Press "Enter" to skip to content

လှေဖြင့်ဝင်ရောက်ရန် ကြိုးစားတဲ့ ရိုဟင်ဂျာ၂၇၀နီးပါးကို မလေးရှားထိန်းသိမ်း

၂၀၂၀ခုနစ်ဇွန်လ(၈)ရက်နေ့ တနင်္လာနေ့မနက်အစောပိုင်း၌ သေဆုံးနေသောလူတစ်ဦးနဲ့အတူ  ရိုဟင်ဂျာ(၂၆၉)ယောက် လိုက်ပါလာသောလှေမှာ စက်ချို့ယွင်းနေသဖြင့် လုံခြုံရေးတပ်ဖွဲ့များမှ ပြန်လည်ထွက်ခွာရန် အတင်းစေခိုင်းလို့မရပဲ ဖမ်းဆီးလိုက်တယ်လို့ ရိုက်တာသတင်းမှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

“ဒုက္ခသည်”ဟူသော အခြေနေတစ်ရပ်ကို အသိအမှတ်မပြုတဲ့ အရှေ့တောင်အာရှနိုင်ငံဟာ မြန်မာနိုင်ငံတွင်၂၀၁၇ခုနစ် စစ်တပ်မှဦးဆောင်တဲ့ ရိုဟင်ဂျာနှိမ်နှင်းခြင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် ဆိုးရွားတဲ့အခြေနေများနဲ့ ကြုံတွေ့နေရတဲ့ရိုဟင်ဂျာများအတွက် ဦးစားပေးနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

တနင်္လာနေ့မနက်ခင်းတွင် မလေးရှားအာဏာပိုင်များက မလေးကျွန်းဆွယ်ရဲ့ အနောက်မြောက်ဘက်ထောင့်ရှိ လန်ကာဝီတွင် ရိုဟင်ဂျာများအား သယ်ဆောင်လာတဲ့လှေတစ်စင်းအား ကြားဖြတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ထိုလှေပေါ်တွင် ရိုဟင်ဂျာရွှေ့ပြောင်းအလုပ်သမား(၂၁၆)ဦးနဲ့ တရားမဝင် ဝင်ရောက်လာသူအမျိုးသမီးရဲ့ အလောင်းကိုတွေ့ရှိခဲ့ပြီး လှေကိုစစ်ဆေးခဲ့ပါတယ်။ ထပ်မံစစ်ဆေးချက်များအရ ၎င်းလှေဟာစက်ချို့ယွင်းနေတဲ့အတွက် ပြန်လည်မောင်းထုတ်ရန် မသင့်တော်ကြောင်း တွေ့ရှိခဲ့ရပြီး လှေကိုဖမ်းဆီးမစစ်ဆေးမီ ရွှေ့ပြောင်းအလုပ်သမား(၅၃)ဦးဟာ ဖမ်းဆီးခံရခြင်းမှ ထွက်ပြေးလွတ်မြောက်ရန် ပင်လယ်ထဲသို့ ခုန်ချခဲ့သော်လည်း မလေးရှားကမ်းခြေအစောင့်များက ကမ်းခြေသို့ရောက်တဲ့အခါ ဖမ်းဆီးမိခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.