Press "Enter" to skip to content

ပင်လယ်၌တွေ့ရသော ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်ခေါ်ဆောင်ရန် ဘင်္ဂလားဒေ့ရှ်အားတောင်းဆို

ယခုသီတင်းပတ်အတွင်း လှေဖြင့်ဝင်ရောက်ရန်ကြိုးစားသည့် ရိုဟင်ဂျာဒုက္ခသည်(၃၀၀)ခန့်အား မလေးရှားနိုင်ငံမှ ထိန်းသိမ်းထားခဲ့ပြီးနောက် ထိုရိုဟင်ဂျာဒုက္ခသည်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ခေါ်ဆောင်ပေးရန် မလေးရှားကတောင်းဆိုလိမ့်မယ်လို့ အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးက အင်္ဂါနေ့တွင်ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနမှ ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ”ဒုက္ခသည်”ဟူသော အခြေနေတစ်ရပ်ကို အသိအမှတ်မပြုသော်လည်း မြန်မာနိုင်ငံတွင် ၂၀၁၇ခုနစ် စစ်တပ်မှဦးဆောင်တဲ့ ရိုဟင်ဂျာမွတ်စ်လင်မ်နှိမ်နှင်းခြင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် ဆိုးရွားတဲ့အခြေနေများနဲ့ကြုံတွေ့နေရတဲ့ ဒုက္ခသည်ရိုဟင်ဂျာများအတွက်တော့ အထူးကောင်းမွန်တဲ့နေရာတစ်ခု ဖြစ်လျှက်ရှိပါတယ်။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကာလအတွင်း နယ်စပ်ထိန်းချုပ်မှုများ ပိုမိုတင်းကျပ်လာခြင်းကြောင့် အရှေ့တောင်အာရှနိုင်ငံများမှ ရိုဟင်ဂျာဒုက္ခသည်များကို လက်ခံခြင်းမရှိတော့ကြောင်း၊ထပ်မံပြီး “ရိုဟင်ဂျာတွေ ဒီကိုလာရင်သူတို့နေလို့မရဘူးဆိုတာသိသင့်တယ်”လို့ ဝန်ကြီး Ismail Sabri Yaakobမှ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

“မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများမှ ထွက်ပြေးလာတာဆိုပါက ဖမ်းဆီးထားတဲ့ ရွှေ့ပြောင်းအလုပ်သမားများအား ပြန်လည်ခေါ်ဆောင်သွားရန် ဒါကာအားတောင်းဆ်ုလိမ့်မယ်”လို့ ၎င်းကထပ်မံ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့တွင် အာဏာပိုင်များက မလေးရှားရဲ့ အနောက်မြောက်ဘက် လန်ကာဝီကျွန်းအနီးရှိ လှေတစ်စီးမှ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းနဲ့အတူ ဒုက္ခသည်ရိုဟင်ဂျာ(၂၆၉)ဦးကို ဖမ်းဆီးခဲ့ပြီး ထိုဒုက္ခသည်များအား ပြန်လည်နေရာချထားရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စီစဉ်ထားတဲ့ Bhasan Charကျွန်းပေါ်တွင် ရွှေ့ပြောင်းအလုပ်သမားများကို နေရာချထားပေးရန် မလေးရှားက တောင်းဆိုရန် စီစဉ်ထားနိုင်တယ်လို့ ၎င်းကဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်မလေးရှားသည် ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ UNHCRအား တတိယနိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်များအား ပြန်လည်နေရာချထားပေးရန် တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဒါကာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ဒုက္ခသည်များသည် မြန်မာနိုင်ငံရဲ့တာဝန်သာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်းသိရပါတယ်။

“သူတို့ဘာကြောင့် မြန်မာနိုင်ငံကို ပြန်ခေါ်ခိုင်းဖို့ မတောင်းဆိုတာလဲ။ဘင်္ဂလားဒေ့ရှ်နဲ့ လုံးဝမသက်ဆိုင်ဘူး”လို့ အရာရှိတစ်ဦးမှ ပြောကြားခဲ့ပြီး UNHCRမှ တာဝန်ရှိသူများကလည်း မှတ်ချက်ပေးရန်တောင်းဆိုမှုများအပေါ်  ချက်ချင်းတုံ့ပြန်ခြင်းမရှိသေးဘူးဟုလည်း သိရှိရပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.