Press "Enter" to skip to content

တိုင်းရင်းသားရိုဟင်ဂျာများအား စစ်တပ်နဲ့နယ်ခြားစောင့်တပ်များက မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းများ ပြုလုပ်လျက်ရှိ

၂၀၂၁ခုနစ် ဇန်နဝါရီလ-၈ရက် နေလည့် ၂နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း သပြေတောကျေးရွာအုပ်စု၊ စိမ်းဒီပြင်ရွာတွင် စစ်တပ်နှင့်နယ့်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ရွာ၏ဈေးထဲရှိ ဆိုင်များကိုရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ ထိုဈေးရှိ ဂဟေစော်ဆိုင်တစ်ဆိုင်မှာ ကျောက်စက်တစ်လုံးတွေ့ခဲ့ရာ၊ ၎င်းဆိုင်၌အဌားလုပ်ကိုင်သူ ဆင်းရဲသား မူဟာမတ်ရီယာဇူ(ဘ)နော်ဘီဟူးဆောင်(၂၀နှစ်)အား လက်ထိပ်ခတ်၍ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ဖန်(န်)ဒါအူလ္လာ၏ သမီးပျို(၁၆နှစ်)နှင့်(၁၈နှစ်)တို့နှစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ထိုသူတို့ကို အာလီချောင်းကျေးရွာ(အာလီညောင်း) အခြေစိုက်စစ်တပ်တပ်ရင်းတွင ်ဖမ်းဆီးချုပ်နှောင်းခဲ့ကြောင်း သပြေတောကျေးရွာ၏အုပ်ချုပ်ရေးမှူး ဆွေယာ့ဒ်အီဆာလာမ်၊ တာဝန်ခံ-အီဆာလာမ်၊ဆရာဘော်ရှီရ်-၆၀နှစ် (NDPDပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း၊၂၀၁၀ခုနစ်)၊ အာယုဖ်ခါန်-၃၅နှစ် (ဆိုက်ကယ်အပိုပစ္စည်းဆိုင်ရှင်)တို့ကိုလည်း စစ်ဆေးစရာရှိတယ်လို့ အကြောင်းပြကာ တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့ပါကြောင်း သတင်းရရှိပါတယ်။

ထိုသူတို့ကိုဆ.ရ.ဖများက စစ်ဆေးနေကြောင်း၊ ARSAနှင့်ဆက်နွယ်မူရှိ၊မရ ှိစစ်ဆေးလျက်ရှိရာ၊ အုပ်ချုပ်ရေးမှူး-ဆွေယာ့ဒ်အီဆာလာမ်သည် ဇန်နဝါရီလ-၁၁ရက်၊ ညပိုင်း၄နာရီတွင် ပြန်လာခဲ့ပြီး ၎င်းတပ်ရင်းသို့ပြန်သွားခဲ့ရကြောင်း သိရပါတယ် ။ ဆယ့်‌ကျော်သက်အမျိုးသမီးများကိုတော့ ဇန်နဝါရီလ-၁၀ရက်ညပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။ မူဟာမတ်ရီယာဇူအား နယ့်ခြားစောင့်ရဲထ ံလွှဲပြောင်းခဲ့ကြောင်း သိရပါတယ်။

ဒေသခံတစ်ဦးက“ဒီက‌လေးကိုဖမ်းတာဟာ တော်တော်ကိုသနားညှာထားမူကင်းမဲ့တယ်၊ သူအဖေဆုံးတော့သူမှာအားကိုးစရာမရှိဘူး၊ သူကနေ့စားလုပ်ပြီးတော့ ဝမ်းစားရှာနေတဲ့ကလေးကို ဖမ်းဆီးခဲ့တာဟာ အလွန်ကိုရုပ်ဆိုးကျဉ်းတန်းတယ်လို့ ပြောရမှာဖြစ်တယ်၊ နောက်ပြီးမိန်ကလေးတွေကို ဖမ်းတာ အထက်ပါအဖွဲ့နဲ့ ဆက်နွယ်နေတယ်လို့ ပြောနေတာဟာ တကယ့်ကိုရယ်စရာပါ၊ ARSAတွေကို သူတို့ကိုယ်တိုင်ကိုယ်ကျမဖမ်းဘဲ ရွာသားတွေကိုဖမ်းဆီးနေတာဟာရွာမှာရှိတဲ့ရိုဟင်ဂျာ‌တွေကို ထွက်ပြေးအောင် လုပ်တာလား၊ သူတို့ကိုမတရားသဖြင့် ညှဉ်ပန်းနှိပ်စက်မှာက ိုရွာသားတွေက စိုးရိမ်သလို၊ နောက်ထပ်ရွာသားတွေ မတရားသဖြင့် ဖမ်းဆီးခံရမှာကိုလည်း အလွန်စိုးရိမ်ပူပန်နေရပါတဲ့” ဟုပြောဆိုသွားခဲ့ကြောင်း မောင်ဌေးမှ အာဗီးရှင်းသို့သတင်းပေးပို့ခဲ့ပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.