Press "Enter" to skip to content

တိုင်းရင်းသားရိုဟင်ဂျာ(၉၉)တို့အား ရန်ကူန်တိုင်း ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးခဲ့

၂၀၂၁ခုနစ်၊ ဇန်နဝါရီလ (၆)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကနေလာတဲ့ တိုင်းရင်းသားရိုဟင်ဂျာ (၉၉)ဦးတို့ကို ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

ထိုဖမ်းဆီးရမိခဲ့တဲ့သူများဟာ ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်မဲ့သူများလို့ သိရှိရပြီး ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက် ဘုရင့်နောင်လမ်းမှ မသင်္ကာစရာလူတစ်ဦးကို ရွှေပြည်သာမြို့နယ်စခန်းမှူးက ခေါ်ယူစစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဖမ်းခံရသူများတွင် တိုင်းရင်းသားရိုဟင်ဂျာ အမျိုးသား(၂၆)ဦး အမျိုးသမီး(၇၃)ဦး ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပြီး ၎င်းတို့ငှားနေခဲ့တဲ့ အိမိပိုင်ရှင်များကိုတော့ ဖမ်းဆီးမှာမဟူတ်ကြောင်း၊ ထိုဖမ်းဆီးမိသူတွေကို Covid 19 ပိုးရှိမရှိ စစ်ဆေးဖို့ ကွန်ပျူတာတက္ကသိုလ် ကွာရန်တင်းစင်တာမှာ ထားရှိထားကြောင်း သတင်းရရှိပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.