ဒီမီုကရေစီနဲ့ လူ့အခွင့်ရေးပါတီမှ ရခိုင်ပြည်နယ်စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်လွှာတင်ထားတဲ့ ဦးဒူရာရှစ်ကို စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ နိုင်ငံသားမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချလိုက်တာပဲ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ဦးဒူရာရှစ်ရဲ့မိဘများဟာ သူ့ကိုမမွေးခင်တည်းက နိုင်ငံသားခံယူခဲ့ကြတာဖြစ်ပြီး သူရဲ့ဖခင်ကတော့ အစိုးရရေယာဉ်ဦးစီးဌာနမှာ ရေယာဉ်အုပ်အနေနဲ့ ၃၈နှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီးမှ ပင်စင်ရထားသူဖြစ်တယ်လို့ သိရပါတယ်။ ထိုအချက်လက် အထောက်ထားများနဲ့တကွ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားပေမဲ့ ပယ်ချခံခဲ့ရတာဖြစ်တာကြောင့် အယူခံဆက်ဝင်သွားမယ်လို့ သိရပါတယ်။ ဒီလိုမျိုး ပယ်ချခံရတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် စစ်တွေမြို့အမျိုးသားကိုယ်စားလှယ်လောင်းအဖြစ်လျှောက်ထားတာကိုလည်း ခရိုင်ကော်မရှင်က ပယ်ချခဲ့ပြီး အယူခံဝင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။
၎င်းအနေနဲ့ ၃ခေါက်ချိုးကိုင်ထားတဲ့ အခြားသူတွေကို နိုင်ငံသားအဖြစ်သတ်မှတ်ထားပြီး ရိုဟင်ဂျာမွတ်စ်လင်မ်တွေကိုမှ နိုင်ငံသားအဖြစ်မသတ်မှတ်လည်းဆိုတဲ့ မေးခွန်းမေးစရာဖြစ်လာတယ်လို့ ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အခြေစိုက် Fortify Right အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးသုတေသီမှ နစ်ကီဒိုင်းမွန်းကလည်း ရွေးကောက်ပွဲဝင်မဲ့သူဟာ ရိုဟင်ဂျာဖြစ်တာကြောင့် အခုလိုငြင်းပယ်ခံရတာဖြစ်နိုင်ပြီး နိုင်ငံသားတစ်ယောက်ဖြစ်လျက်နဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ်မှပယ်ချခံရခြင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ FACEကို စောင့်ကြည့်ခွင့်မပြုခြင်းစတဲ့ ဖြစ်ရက်တွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပါ့မလားလို့ သံသယဝင်စရာဖြစ်လာတယ်လို့ ၎င်းက သုံးသပ်သွားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌဦးလှသိန်းကတော့ သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီမှ ဝငိရောက်အရွေးခံခွင့်ပေးမှာဖြစ်တယ်လို့ RFA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှုမှာ ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ၃ခေါက်ချိုးကိုင်ဆောင်ထားတဲ့တိုင်းရင်းသားရိုဟင်ဂျာများအား မှတ်ပုံတင်စီစစ်ရေးကတ်ပြား ထုတ်လုပ်မှုကြန့်ကြာနေပြီး မဲပေးခွင့်ရှိမရှိ အခုထိ မသိရှိကြောင်းသတင်းရရှိပါတယ်။