Press "Enter" to skip to content

မောင်တောတွင် စစ်တွေမှပြန်လာတဲ့ ပညာရေးဝန်ထမ်းတစ်ဦး နေမကောင်းသဖြင့် သံသယလူနာအဖြစ် စောင့်ကြိခံရ

ရခိုင်ပြည်နယ် ၊မောင်တောမြို့နယ် မင်းခမောင်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတစ်ဦးဟာ ဩဂုတ်လ ၁၁ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မြင့်တက်နေတဲ့ စစ်တွေမှ ပြန်လာခဲ့ပြီး ၂၀ရက်နေ့တွင် ဖျားနာမှုစတင်ဖြစ်ပွားတဲ့အတွက် တမနိးသားဆေးခန်းတွင် လာရောက်ပြခဲ့တယ်လို့ သတင်းရရှိပါတယ်။ ထိုလူနာသည် (၂၂)ရက်နေ့ နံနက်ပိုင်းတွင် မင်းခမောင်းမှမောင်တောဆေးရုံသို့ လာရောက်ပြသတာဖြစ်ပြီး မောင်တောခရိုင်ပြည်သူ့ဆေးရုံတွင် သံသယလူနာအဖြစ် ထားရှိလျက်ရှိကာ ၎င်းနှင့်အတူ လိုက်ပါလာတဲ့ကားပေါ်မှ ခရီးသည်များကိုလည်း Quarantine ဝင်ခိုင်းထားကြောင်း သိရှိရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု တကြော့ပြန် ပြန်လည်မြင့်တက်လျက်ရှိပြီး ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်လိုက်နာရမယ့် စည်းကမ်းချက်များကို တာဝန်ရှိသူများက ထုတ်ပြန်ကြေငြာထားပေမဲ့ မောင်တောမြို့နယ် ဒေသခံများမှ စည်းကမ်းလိူက်နာမှု အားနည်းနေသေးကြောင်း သိရှိရပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.