Press "Enter" to skip to content

တိုင်းရင်းသားရိုဟင်ဂျာများအား မြန်မာစစ်တပ်မှ ဆွဲတင်စစ်များပြုလုပ်ကာ စားရိတ်ငွေများကောက်ခံလျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကျားခေါင်တောင်(ရာဘီးလ္လာဖာရာ)ကျေးရွာတွင ်အိမ်ထောင်စု-၂၄စုရှိပြီး၊ ရေတွင်းကျွန်ကျေးရွာ(ရားမ်ဗျုးဘီးလ်ဖာရာ)တွင်အိမ်ထောင်စု-၁၇စုရှိတယ်လို့ သိရှိရပြီး အဆိုပါရေတွင်းကျွန်း‌ကျေးရွာသားများဟာ နီးစပ်ရာကျေးရွာများတွင် နေထိုင်လျက်ရှိပါတယ်။ ၎င်းရွာရှိ အိမ်‌ခြေများကို၂၀၁၇-ခုနစ်၊ မြန်မာစစ်တပ်က မီးရှို့ခဲ့တာကြောင့် အခြားသောရွာများတွင်နေထိုင်လျက်ရှိ‌နေတာပဲ ဖြစ်တယ်လို့ သိရှိရပါတယ်။ ဇန်နဝါရီလ-၁၃ရက်၊နံနက်-၉နာရီမှ စတင်ကာ (ကိုဗစ်)စည်းကမ်းများ     ချိုးဖောက်ကာ ကျားခေါင်တောင်ကျေးရွာရှိ နေရာတစ်နေရာတွင ်စုဝေး၍ ဆွဲ၊တင်၊စစ်ကို ငါးခူရကျေးရွာအခြေစိုက်နယ်မြေ-၅မှ နယ့်ခြားစောင့်ရဲနှင ်မ.က.ဖများပူပေါင်းပြီး အဆိုပါကျေးရွာနှစ်ရွာမ ှရိုဟင်ဂျာများကိုစစ်ဆေးလျက်ရှိနေပြီး ၎င်းအဖွဲ့၏ စားစရိတ်အတွက် အိမ်ထောင်စုတစ်စုလျှင ်ငွေကျပ်-၃ထောင်ကျပ်စီ ကောက်ခံလျက်ရှိနေတယ်လို့ သတင်းရရှိပါတယ်။

၎င်းအဖွဲ့က ိုနိုင်ငံတော်က စားရိတ်စားခမပေးဘ ဲရိုဟင်ဂျာရွာသားများထံမှ စရိတ်‌ငွေကောက်ခံနေခြင်းဟာ အလွန်ယုတ်မာသော၊ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်ဟု ဆိုရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင ်ကလေးမွေးတိုးတစ်ဦးလျှင ်ငွေကျပ်-၃သောင်းကျပ်စီ ကောက်ခံနေသလို၊ ၂-နှစ်အထက်ဖြစ်ပါကငွေ-၅သောင်းကျပ်စီ ကောက်ခံနေပါသည်။ ဥရှဉ့်ဂျား(ဘူးရာရှီးဒါဖာရာ)ကျေးရွာတွင ်၎င်းအဖွဲ့သည်ဖေဖော်ဝါရီလ-၆ရက်တွင ်ဝင်ရောက်မည့်ဖြစ်သော်လည်း ၎င်းကျေးရွာအုပ်ချုပ်ရေးမှူးဆီ်မှတဆင့် ကလေးမွေးတိုးတစ်ဦးလျှင ်ငွေကျပ်-၅သောင်းကျပ်စ ီကြိုတင်ကောက်ခံလျှက်ရှိနေတာပဲ ဖြစ်တယ်လို့ သိရှိရပါတယ်။ ကလေးမွေးဖွားခြင်းသည် ပြစ်မူကျုးလွန်သလိုခံစားရခြင်း၊ ငွေကြေးအများအပြားပေးဆောင်၍ မှတ်ပုံတင်ရခြင်းသည် ကလေးမွေးဖွားနှုန်း လျော့နည်းလာစေရန် ဗျုးဟာကျကျ လုပ်ဆောင်နေခြင်းပင်ဖြစ်ပါတယ်။ မိဘနှစ်ပါးသည် အိမ်ထောင်စုတစ်စုထဲတွင်မဟုတ်ပဲ အိမ်ထောင်စုစာရင်းကွဲပြားခဲ့ပါက ၎င်းတို့၏ကလေးများကို မွေးတိုးခွင့်(အိမ်ထောင်စုစာရင်းတွင်မှတ်ပုံတင်ခွင့်) မပေးခြင်းသည် ကလေးသူငယ်များဆိုင်ရာ နိုင်ငံတကာဥပဒေကို ပြောင်းပြောင်းတင်းတင်းချိုးဖောက်နေခြင်း ဖြစ်ပါတယ်။သီဟို၌သရက်(ဟိုက်ရ်ဖာရာ)ကျေးရွာတွင်လည်း နယ့်ခြားစောင့်ရဲဌာနချုပ် မ.က.ဖများနှင့်နယ့်ခြားစောင့်ရဲများ ပူပေါင်း၍အဆိုပါ ဆွဲ၊တင်၊စစ်ဆေးလျက်ရှိရာ စားစရိတ်အတွက ်အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်-၃ထောင်ကျပ်စီ ကောက်ခံလျက်ရှိသလို၊ ကလေးမွေးတိုးတစ်ဦးလျှင် ငွေကျပ်-၂သောင်းကျပ်စီ မတရားသဖြင့်ကောက်ခံနေကြောင်း သိရသည်။

 ရိုဟင်ဂျာလူမျိုးတစ်မျိုးကိုအဓိကထား၍ ဆွဲ၊တင်၊စစ်လုပ်နေခြင်းသည် ၂၀၀၈ခုနစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ၃၄၈ (နိုင်ငံတော်သည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ရာထူးဌာနန္တရ၊အဆင့်အတန်း၊ ယဉ်ကျေးမှု၊အမျိုးသား၊အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကိုအကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။)ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းသာဖြစ်ကြောင်း မောင်ဝဏ္ဏမှ အခုလို အာဗီးရှင်းကို သတင်းပေးပို့ထားတာပဲဖြစ်ပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.