Press "Enter" to skip to content

ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း လှဘော်ဇားရှိ ရွာငါးရွာတွင် ထောက်ပံ့ငွေများအား ခေါင်းပုံဖြတ်မှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း လှဘော်ဇား(ခေါ်)ဘောက်ခ်ရူးဖားရာရှိ ရွာ(၅)ရွာခနိ့တွင် အိမ်ထောင်စု၆၀၀စုရှိကြောင်း သိရပါတယ်။ ဇူလိုင်လ(၁၇)ရက်နေ့တွင် NRCနဲ့ MHD(NGO)အဖွဲ့များက ရွာသားများထံသို့ ကိုယ်တိုင်သွားရောက်၍ တစ်အိမ်ထောင်စုစီအား ၂၁၆၀၀၀ (နှစ်သိန်းတစ်သောင်းခြောက်ထောင်) ပေးအပ်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ သို့ပေမဲ့ အိမ်ထောင်စု၆၀၀စုရှိပေမဲ့ အိမ်ထောင်စု၃၀၀စုသာ ထောက်ပံ့ငွေရရှိခဲ့ပြီး ကျန်အိမ်ထောင်စုများရဲ့ငွေကိုတော့ ဦးကာဆိမ်းဆိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ၎င်းရဲ့ကိုယ်ကျိုးအတွက် သုံးစွဲလျက်ရှိနေတယ်လို့ သတင်းရရှိပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ အဆိုပါ ထိုသူသည် တစ်အုပ်စုတွင် အိမ်ထောင်စု၂၅စုဖွဲ့ပြီးမဝေဘဲ ၅၀စုကို တစ်အုပ်စုအဖြစ်ထားပြီး ခွဲဝေမယ်လို့ NGOအဖွဲ့များကို လိမ်ညာခဲ့ပြီး ငွေရတဲ့အခါမှာတော့ အိမ်ထောင်စု၂၅စုကိုသာပေးခဲ့ကာ ကျန်ငွေများကို လိမ်လည်ယူထားတာပဲ ဖြစ်ပါတယ်။ ရွာသူရွာသားများအနေနဲ့ မိုးရာသီမှာ စားဝတ်နေရေးကျပ်တည်းမှု မရှိစေရန် NGOများက ထောက်ပံ့ပေးတာကို ခေါင်းပုံဖြတ်ခဲ့သော အဆိုပါအုပ်ချုပ်ရေးမှူးအား ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုလျှက်ရှိတယ်လို့ ကိုမျိုးသူရမှ Rဗီးရှင်းသို့ သတင်းပေးပို့သွားပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.