Press "Enter" to skip to content

တိုင်းရင်းသားရိုဟင်ဂျာအမျိုးသမီး(၁၂)ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို ပြည်မြို့တွင် ဖမ်းဆီးခဲ့

၂၀၂၀ခုနစ် ၊ ဒီဇင်ဘာ(၂၄)ရက်နေ့ နေ့လည်(၁)နာရီခွဲခန့်တွင် ပဲခူးတိုင်း၊ပြည်မြို့ ၊ ကျောင်းကြီးအိုးတန်းရပ်ကွက် ၊ ရွှေဘုန်းပွင့်ဘုရားအနီးတွင် ရခိုင်ပြည်နယ်မောင်တောမှ တိုင်းရင်းသားရိုဟင်ဂျာအမျိုးသမီး(၁၂)ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါရိုဟင်ဂျာအမျိုးသမီးများမှာ အသက်(၂၀)ဝန်းကျင်များဖြစ်ကြပြီး သာသနဓမ္မဂုဏ်ရည်ကျောင်းတိုက်ဟု ရေးသားထားတဲ့ ကားနံပတ် YNG RLG-7015 အဖြူရောင်မှန်လုံကားပေါ်၌ ဖမ်းဆီးမိခဲ့ပေမဲ့ ယာဉ်မောင်းနဲ့သံဃာတစ်ဦးမှာတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြည်မြို့နယ်ရဲမှူးသန်းဇော်ဝင်းက အတည်ပြုပြောကြားထားကြောင်း သိရှိရပါတယ်။

ထိုဖမ်းဆီးရမိသူများဟာ ဘယ်ကိုသွားမယ်လို့ အတိအကျမသိရှိရသေးပေမဲ့ ပြည်မြို့ကွာရန်တင်းစင်တာသို့ ၎င်းတို့အား ပို့ဆောင်ထားပြီး သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းသွားမယ်လို့ သတင်းရရှိပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.