Press "Enter" to skip to content

စစ်တွေမြို့တွင် ရဲတပ်ဝင်များရဲ့ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာတစ်ဦး သေဆုံး၊ တစ်ဦး အပြင်းထန်ဒဏ်ရာရ

၂၀၂၀ခုနစ် ဩဂုတ်လ(၂)ရက်နေ့ ညတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းဂံကျေးရွာတွင် ရဲတပ်ဖွဲ့ဝင်များရဲ့ အနီးကပ်ပစ်ခတ်မှုကြောင့် တိုင်းရင်းသားရိုဟင်ဂျာတစ်ဦး သေဆုံးကာ တစ်ဦးမှာဒဏ်ရာပြင်းထန်ကြောင်း ရိုဟင်ဂျာတူဒေးမှ သတင်းရရှိပါတယ်။

ဩဂုတ်လ(၂)ရက်နေ့ ည(၉)နာရီခန့်အချိန်တွင် စစ်တွေမြို့နယ် ရာဘာခြံIDPစခန်းနေ သံထော်လီကျေးရွာမှ အာဘူဆီဒီးခ်နဲ့အတူ သက္ကေပြင်ကျေးရွာမှ ဦးလူလူယာတို့(၃)ဦးဟာ မင်းဂံရခိုင်ရွာနဲ့ တစ်မိုင်ခန့်အကွာ ကွန်ကရစ်လမ်းသစ်ပေါ်ရှိ တံတားအနီးတွင် အအေးထိုင်သောက်နေစဉ် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ရောက်ရှိလာပြီး “ဘာလုပ်နေတာလဲ”ဟုမေးမြန်းခဲ့ရာ တိုင်းရင်းသားရိုဟင်ဂျာ(၄)ဦးက “ဒီအတိုင်းထိုင်စကားပြောနေတာ”လို့ ပြန်ဖြေတာက ိုရဲတပ်ဖွဲ့ဝင်များက ဆဲဆိုကြိမ်းမောင်းတဲ့အတွက် စကားများခဲ့ကြပါတယ်။ ထိုရဲတပ်ဖွဲ့ဝင်များ ထွက်ခွာသွားပြီး ခဏအကြာတွင် ရဲတပ်ဖွဲ့(၆)ဦးပါတဲ့ ကားဖြူလေးရောက်ရှိလာပြီး တိုင်းရင်းသားရိုဟင်ဂျာနှစ်ဦးအား အနီးကပ်သေနတ်ဖြင့် ပစ်ခတ်တဲ့အတွက် ကျန်နှစ်ဦးမှထွက်ပြေးခဲ့ရတယ်လို့ ရိုဟင်ဂျာတူဒေးမှ သတင်းရရှိပါတယ်။

သေဆုံးသူမှာသက္ကေပြင်ကျေးရွာမှ ဦးလူလူယာ(အသက်၃၅နှစ်)ဖြစ်ပြီး သံထော်လီရွာသားအာဘူဆီဒီးခ် (အသက်၂၅နှစ်)မှာ ဒဏ်ရာရရှိခဲ့တဲ့အတွက် ည၁၀နာရီခန့်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ အခင်းဖြစ်ရာနေရာသို့ လာရောက်စစ်ဆေးကာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူနှစ်ဦးအား စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပါတယ်။

ပစ်ခတ်သူများမှာ ရဲတက်ဖွဲ့ဝင်များဖြစ်ကြောင်း သေချာပေမဲ့ ဘယ်စခန်း ဘယ်တပ်ရင်းမှန်းတော့ အတိအကျမသိရှိရသေးကြောင်း၊ ဒေသခံများကတော့ အခင်းဖြစ်ပွားတဲ့နေရာအနီးနားရှိ ရဲတပ်ရင်း(၃၆)မှတပ်ဖွဲ့ဝင်များ ဖြစ်နိုင်တယ်လို့ သုံးသပ်လျက်ရှိတယ်လို့ ရိုဟင်ဂျာတူဒေးမှ သတင်းရရှိပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.