Press "Enter" to skip to content

ဘူးသီးတောင်မြို့မှ ရိုဟင်ဂျာများကို နယ်ထိန်းရဲများက ခြိမ်းခြောက်ငွေညှစ်လျက်ရှိ

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ရိုဟင်ဂျာများအား ထိုရပ်ကွက်ရှိ နယ်ထိန်းရဲများက ခြိမ်းခြောက်ကာ ငွေညှစ်လျက်ရှိတယ်လို့ ရိုဟင်ဂျာတူဒေးမှ သိရှိရပါတယ်။

ဘူးသီးတောင်မြို့နယ် အမှတ်(၁)ရပ်ကွက်တွင် တာဝန်ထမ်းဆောင်နေတဲ့ မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင် တပ်ကြပ်စံသန်းသိန်းဟာ ထိုရပ်ကွက်တွင် အာဏာအရှိဆုံးဖြစ်ပြီး ၎င်းကို ဘယ်သူကမှ ပြောဆိုခွင့်မရှိဟုသိရပါတယ်။ ၎င်းဟာ ထိုအာဏာကိုအသုံးချကာ ရပ်ကွက်တာဝန်ခံ ဦးမာမက်ရှော်ဘီနဲ့ ပူးပေါင်းကာ အိမ်သစ်ဆောက်လုပ်နေသူများကို ခွဆုံရှိ လက်ဖက်ရညိဆိုင်သို့ခေါ်ဆောင်ကာ အိမ်ဆောက်ခွင့်များ စစ်ဆေးပါတယ်။ အိမ်ဆောက်လုပ်ခွင့်ရှိနေလျှင်လည်း ထိုဆောက်လုပ်ခွင့်ဟာ မြို့နယ်အုပ်ချုပ်ရေးမှူးဆီမှဖြစ်ပြီး ရဲစခန်းမှ ထုတ်ပေးတဲ့ ဆောက်လုပ်ခွင့်ကို ပိုက်ဆံပေးပြီး ရယူရမှာဖြစ်ကြောင်း၊ မပေးပါက ဖမ်းဆီးပြီးထောင်ချမှာဖြစ်ကြောင်း ခြိမ်းခြောက်ငွေညှစ်လျက်ရှိတယ်လို့ ရိုဟင်ဂျာတူဒေးမှ သိရှိရပါတယ်။

ထိုကဲ့သို့ခြိမ်းခြောက်မှုကြောင့် အိမ်ဆောက်နေသူများဖြစ်သော ဦးရှုကုရ်နဲ့ ဦးဆော်လိမ်တို့မှာ တစ်ဦးလျှင် ငွေကျပ်(၁၅)သိန်းစီ ဇွန်လနောက်ဆုံးပတ်တွင် ပေးခဲ့ရကြောင်း၊ ဒါ့အပြင် ကား၊ ဆိုင်ကယ်၊ အိမ်၊ အိမ်ခြံမြေစတဲ့ ဥစ္စာပစ္စည်းများကိုရောင်းဝယ်သူများအား ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း၊ နေ့တိုင်း ခွဆုံတွင် စောင့်ဆိုင်းကာ သွားလာနေသူများရဲ့ ဖုန်း၊ ဆိုင်ကယ်၊ ကားတို့ပါစစ်ဆေးခြင်း၊ ရခိုင်စကားကောင်းကောင်းမပြောနိုင်သူများအား ဆဲဆိုးထိုးကြိတ် ငွေများလုယက်ခြင်းများကို ဓားမြလူမိုက်ဆန်ဆန် ပြုလုပ်လျက်ရှိကြောင်း ရိုဟင်ဂျာတူဒေးမှ သိရှိရပါတယ်။

ထိုကဲ့သို့ ရမ်းကားလျက်ရှိတဲ့ ရဲတပ်ကြပ်စံသန်းသိန်းကို မြို့မရဲစခန်းမှ စခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆာင်များက မသိချင်ယောင်ဆောင်မနေပဲ အမြန်ဆုံးအရေးယူဟန့်တားပေးဖို့လည်း ဒေသခံများက တောင်းဆိုလျက်ရှိကြောင်းလည်း ရိုဟင်ဂျာတူဒေးမှ သတင်းရရှိပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.