Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် COVID-19ကူးစက်မှု ထိန်းချုပ်ရန်ခက်နေ

ဒုက္ခသည်ရိုဟင်ဂျာတစ်သန်းကျော် နေထိုင်လျှက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားတွင် COVID-19 ရောဂါပိုးကူးစက်သူ ၂ဦးမှ ၂၉ဦးထိ တွေ့ရှိခဲ့ပြီးနောက် ထိုစခန်းများတွင် ရောဂါပိုး အလွယ်တကူ ပြန့်ပွားကူးစက်နိုင်ဖွယ်ရှိတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းများမှ စိုးရိမ်နေကြောင်း RFAမှ သတင်းရရှိပါတယ်။

ထိုရောဂါကူးစက်သူများကို သီးသန့်ထားကုသပေးနေပြီး ၎င်းတို့မိသားစုအပါအဝင် သံသယရှိဒုက္ခသည်၁၅၀၀၀ခန့်ကိုလည်း သီးခြားစောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးအရာရှိများက ပြောကြားခဲ့ကြောင်း သိရပါတယ်။

ရောဂါကူးစက်မှုထိနိးချုပ်ရန်နှင့် ကာကွယ်ရန် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေမဲ့ လူဦးရေများပြားတဲ့အတွက် ထိရောက်မှုမရှိဘဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမဲ့အန္တရာယ် ကြီးလွနိးတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းများရဲ့ အကူအညီများလည်း အမြန်ဆုံးလိုအပ်လျှက်ရှိတယ်လို့ RFAမှ သတင်းရရှိပါတယ်။

မြန်မာ့လူ့အခွင့်အရေးကွန်ရက်BHRN (UK)မှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းမှလည်း ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒုက္ခသည်စခန်းများတွင် အင်တာနက်ပိတ်ပင်တားဆီးမှုကို အမြနိဆုံး ရုတ်သိမ်းပေးဖို့ ဝေဖန်ထားကြောင်း သိရပါတယ်။

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများမှာတောင် ရောဂါပိုးထိန်းချုပ်တားဆီးကာကွယ်မှုများ ပြုလုပ်ရန် အကန့်အသတ်နဲ့သာရှိပြီး အခုလို လိုအပ်ချက်ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကိုရိုနာရောဂါထိန်းချုပ်ကာကွယ်တားဆီးပေးဖို့ရာ အခက်အခဲများစွာရှိနေကာ စိုးရိမ်ဖွယ်ဖြစ်နေပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.