ရခိုင်ပြည်နယ် ၊ မောင်တောမြို့တွင် Covidရောဂါလူနာများ တွေ့ရှိလာရ၍ ဆေးဆိုင်၊ စားကုန်ဆိုင်၊ မုန့်ဆိုင်၊ ဆေးပေးခန်းနဲ့ သားငါးဆိုင်များကို ယခင်က(၁)နာရီထိဖွင့်ခွင့်ပေးခဲ့ရာမှ အောက်တိုဘာလ(၇)ရက်နေ့မှာ လုံးဝပိတ်ပင်စေခဲ့တဲ့အတွက် ထိုဆိုင်များကိုအမှီသဟဲပြု စားသောက်လုပ်ကိုင်သူများအားလုံး အလုပ်လက်မဲ့ဖြစ်သွားကြရပါတယ်။ ဒါ့အပြင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ပိတ်ပင်မှုဟာ သုံးလကျော်သွားတဲ့အတွက် ထိုစခန်းကို အမှီသဟဲပြုလျှက်ရှိတဲ့ စက်လှေပိုင်ရှင်များ၊ စက်လှေသမားများ၊ကုန်တင်ကုန်ချ အလုပ်သမားများမှာ စားဝတ်နေရေးကျပ်တည်းလျက် ရှိနေပါတယ်။ ထမင်းတစ်နေ့နှစ်ကြိမ် နပ်မှန်အောင်တောင် မစားနိုင်ဖြစ်လျက်ရှိတယ်လို့လည်း စက်လှေပိုင်ရှင်တစ်ဦးမှ ဝမ်းနည်းစွာပြောသွားပါတယ်။
ဆန်နှင့်စားကုန်ပစ္စည်းများကို စစ်တွေမှဘူးသီးတောင်သို့ ရေလမ်းကြောင်းဖြင့် သယ်လေ့ရှိရာ မြန်မာရေတပ်မှတားဆီးမှုကြောင့် ကုန်စီးဆင်းမှုလျော့နည်းလာတဲ့အတွက် မောင်တောတွင် ကုန်ပစ္စည်းဈေးနှုန်းများ ၃၀ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။ ထိုမြင့်တက်တဲ့အထဲတွင် မီးသွေးဈေးနှုန်းလည်းပါဝင်နေပြီး ယခင်တစ်အိတ်ကို လေးထောင့်ငါးရာမှ ယခုကိုးထောင်ကျပ်ဖြစ်နေပြီး ထိုသို့ဖြစ်ရခြင်းမှာ ဘူးသီးတောင်မှမောင်တောသို့ သယ်ယူလာစဉ် မောင်တော(၄)မိုင်မှာ သစ်တောအရာရှိများက သိမ်းယူဟန့်တားခြင်းများကြောင့် ဖြစ်တယ်လို့သိရပါတယ်။
မောင်တောမြို့တွင် ယခင်တည်းကစီးပွားရေးကျဆင်းလျက်ရှိရာ covidကာလအတွင်း ယခုလိုပြုလုပ်ခြင်းဟာ ဒေသခံများကို အငတ်ဘေးသို့ တွန်းပို့နေသလိုဖြစ်နေပြီး မောင်တောမြို့ ရဲ့မြောက်ပိုင်း၊ တောင်ပိုင်းကျေးရွာများတွင် ICRCနဲ့ WFPအဖွဲ့တို့မှ စားနပ်ရိက္ခာများထောက်ပံ့ပေးနေပေမဲ့ မောင်တောမြို့ပေါ်ရပ်ကွက် အမှတ်(၁,၂,၃,၄,၅)နဲ့ မြို့မကညင်တန်းကျေးရွာ၊ရွှေဇားကျေးရွာနဲ့ မြို့ဦးကျေးရွာတွင် ဘယ်NGOများက ထောက်ပံ့ခဲ့ခြင်းမရှိပဲ အငတ်ဘေးနဲ့ သေနိုင်ကြောင်း၊ နိုင်ငံတကာအထောက်အပံံ့များလိုအပ်လျက်ရှိကြောင်း သိရှိရပါတယ်။
“ဘူးသီးတောင်မြို့မှာတောင် နေ့လည်(၁)နာရီအထိ ဈေးဆိုင်တွေဖွင့်လို့ရနေပေမဲ့ မောင်တောခရိုင်ရဲ့ မြို့နှစ်မြို့မှာတော့ ဥပဒေကနှစ်မျိုးဖြစ်နေတယ်။ ဒါကို သေချာခြုံငုံသုံးသပ်မယ်ဆိုရင် covidကိုအကြောင်းပြကာ တမင်တကာနှိပ်ကွတ်နေတာ ဖြစ်ပြီး ဒေသခံအာဏပိုင်တွေအနေနဲ့ ကိုယ်ချင်းစာတရားထားပြီး လူကိုလူလို့ဆက်ဆံပေးပါလို့”တက်ကြွလှုပ်ရှားသူတစ်ဦးက အခုလိုပဲ ပြောဆိုသွားတယ်လို့ ကိုမျိုးသူရမှ Rဗီးရှင်းသို့ သတင်းပေးပို့ခဲ့ပါတယ်။