်။ ၎င်းကို၂၀၁၂-ခုနစ်မီးရှို့မှု့ အမှုတွင်ပါဝင်တယ်လို့ လုပ်ကြံဖန်တီးလျက်ရှိနေပြီး ၎င်းရဲ့မူလရပ်ကွက်(ရပ်ကွက်-၅)အုပ်ချုပ်ရေးမှူး-ဦးဆီရာဇူအီစ္စလာမ်ကိုဖိအားပေးကာ ၎င်းဟာ မီးရှို့အမှုတွင်ပါဝင်ပတ်သက်ခဲ့တာဖြစ်တယ်လို့ မဟုတ်မမှန် အစီရင်ခံခဲ့ရကြောင်း သိရှိရပါတယ်။ ၎င်းတို့သည်(၃နှစ်)တိုင်တိုင ်အိမ်ခြေမဲ့ဘဝဖြင့်နေထိုင်ကာ ၎င်းတို့စုဆောင်းထားသမျှ ပစ္စည်းများလည်း ဆုံရံှှှှူးခံခဲ့ရပြီး ၎င်းတို့ရဲ့ မိသားစုဘဝလည်းပျက်စီးခံခဲ့ရပါတယ်။
၎င်းတို့ကို အစိုးရကထောက်ပံ့ပေးရမည့်အစား အခုလိုမျိုး လုပ်ကြံဖန်တီးပြီး တရားစွဲဆိုနေခြင်းဟာ အလွန်ကို ရက်စက်ယုတ်မာနေခြင်းဖြစ်ပါတယ်။ ၎င်းကိုခြွင်းချက်မရ ှိအမြန်ဆုံးပြန်လွှတ်ပေးရန ်တောင်းဆိုပါကြောင်းကို ၎င်းရဲ့မိသားစုနှင့် ရပ်ကွက်သူ၊ရပ်ကွက်သားများက တောင်းဆိုလျက်ရှိနေကြောင်း မောင်ဌေးမှ အာဗီးရှင်းသို့ သတင်းပေးပို့ခဲ့ပါတယ်။