Press "Enter" to skip to content

ရခိုင်ပြည်နယ်မောင်တောမြို့တွင် UNHCRမှလှူဒါန်းပစ္စည်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ အတင်းအဓမ္မလုယူမှုဖြစ်ပွား

ဇွန်လ(၂)ရက်နေ့ နံနက်၉နာရီအချိန်တွင် (၃)မိုင်အခြေစိုက် UNHCRအဖွဲ့မှ ရခိုင်ပြည်နယ်မောင်တောမြို့မြောက်ပိုင်း ကျောက်လှေကားကျေးရွာသို့ သွားရောက်ကာ ရွာရှိ မိသားစုတစ်စုချင်းစီအလိုက် ဖျာ(၃)ချပ်၊အမိုးအကာ၂ခု၊ခြင်ထောင်(၃)လုံး ၊ရေးခရာ၂ခု၊ အထည်(၅)ထည်၊ ကြိုးတစ်ချပ်တို့ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ပေးအပ်ရာတွင် ၎င်းကျေးရွာနေ ဦးတူဖိုင်လ်အာမက်(၇၈နှစ်)နဲ့ ၎င်းရဲ့သားအေနာယာသ်အူလ္လာ(၃၅နှစ်)တို့နှစ်ဦးဟာ ပစ္စည်းများကို သီးခြားစီပေးအပ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ထိုနေ့ညနေ၅ခွဲအချိန်မှာတော့ ၎င်းကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဆိုသူ တော်စ်မိန့်ဂျူဟာရ်မှ တူဖိုင်လ်အာမတ်ရဲ့နေအိမ်သို့ သွားရောက်ကာ တူဖိုင်လ်အာမတ်ရဲ့သား ရရှိထားသော လှူတန်းပစ္စည်းများကို ပြန်လည်တောင်းခံခဲ့ရာ မပေးသည့်အခါမှာတော့ ၎င်းနဲ့၎င်းရဲ့ဇနီးတို့အား ရိုက်နှက်စော်ကားကာ ထိုပစ္စည်းများကို အတင်းအဓမ္မယူဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အုပ်ချုပ်ရေးမှူးတော်စ်မိန့်ဂျူဟာရ်ဟာ အရင်ကလည်းICRC အဖွဲ့မှထောက်ပံ့သောပစ္စည်းများကို မတရားခေါင်းပုံဖြတ်ပြီး ၎င်းအကျိုးအတွက် အသုံးချလျက်ရှိတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အုပ်ချုပ်ရေးမှူးဖြစ်တယ်လို့ ရွာသားများက ပြောဆိုနေကြောင်းသိရပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.