Press "Enter" to skip to content

ဘူးသီးတောင်ရိုဟင်ဂျာအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာပါဝင်တဲ့ စစ်သားထွက်ပြေး

၂၀၂၀ခုနစ် မေလ၂၈ရက်နေ့တွင် ဗမာစစ်တပ်မှ ထွက်ပြေးလာတဲ့ စစ်သား၄ဦးကို တွေ့ဆုံမေးမြန်းခဲ့ရာ အဆိုပါစစ်သား၄ဦးအနက် တစ်ဦးမှာ၂၀၁၇ခုနစ်တွင် ဗမာစစ်တပ်မှ မွတ်စလင်မ်ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် လူမျိုးတုန်းသတ်ဖြတ်မှုမှာ ပါဝင်ခဲ့ကြောင်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

၎င်းစစ်သားများမှာ ဘူးသီးတောင်မြို့နယ် ခြေမြန်တပ်ရင်းများတွင် တာဝန်ထမိးဆောင်ခဲ့တာဖြစ်ပြီး ဗမာစစ်တပ်မှ ခွဲခြားဆက်ဆံ နိုင်ထက်စီးနင်းလုပ်တာကိုမခံနိုင်လို့ ထွက်ပြေးလာခဲ့ကြတာပဲဖြစ်ပါတယ်။ တစ်ဦးချင်းရဲ့အတွေ့ကြုံများနဲ့ သဘောထားများကိုမေးမြန်းခဲ့ရာမှာတော့ ဘူးသီးတောင်မြို့နယ် စခ-၁၅လက်အောက်ခံ ခဖ-၅၆၅ခြေမြန်တပ်ရင်းမှ တပ်သားမျိုးမင်းထွနိး ကိုယ်ပိုင်အမှတ်(တ-၅၂၂၃၁၁)က ၎င်းဟာ ဒုတပ်မမှူးဗိုလ်မှူးကြီးသန်းထိုက်အမိန့်အရ ၂၀၁၇ခုနစ် လူမျိုးတုန်းသတ်ဖြတ်မှု စစ်ဆင်ရေးတွင် ရိုဟင်ဂျာမွတ်စလင်မ်လူမျိုး ယောက်ကျား၊မိန်းမနဲ့ ကလေးသူငယ် စုစုပေါင်း၃၀ကို ပစ်သတ်ပြီး ကျင်းထဲမြှုပ်နှံခဲ့တဲ့ အစီစဉ်မှာ ပါဝင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါစစ်သားဟာ ကချင်ပြည်နယ်မိုးညှင်းမြို့ဘူတာမှာ ရထားစောင့်ရင်း အိပ်ပျော်နေစဉ် အတင်းအဓမ္မဖမ်းဆီးခံခဲ့ရပြီး စစ်ထဲပို့ဆောင်ခံခဲ့ရတာဖြစ်ပြီး စစ်တပ်ထဲရောက်တဲ့အခါမှာလည်း လူမျိုးခြင်းခွဲခြားခြင်း၊ခွင့်တင်တာ ခွင့်မပေးခြင်း၊ဘတ်လိုက်ဆုံးဖြတ်ခြင်းများ ကြုံတွေ့ခဲ့ရတဲ့အတွက် ထွက်ပြေးလာခဲ့တာပဲ ဖြစ်တယ်လို့ သိရပါတယ်။

တပ်သားကျော်မျိုးအောင် ကိုယ်ပိုင်အမှတ်(တ-၅၃၈၁၉၄)ကိုလည်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တပ်ကြပ်ကြီးအောင်ချမ်းက ပိုက်ဆံ၂သိန်းပေးမယ်၊ ညီမလေးကိုကျောင်းထားပေးမယ်လို့ ဖျားယောင်းပြီး စစ်ထဲဝင်ခိုင်းခဲ့တာဖြစ်ပြီး စစ်တပ်ထဲတွင် အထက်အရာရှိ အရက်မူးပြီးပါးရိုက် နိုင်ထက်စီးနင်းပြုလုပ်တာခံရတဲ့အတွက် ထွက်ပြေးလာခဲ့တာဖြစ်ပါတယ်။ ၎င်းရဲ့ပြောကြားချက်အရ တပ်ရင်းဗိုလ်ကြီးများဟာ မူးယစ်ဆေးဝါးကို ပေါ်ပေါ်တင်တင်သုံးစွဲနေကြတယ်လို့ သိရှိရပါတယ်။

ဘူးသီးတောင်မြို့နယ် ကမရ-၅၅၁ ခြေမြန်တပ်ရင်းမှ ထွန်းနိုင်ဝင်း ကိုယ်ပိုင်အမှတ်(တ-၅၃၇၄၈၀)ကိုလည်း အမြှောက်တပ်ရင်း၆၀၅ဖောင်ကြီးမှ တပ်ကြပ်ကြီ်းမြသောင်းက ဆီးချိုနဲ့နှလုံးရောဂါခံစားနေရတဲ့ အဖေနဲ့အမေကို ဆေးကုသပေးမယ်လို့ လိမ်လည်ပြောဆိုကာ စစ်ထဲတွင်တာဝန်ထမိးဆောင်စေခဲ့ပြီး အဖေအမေနေမကောင်းတဲ့အခါ အိမ်ပြန်ချင်လို့ ခွင့်တောင်းတဲ့အခါမှာတော့ ခွင့်မပေးခြင်းများ၊ လူမျိုးရေးနှိပ်ကွပ်မှုများ ပြုလုပ်တဲ့အတွက် ထွက်ပြေးလာတာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

စစ်သားပါကောနီ ကိုယ်ပိုင်အမှတ်(တ-၅၃၂၅၁၆)မှာ လားဟူလူမျိုးဖြစ်ပြီး ရှမ်းပြည်နယ်တာချီလိတ် ၅၀၆တပ်ရင်းဗိုလ်ကြီးနေလင်းထွန်းမှ ဆန်ဆီပဲ၎င်းမိဘအားပေးပြီး ရွာအနီးအနားတွင် အခြေချပေးမယ်လို့ သိမ်းသွင်းခဲ့တဲ့အတွက် စစ်တပ်ထဲသို့   ဝင်ရောက်လာခဲ့တာဖြစ်ပြီး စစ်တပ်ထဲမှာတော့ ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့အတွက် ခွဲခြားဆက်ဆံခံရတဲ့အတွက် ထွက်ပြေးလာခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်

အဆိုပါ စစ်တပ်မှ ထွက်ပြေးလာသူ၄ဦးမှလည်း ဗမာစစ်တပ်ဟာ လက်နက်အားကိုးတဲ့ နယ်ချဲ့တပ်မတော်နဲ့တူကြောင်း ရဲဖော်ရဲဖက်တွေကို သစ္စာမရှိ ၊ရဲမေတွေကို ကြာကူလီလုပ်ကာ အရှေ့တောင်အာရှတွင် အကြမ်းဖက်ဆုံးတပ်မတော်ဖြစ်ကြောင်း၊ အထက်ဖားအောက်ဖိ လူမျိုးရေးခွဲခြားဆက်ဆံတတ်ပြီး လက်နက်အားကိုးကာ ပြည်သူတွေကိုအနိုင်ကျင့်တဲ့ တပ်မတော်လို့မြင်ကြောင်း ၎င်းတို့ရဲ့သဘောထားနဲ့အမြင်ကို ပြောပြခဲ့တယ်လို့ သိရှိရပါတယ်။

မဗာစစ်တပ်ဟာ ၂၀၁၇ခုနစ်တွင် ရိုဟင်ဂျာမွတ်စလင်မ်လူမျိုးများအား အစုလိုက်အပြုံလိုက် လူမျိုးတုန်းသတ်ဖြတ်မှုများပြုလုပ်ခဲ့တာဖြစ်ပြီး စစ်တပ်ထဲတွင်လည်း အထက်အရာရှိများက မူးယစ်ဆေးဝါးများကို ပေါ်တင်သုံးစွဲကာ ကြီးနိုင်ငယ်ညှင်း၊ နိုင်ထက်စီးနင်းများ လုပ်လျှက်ရှိနေတာပဲ ဖြစ်ကြောင်းသိရှိရပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.