Press "Enter" to skip to content

မောင်တောမြို့ပြည်သူများ အုပ်ချုပ်ရေးမှူးရဲ့ခေါင်းပုံဖြတ်မှုခံနေရ

နိုဝင်ဘာလ(၅)ရက်၊ နံနက်၁၀နာရီအချိန်တွင် ရခိုင်ပြည်နယ် မောင်တောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး အောင်ရဲက ရပ်ကွက်နဲ့ကျေးရွာအုပ်စု(၉၀)စု၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု(၁၃၈၆၀)စုအတွက် တစ်အိမ်ထောင်စုလျှင် စားသုံးဆီ(၂လီတာ) နှုန်းဖြင့် နိုင်ငံတော်မှထောက်ပံ့ခြင်းကို အခမ်းအနားဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူး ဦးဘကျော်ကစားသုံးဆီနှစ်လီတာကို ငွေကျပ်နှစ်ရာစီ ကောက်ခံလျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။ ဒါ့အပြင် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှသိန်းကအိမ်ထောင်စုတစ်စုလျှင် စားသုံးဆီတစ်လီတာစီ ပေးအပ်နေကြောင်း၊ ထိုသို့ ပေးအပ်ရာမှာလည်း ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုများရဲ့ငါးဆယ်ရာခိုင်နှုန်းခန့်သာ ရရှိနေကြောင်း သိရပါတယ်။ မြို့မကညင်တန်းကျေးရွာနဲ့ ရွှေဇားကျေးရွာတွင်လည်း စားသုံးဆီတစ်လီတာစီသာ  ပေးအပ်နေကြောင်း သတင်းရရှိပါတယ်။

မောင်တောမြို့ကို stayhome ကြေငြာတဲ့နောက်ပိုင်း အစိုးရဖက်မှ ငွေကျပ်နှစ်သောင်းနှုန်းဖြင့်တစ်ကြိမ်၊ ယခုစားသုံးဆီနှုန်းဖြင့်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်သာ ထောက်ပံ့ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်မှထောက်ပံ့ရာတွင်လည်း အဆိုပါအုပ်ချုပ်ရေးမှူးများရဲ့ ခေါင်းပုံဖြတ်ခံနေရကြောင်း၊ ၎င်းကိုထိရောက်စွာ အရေးယူပေးပါရန် ဒေသခံအများအပြားက လိုလားလျှက်ရှိတယ်ကြောင်း သတင်းရရှိပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.