Press "Enter" to skip to content

ရခိုင်ပြည်နယ် ဘူးသီးတောင်ဂူတာပြင်ကျေးရွာတွင် စားနပ်ရိက္ခာခေါင်းပုံဖြတ်မှုများ ဖြစ်ပွားလျက်ရှိ

ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က ရခိုင်ပြည်နယ် ဘူးသီးတောင်တောင်ပိုင်းရှိ ဂူတာပြင်ကျေးရွာနေ ရွာသူရွာသားများအား နှစ်လတစ်ကြိမ် စားနပ်ရိက္ခာများ ထောက်ပံ့လျက်ရှိရာ အဆိုပါစားနပ်ရိက္ခာများကို ထိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သာပြူနဲ့ ရပ်မိရပ်ဖများဖြစ်ကြတဲ့ ဂူတာပြင်ရွာနေ ဆရာ-ရှော်ဖီအူလ္လာဟ်(၅၀နှစ်)၊ ဥက္ကဌဟောင်း မာမတ်အာယူဖ်(၅၁နှစ်)၊ သရက်တောင်(ဇူးမ်ခါဖာရာ)ရွာနေ နူရ်ကော်ဘိရ်(ခေါ်) ဒေါလ္လာ(၄၈နှစ်)၊ ရှားဘူရီးယား(၂၅နှစ်)တို့ထံအပ်နှံကာ ၎င်းတို့ထံမှတဆင့် ရွာသားများအား အိမ်ထောင်စုအလိုက် ခွဲဝေပေးလျက်ရှိတယ်လို့ သိရပါတယ်။

၂၀၂၀ ခုနစ် ၊ဇွန်လ(၁၉)ရက်မှာလည်း ထိုကျေးရွာကို အဆိုပါ ICRCအဖွဲ့မှ ဆန်၊ပဲ၊ဆီ၊သကြား၊ဆား၊ သွားတိုက်ဆေးနဲ့ဆပ်ပြာစတာတွေကို နှစ်လစာထောက်ပံ့ပေးအပ်ခဲ့ပေမဲ့ အဆိုပါပစ္စည်းများမှ ဆွဲ၊တင်၊စစ် မခံရသူ၊အခြားရွာမှ လာရောက်ခိုလှုံနေထိုင်သူများအတွက် စားနပ်ရိက္ခာမှ စုစုပေါင်းငွေကျပ်(သိန်း၆၀)ကို ခေါင်းပုံဖြတ်ပြီး ၎င်းတို့ကိုယ့်ကျိုးအတွက် သုံးစွဲလျက်ရှိနေတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက”သူတို့ အိမ်ထောင်စုအလိုက် အချိုးကျကျမပေးဘဲ တဝက်ပဲပေးတာ၊ ထောက်ပံ့တဲ့အဖွဲ့က ပြောတဲ့အတိုင်းမလုပ်ပဲ သူတို့အပိုင်ပစ္စည်းလို လုပ်နေတယ်၊ ဒီလောက် စီးပွားရေးကျပ်တည်းဖြစ်နေတဲ့ကာလမှာ သူတို့ခေါင်းပုံဖြတ်တာ အတော်စိတ်မကောင်းဖြစ်ရတယ်။ တာဝန်ရှိလူကြီးမင်းများ အနေဖြင့် ကျွန်တော်တို့ ဆင်းရဲသားတွေကို ငဲ့ညှာသောအားဖြင့် သူတို့ကို ထိထိရောက်ရောက် အရေးယူပေးပါလို့ တောင်းဆိုတယ်လို့ “ပြောကြားခဲ့ကြောင်း ကိုမျိုးသူရမှ သတင်းပေးပို့ထားပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.