Press "Enter" to skip to content

မောင်တောမှ မီးလောင်ဆုံးရှုံးခဲ့သောနေအိမ်များကို အစိုးရမှမူလနေရာတွင် နေရာချထားခြင်းမရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ၂၀၁၇ခုနစ် ဩဂုတ်လ(၂၅)ရက်နောက်ပိုင်းတွင် မြန်မာစစ်တပ်က တိုင်းရင်းသားရိုဟင်ဂျာများအား သုတ်သင်ရှင်းလင်းရေး စစ်ဆေးရေးလုပ်ခဲ့ပြီး နေအိမ်များမီးရှို့ဖျတ်ဆီးခဲ့ပါတယ်။ ထိုမီးလောင်ဖျက်ဆီးဆုံးရှုံးခံခဲ့ရတဲ့ နေအိမ်များကို အစိုးရက ပြန်လည်ဆောက်လုပ်ပေးရန် စီစဉ်လျက်ရှိပြီး မောင်တောမြို့နယ်အမှတ်(၅)ရပ်ကွက်တွင် အိမ်ခြေ(၃၀၀) နီးပါးခန့် ဆောက်လုပ်နေတယ်လို့ ကနဦး သိရပါတယ်။ ထိုရပ်ကွက်တွင် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ မြို့မကညင်တန်းကျေးရွာအုပ်စု၊ အမှတ်(၃)ရပ်ကွက်တို့မှ မီးလောင်ဆုံးရှုံးသွားသူများကို နေရာချထားပေးမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

အိမ်များမီးလောင်ဆုံးရှုံးခံရသူများကို ၎င်းတို့ပိုင်ဆိုင်တဲ့ မူလနေရာများကို မပေးဘဲ ဒေသခံအာဏာပိုင်များရဲ့ အစီမံဖြင့်အစိုးရသတ်မှတ်သော နေရာများကိုပေးအပ်နေပြီး၊ ထိုတိုင်းရင်းသားရိုဟင်ဂျာများက နိုင်ငံတကာအစိုးရများနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းများအား ၎င်းတို့မူလနေရာတွင် ပြန်လည်နေရာချထားပေးရန် တောင်းဆိုလျှက်ရှိနေသော်လည်း အစိုးရဖက်မှ လိုက်လျောပေးခြင်းမရှိတာပဲဖြစ်ပါတယ်။

တိုင်းရင်းသားရိုဟင်ဂျာအချို့သည် သူတို့ရဲ့ကိုယ်ပိုင်နေရာများတွင်သာ တဲများထိုး၍ နေထိုင်လျက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ယင်းတဲများကိုဖြို၍ အစိုးရသတ်မှတ်ထားတဲ့ မိသားစုတစ်စုလျှင် ပေ၄၀×၃၀မြေကွက်တွင် ကွန်ကရစ်ခင်း၊ ဝါးထရံကာ၊ သွပ်မိုးဖြင့် စီစဉ်ထားသောနေရာတွင်သာ နေထိုင်ရန် ဖိအားပေးလျက်ရှိနေပေမဲ့ တိုင်းရင်းသားရိုဟင်ဂျာတို့မှလည်း မိမိတို့မူလနေရာမှ မဖယ်ရှားပေးနိုင်ဟုဆိုကာ ဆက်လက်နေထိုင်လျက်ရှိတယ်လို့ ကိုမျိုးသူရမှ သတင်းပေးပို့ထားပါတယ်ရှင်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.