ပဲခူးတိုင်းနှင့်အခြားမြို့များတွင် အထောက်အထားမဲ့အကြောင်းပြကာ ဖမ်းဆီးခဲ့သော တိုင်းရင်းသားရိုဟင်ဂျာများကို ၂၀၂၁ခုနစ် ၊ ဇန်နဝါရီလ-၁၂ရက်၊ နေ့လည်၂နာရီအချိန်တွင ်မောင်တောမြို့၊ မြို့မကညင်တန်ကျေးရွာသို့ ပြန်ရောက်ရှိခဲ့ကြောင်း သိရှိရပါတယ်။ စုစုပေါင်း၄၉ဦးဖြစ်ပြီး၊ ဘူးသီးတောင်မြို့က၁၇ဦးကိုတော့ ရပ်မိရပ်ဖဦးရော်ဖိခ်ထံအပ်နှံခဲ့ကြောင်း၊ ကျန်၃၂ဦးတွင် ကျား၈ဦး၊ မ၂၄ဦးဖြစ်ပြီး၊ ၎င်းတို့ကိုတော့ မြို့မကညင်တန်းရှိ ကြယ်လတည်ခိုးရိပ်သာနှင့် စိန်ကမ္ဘာတည်ခိုးရိပ်သာများတွင် ထားရှိပြီး၊ ၎င်းကျေးရွာအုပ်ချုပ်ရေးမှူး အဘ်ဒူရော်မန်ထံ အပ်နှံခဲ့ကြောင်းသတင်းရရှိပါတယ်။ ၎င်းတို့ရဲ့ စားသောက်နေထိုင်ရေးကိုတော့ ဒေသခံအာဏာပိုင်များက တာဝန်မယူဘဲ အုပ်ချုပ်ရေးမှူးထံ အပ်နှံခဲ့တာပဲ ဖြစ်တယ်လို့ သိရှိရပါတယ်။ ၎င်းတို့ကိုမနက်ဖြန် သက်ဆိုင်ရာ မိဘနှင့်ဆွေမျိုးများထံအပ်နှံ့မှာဖြစ်တယ်လို့ ကိုမျိုးသူရမှ အာဗီးရှင်းသို့ သတင်းပေးပို့ခဲ့ပါတယ်။
အထောက်ထားမဲ့ ဖမ်းဆီးခံခဲ့ရသော တိုင်းရင်းသားရိုဟင်ဂျာများ မောင်တောမြို့သို့ ပြန်လည်ရောက်ရှိ
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
- AA က မောင်တောတွင် တင်းကျပ်စွာ စစ်ဆေးနေ၊ ရိုဟင်ဂျာအား နှိပ်စက်နေ
- ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာ မီးလောင်ကျွမ်းမှုဖြစ်ပွား
- စစ်ကောင်စီနဲ့ AA တိုက်ပွဲပြင်းထန်နေလို့ ဘင်္ဂလားဒေ့ရှ်နယ်စပ် နေထိုင်သူတွေ စိုးရိမ်နေ
- AAက မောင်တောမြို့နယ် ဈေးမှ ရိုဟင်ဂျာတစ်ဦးကို ဖမ်းဆီးခေါ်
- လှေစီးပြေးရိုဟင်ဂျာ ၁၄၀ ကျော် အင်ဒိုနီးရှားကယ်ဆယ်