Press "Enter" to skip to content

တိုင်းရင်းသားရိုဟင်ဂျာများအား ဆွဲတင်စစ်များပြုလုပ်ကာ လူ့အခွင့်အရေးချိုးဖောက်လျှက်ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း ပေါင်းဇားကျေးရွာအုပ်စု၊ ဘော်လ္လာဖာရာတွင် ကျောက်လှေကားအခြေစိုက် နယ်မြေ(၆)မှနယ့်ခြားစောင့်ရဲများနှင့်မ.က.ဖ(လ.ဝ က)များ ပူပေါင်း၍ ဇန်နဝါရီလ-၆ရက်မှစတင်ကာ ၎င်းရွာနေဦးမူစ်တာခ်အာမတ်၏ခြံဝင်းအတွင်း`ဆွဲ၊တင်၊စစ်’ စစ်ဆေးလျက်ရှိနေပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်သုံးထောင်ကျပ်စီကောက်ခံလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ကလေးမွေးတိုးတစ်ခုလျင် ငွေကျပ်နှစ်သောင်းကျပ်စီ ကောက်ခံလျက်ရှိနေပါသည်။ နိုင်ငံတော် covidကာကွယ်ရေးဗဟိုကော်မတီ၏ အမိန့်ထုတ်ပြန်ချက်တွင်`လူ၃၀ဦးအထက်အစုအဝေးမလုပ်ရန်’ ပါရှိပေမဲ့ အဆိုပါအမိန့်ကို လိုက်နာခြင်းမရှိပဲ ထိုစစ်ဆေးသည့်နေရာတွင် လူပေါင်း၅၀ကျော်စုဝေးခဲ့ကြောင်း သတင်းရရှိပါတယ်။ ရွာသူရွာသားများအနေဖြင့် နေ့လည်၁နာရီနောက်ပိုင်းအိမ်အပြင်သို့ ထွက်ခွင့်မရှိသလို၊ ဗလီတွင်ဝတ်ပြုခွင့်မရှိကြောင်း၊ stay Homeကြေညာထားသည့်မြို့တစ်မြို့တွင ်လူအများစု‌ဝေး ဆွဲ၊တင်၊စစ် လုပ်နေခြင်းသည ်covid စည်းကမ်းများကို ဒေသခံအာဏာပိုင်များက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာပဲ ဖြစ်တယ်လို့သိရှိရပြီး အဲ့ဒီအပြင်covid ရောဂါဖြစ်ပွား၍ StayHomeသတ်မှတ်ထားသောမြို့တွင ်ဆွဲ၊တင်၊စစ်အပြင် မတရားသဖြင့်ငွေများကောက်ခံနေခြင်းဟာ ရက်စက်ယုတ်မာမူပင်ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း ရိုဟင်ဂျာလူမျိုးတစ်မျိုးကို ပစ်မှတ်ထား၍ ဆွဲ၊တင်၊စစ်လုပ်နေခြင်းဟာ လူဂုဏ်သိက္ခာနှင့်အည ီဆက်ဆံခြင်းမဟုတ်ဘဲ ရိုဟင်ဂျာလူမျိုးများအပေါ် နိုင်ငံတော်အဆင့် လူအခွင့်အရေးအကြီးအကျယ် ချိုးဖောက်နေခြင်းဖြစ်တယ်လို့ မောင်ဝဏ္ဏမှ အာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်ရှင်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.